Analog Forestry အတွက် ဒီဇိုင်းရေးဆွဲခြင်း
Analog Forestry တည်ထောင်ရာမှာ Physiognomic ပုံသေနည်းလို့ခေါ်တဲ့ သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်းကို ထိထိရောက်ရောက် အသုံးချဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့်တော့ Analog Forestry စတင်မတည်ထောင်ခင် အခြေအနေတွေကို သိရှိအောင်လုပ်ဆောင်တဲ့ အဆင့် (Baseline) မှာ အသုံးပြုတယ်။ သဘာဝတောအုပ်နဲ့ Analog Forestry ဆောင်ရွက်မယ့် နေရာကြားမှာ အပင်တွေပေါက်ရောက်ရှင်သန်ပုံ ဘယ်လောက်ကွာခြားသလဲဆို တာကို လေ့လာတဲ့လုပ်ငန်း (Gap Analysis) မှာ Physiognomic ပုံသေနည်းကို မဖြစ်မနေ သုံးစွဲရမှာပါ။
လက်တွေ့ကွင်းဆင်းလေ့လာခြင်း
Analog Forestry ကို အကောင်အထည်ဖော်မယ့်သူဟာ မိမိရဲ့ဒေသမှာ သဘာဝအတိုင်း ရှင်သန်ပေါက်ရောက်နေတဲ့ သဘာဝသစ်တောအုပ်ကြီး (mature forest) တွေရဲ့ ဒီဇိုင်းကို Physiognomic ပုံသေနည်းနဲ့ တွက်ချက်ယူရပါမယ်။ သဘာဝတောအုပ်ကို F1 အဖြစ် သတ်မှတ်ထားလို့ရပါတယ်။
အဲဒီနောက် မိမိအနေနဲ့ Analog Forestry တည်ထောင်မယ့် နေရာ (စိုက်ခင်း၊ မြေလွတ်မြေရိုင်း စသည်) မှာရှိနေတဲ့ အခြေအနေကိုလည်း ရှေ့ကနည်းလမ်းအတိုင်း ထပ်မံတွက်ချက်ယူရမှာ ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့ F2 လို့ နာမည်ပေးထားနိုင်ပါတယ်။
Physiognomic ပုံသေနည်း ကို တွက်ထုတ်ယူနိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ F1၊ F2 တို့ကို လက်တွေ့ကွင်းဆင်းလေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာရာမှာ လေ့လာရမယ့်နေရာဟာ သိပ်ကိုကျယ်ပြန့်လွန်းနေခဲ့မယ်ဆိုရင် နေရာအားလုံးကို အသေးစိတ် လိုက်ကြည့်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ ကြောင့် နမူနာနေရာကို မှန်မှန်ကန်ကန် ရွေးချယ်သတ်မှတ်ပြီး လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။
လေ့လာရမယ့် နေရာကို သွားရောက်ပြီး မိမိရောက်ရှိတဲ့နေရာကို ဗဟိုပြုပြီး ၃၆၀ ဒီဂရီ ပတ်ချာလည်က မျက်လုံးနဲ့ မြင်ရနိုင်တဲ့ အကွာအဝေးအထိကို စိတ်မှန်းနဲ့ စက်ဝိုင်းပုံအတာအထိကို လေ့လာသုံးသပ်မှုတွေ ဆောင်ရွက်မယ့် နမူနာနေရာအဖြစ် သတ်မှတ်ရပါမယ်။
