ပဲမြစ်ဖုတွေက ဘယ်လိုအကျိုးပြုသလဲနှင့် ပဲသီးလှည့်စိုက်ခြင်းရဲ့ ကောင်းကျိုးများ
အပင်အာဟာရ
အပင်အာဟာရဆိုတာနဲ့ တောင်သူများ ပထမဆုံးတန်းမြင်မိတာကတော့ N, P, K ပဲ ဖြစ်ကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ အပင်က အများဆုံးလိုအပ်တဲ့ အာဟာရတွေ ဖြစ်နေတာကိုး။
လယ်ယာသီးနှံစိုက်မယ်ဆို သီးနှံအထွက်ကို သက်ရောက်နေတဲ့ ပထမဆုံးအာဟာရကတော့ နိုက်ထရိုဂျင်ပါ။ နိုက်ထရိုဂျင်(N) ဟာဆိုရင် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖို့အတွက် အလွန်အရေးပါပါတယ်။ စိုက်သီးနှံပင်တော်တော်များများဟာ အာဟာရကို ရယူစားသောက်ပြီး ကြီးထွားပွင့်လန်းကြပေမဲ့ တချို့အပင်တွေကျတော့ သူတို့စားသုံးတာထက်တောင်ပိုပြီး အာဟာရပြန်ထုတ်လုပ်ပေးနေတာတွေလည်း ရှိပါတယ်။
သီးလှည့်စိုက်ခြင်းဆိုတာ...

သီးလှည့်စိုက်ခြင်းဆိုတာဟာ မြေဧကတစ်ခုတည်းပေါ်မှာ မတူညီတဲ့သီးနှံတွေကို ဆက်တိုက်တစ်လှည့်စီ စိုက်ခြင်းမျိုးပါ။ အဲ့ဒီလိုစိုက်ခြင်းဖြင့် စိုက်မြေရဲ့ ကျန်းမာရေးတိုးတက်လာစေခြင်း၊ မြေထဲရှိ အာဟာရဓာတ် ကောင်းမွန်စေခြင်း၊ ပိုးမွှားနှင့် ရောဂါများ ကျရောက်မှုကို ထိန်းချုပ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ (ဥပမာ- ပြောင်းနှင့်ပဲ၊ နှမ်းနှင့်ပဲ စသည်ဖြင့်)
ပဲပင်များနှင့် သီးလှည့်စိုက်ခြင်း
ကမ္ဘာတစ်ဝန်းမှာ ပဲမျိုးစိတ်ပေါင်း (၂၃၀၀၀) နီးပါးရှိပြီး အဲ့ဒီမျိုးစိတ်တွေထဲကမှ အနည်းငယ်ကိုသာ စီးပွားဖြစ်စိုက်ကြတာ တွေ့ရပါတယ်။ ပဲသီးနှံနဲ့သီးလှည့်စိုက်လိုက်ခြင်းဖြင့် အရင်သီးနှံက စားသုံးလိုက်လို့ ကုန်ခန်းသွားတဲ့ နိုက်ထရိုဂျင်အာဟာရဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရုံသာမက နောက်စိုက်သီးနှံအတွက်လည်း နိုက်ထရိုဂျင်အာဟာရ ထောက်ပံ့ပေးပါတယ်။ ပုံမှန် အာဟာရသုံးယူမှုနည်းတဲ့သီးနှံတွေမှာသာမက ပြောင်းလိုမျိုး အာဟာရဓာတ်စုပ်ယူမှုများတဲ့ သီးနှံတွေမှာပါ ပဲပင်နဲ့သီးလှည့်စိုက်ပေးမယ်ဆိုး အကျိုးရှိစေနိုင်ပါတယ်။
ရိုင်ဇိုဘီးယားဘက်တီးရီးယား (Rhizobia bacteria)
Rhizobia bacteria ဟာ စိုက်ပျိုးရေးကဏ္ဍမှာ အလွန်အရေးပါတဲ့ အဏုဇီဝသက်ရှိတစ်မျိုးဖြစ်ပါတယ်။ လက်ခံပင်မှာ မြစ်ဖုများဖြစ်စေတဲ့ ဘတ်တီးရီးယားမျိုးစုမှာ ပါဝင်ပါတယ်။ အဆိုပါ Rhizobia bacteria ဟာ ပုံမှန်ဆိုရင် စိုက်မြေထဲမှာ ရှိနေတတ်သလို သူတို့ပါဝင်တဲ့ ပဲမြစ်ဖုဇီဝမြေဩဇာတွေကိုလည်း အပြင်စျေးကွက်ထဲမှာ တေွ့နိုင်ပါတယ်။ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေဩဇာနဲ့လူးနယ်စိုက်ခြင်းဖြင့် နိုက်ထရိုဂျင်ဖမ်းယူမှု ပိုကောင်းစေပါတယ်။ ရေစိုစွတ်ရုံ ဖျန်းပေးပြီး နှံ့စပ်အောင်နယ်ကာ ချက်ချင်းစိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီဘတ်တီးယားတွေဟာ လေထုထဲရှိနိုက်ထရိုဂျင်ကို လက်ခံပင်မှာ နေထိုင်ပြီး ဖမ်းယူတာပါ။