အဲဒီနည်းလမ်းကို မသုံးချင်ဘူးဆိုရင်လည်း ဒုတိယနည်းလမ်း ရှိပါသေးတယ်။ လေ့လာမယ့်နေရာကြီး တစ်ခုလုံးမှာ အကျယ်အဝန်း ၁ ဟက်တာတိုင်းအတွက် အနည်းဆုံး ၂၀ မီတာ ပတ်လည် (၂၀ မီတာ x ၂၀ မီတာ) အကျယ်အဝန်းရှိမယ့် နေရာ ၄ နေရာဆီ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အခုအခါမှာ ဒရုန်း (drone) တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ကြပြီမို့ လူကိုယ်တိုင်ကွင်းဆင်း လေ့လာဖို့ခက်ခဲလွန်းတဲ့ သစ်တောအုပ်တွေကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ပြီး လေ့လာတာမျိုး လုပ်ဆောင်လာ ကြပြီ ဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ကတော့ အပင်တွေဟာ အမြင့် (Height) အုပ်စု ဘယ်နှစ်စုနဲ့ ရှိနေတာလဲဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သစ်တောအုပ်ကြီးကို အပင်အလွှာ (Strata) ဘယ်နှစ်လွှာနဲ့ ဖွဲ့ စည်းထားသလဲဆိုတာကို အရင်လေ့လာရမှာ ဖြစ်ပါတယ်။ (အပင်အမြင့်အလိုက် သတ်မှတ်ထားတဲ့ နံပါတ်တွေ နဲ့ မှတ်သားရမှာပါ။)
တတိယအဆင့်အနေနဲ့ကတော့ အပင်အလွှာ (Strata) တစ်ခုချင်းစီမှာ ဘယ်လိုအပင်အမျိုးအစားအုပ်စု (Growth category) တွေ ရှင်သန်ပေါက်ရောက်နေသလဲဆိုတာကို လေ့လာရပါမယ်။ (အပင်အမျိုး အစားအုပ်စုအလိုက် သတ်မှတ်ထားတဲ့ အင်္ဂလိပ်အက္ခရာအကြီး (Capital letter) တွေကို သုံးပြီး မှတ်သားရမှာပါ။)
တပြိုင်နက်တည်းမှာ အပင်အမျိုးအစားတစ်ခုချင်းစီက ဘယ်လောက်ပေါများစွာ ပေါက်ရောက်နေကြသလဲ (coverage/ abundance) ကိုပါ ထည့်သွင်းလေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။ (တွေ့ရှိရတဲ့ အပင်တွေရဲ့ ပေါများမှု၊ ရှားပါးမှုပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အင်္ဂလိပ်အက္ခရာအသေး (Small letter) တွေနဲ့ မှတ်သားရမှာပါ။)
အဒီလို မှတ်သားပြီး ရရှိလာတဲ့ အချက်အလက်တွေကို Physiognomic ပုံသေနည်းထဲမှာ ထည့်သွင်းပြီး တွက်ချက်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် နေရာနှစ်နေရာရဲ့ ကွာခြားချက်ကို GAP Analysis ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သဘာဝတောအုပ်နှင့် စီမံကိန်းနေရာ ကွာဟချက်သုံးသပ်ခြင်း (Gap Analysis)
ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာတော့ လေ့လာခဲ့တဲ့ နေရာနှစ်နေရာဖြစ်တဲ့ F1 နဲ့ F2 တွေရဲ့ အခြေအနေကို Physiognomic ပုံသေနည်းတွေနဲ့ ဖော်ပြရမှာဖြစ်ပါတယ်။ ဥပမာ
F1 ရဲ့ Physiognomic ပုံသေနည်း (ဥပမာ) >> [F1] :V7c, V5p; P4r; R2c; X3-6p; C1-6c; H3p
F1 ရဲ့ Physiognomic ပုံသေနည်း (ဥပမာ) >> [F2] :V5p; C1-3c; G3a
ရရှိလာတဲ့ ရလဒ်နှစ်ခုကို နှိုင်းယှဉ်လိုက်ရင် သဘာဝသစ်တောအုပ် နဲ့ Analog Forestry အကောင်အထည်ဖော်ဆောင်ရွက်မယ့် နေရာတို့ရဲ့ ဒီဇိုင်းတွေကြားမှာ ဘာတွေကွာခြားနေသလဲ ဆိုတာကို တွက်ချက်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကိုတော့ ကွာဟချက်ကို သုံးသပ်ခြင်း (Gap Analysis) လို့ ခေါ်ပါတယ်။
ဥပမာအဖြစ်နဲ့ ဖော်ပြထားတဲ့ F1 နဲ့ F2 ရဲ့ ကြားမှာ ကွာဟချက် ဘယ်လိုရှိနေသလဲဆိုတာကို သုံးသပ်တဲ့ Gap Analysis ပြုလုပ်တဲ့အခါ (F1 – F2) ဆိုတဲ့ ဖော်မြူလာကို အသုံးပြုရမှာပါ။ F1 နဲ့ F2 ဖော်မြူလာနှစ်ကြောင်းကို ချရေးပြီး F1 ထဲမှာ ပါပြီး F2 ထဲမှာ မပါလာတဲ့ အပင်အမျိုးအစားတွေကို ရွေးထုတ်ယူရမှာ ဖြစ်ပါ တယ်။
[F1] : V7c, V5p; P4r; R2c; X3-6p; C1-6c; H3p
[F2] : V5p; C1-3c; G3a
[F1-F2] : V7c; P4r; R2c; X3-6p; C1-6c; H3p
F1-F2 ဟာ Analog Forestry ဆောင်ရွက်မယ့် နေရာမှာ ထပ်ဖြည့်စိုက်ပျိုးဖို့ လိုအပ်တဲ့ အပင်အမျိုးအစားတွေရဲ့ Physiognomic ပုံသေနည်း ဖြစ်ပါတယ်။ F1 – F2 က ရရှိလာတဲ့ အပင်အမျိုးအစားအုပ်စုတွေကို Analog Forestry စီမံကိန်းမှာ ထည့်သွင်းစိုက်ပျိုးနိုင်ဖို့ဒီဇိုင်း (Design) ရေးဆွဲရမှာဖြစ်ပါတယ်။ အဲဒီအပင်အမျိုးအစားအုပ်စုတွေကို စုံလင်အောင် ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် မိမိတို့ ပျိုးထောင်ယူတဲ့ Analog Forestry ဟာ နာမည်နဲ့ လိုက်အောင် သဘာဝတောအုပ်ကို တုပနိုင်မှာပါ။
ဒါကြောင့် Analog Forestry မစတင်မီမှာ Gap Analysis မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ Physiognomic ပုံသေနည်း ကို မရှိမဖြစ် လိုအပ်ပါတယ်။ မသုံးမဖြစ် အသုံးချရပါမယ်
အခြားအသုံးချနိုင်မည့် နေရာများ
Physiognomic ပုံသေနည်းကို ဒီဇိုင်းရေးဆွဲဖို့ အသုံးပြုရုံ မကဘဲ နောက်ပိုင်းလုပ်ငန်းတွေမှာလည်း ထပ်မံအသုံးပြုရဦးမှာပါ။ ဥပမာ Analog Forestry ကို လက်တွေ့ အကောင်အထည်ဖော်ပြီးတဲ့အခါ မိမိတို့ရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်လောက် မှန်ကန်မှု ရှိ၊ မရှိ ကာလအလိုက် ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို လိုအပ်တာတွေကိုလည်း ထပ်မံဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒီအခါမှာ Physiognomic ပုံသေနည်း အသုံးပြုပြီး၊ Analog Forestry စတင်ကာစက စီမံကိန်းနေရာ F2 ရဲ့ အခြေအနေနဲ့ တစ်နှစ်ကြာပြီးအခြေအနေ နှစ်နှစ်ကြာပြီး အခြေအနေတွေကို F3, F4 စသည်ဖြင့် သတ်မှတ်ပြီး နှိုင်းယှဉ်လေ့လာမှုတွေ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Analog Forestry စီမံကိန်းရဲ့ တိုးတက်မှုကို စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Evaluation) အတွက် Physiognomic ပုံသေနည်းကို ဆက်လက်အသုံးပြုရမှာ ဖြစ်ပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....