ဒီလိုမျိုးဖြစ်စဉ်ကို ပဲတောင့်ပင်များ၊ ပဲလုံးပင်များ၊ ပဲပုပ်ပင်၊ ကလိုဗာ(Clover) နဲ့ အယ်ဖာဖာ (alfalfa) အစရှိတဲ့ ပဲမျိုးရင်းဝင်အပင်တွေမှာ တွေ့ရှိနိုင်ပါတယ်။
ပဲပင်နှင့် Rhizobia bacteria တို့ အပြန်အလှန်အကျိုးပြု၍ အာဟာရထောက်ပံ့ပုံ
ပဲပင်နဲ့ Rhizobia bacteria တို့ဟာ အပြန်အလှန်အကျိုးပြုသောဆက်သွယ်ချက်ရှိပြီး အပင်အာဟာရအတွက် အရေးပါပါတယ်။ ပဲစေ့များ အညှောက်ပေါက်ပြီး သိပ်မကြာခင်မှာပဲ စိုက်မြေထဲက Rhizobia bacteria ဟာ ပဲပင်မြစ်မွှားတွေကတဆင့် ပင်မအမြစ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပါတယ်။
အမြစ်ထဲရောက်ပြီဆိုရင် ဘက်တီးရီးယားတွေဟာ လျင်မြန်စွာပွားများပြီး ပဲပင်တစ်လသားခန့်ရောက်ပြီဆိုရင်တော့ မြစ်ဖုများဖြစ်စေကာ ကောင်းစွာဖမ်းယူနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီလိုနေထိုင်ပြီး မြစ်ဖုပတ်ပတ်လည်လည်ရှိ မြေလွှာအပေါက်လေးတွေကတဆင့် လေထုထဲရှိ နိုက်ထရိုဂျင်ဓာတ်ငွေ့ (N2 )ကို ဖမ်းယူပေးပြီး ဒီလိုဖမ်းယူလိုက်တဲ့နိုက်ထရိုဂျင်တွေဟာ အပင်မြစ်ဖုနဲ့ အပင်အကြွင်း အကျန်တွေမှာ အော်ဂဲနစ်ပုံစံအနေနဲ့ရှိနေတာဖြစ်ပါတယ်။ ဒီလိုအော်ဂဲနစ်ပုံစံကို အပင်က အသုံးပြုနိုင်/စားသောက်နိုင်ဖို့ဆိုရင်တော့ အမိုးနီးယား (NH3) ပုံစံသို့ ပြောင်းလဲသွားဖို့လိုပါတယ်။ မြေကြီးဟာ အေးတဲ့အခြေအနေဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီပုံစံကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။
မြစ်ဖုထဲရှိ အင်ဇိုင်း Nitrogenase ဟာ N2 ပုံစံကနေ NH3 အဖြစ်သို့ ပြောင်းဖို့ဆိုရင် စွမ်းအင်များစွာ ကုန်ခန်းပါတယ်။ ဒီလိုလိုအပ်တဲ့စွမ်းအင်အတွက် ပဲပင်ဟာ အစာချက်လုပ်ခြင်းမှ ရရှိလာတဲ့ ကာဗွန်ဟိုက်ဒရိတ်ကို မြစ်ဖုဆီ ပို့ဆောင်ခြင်းဖြင့် ထောက်ပံ့ပေးပါတယ်။
မြေပဲ၊ ကလိုဗာ (clover) ၊ အယ်လ်ဖာဖာ (alfalfa) တို့ဟာ နောက်သီးနှံအတွက် သိသိသာသာ နိုက်ထရိုဂျင်ထောက်ပံ့ပေးတဲ့အပြင် မြေဖုံးသီးနှံအနေနဲ့စိုက်မယ်ဆိုရင်လည်း မြေရေတိုက်စားမှုကို လျှော့ချပေးနိုင်လို့ အကျိုးနှစ်ဆ ရရှိစေပါတယ်။ ပဲပုပ်ပင်ကိုလည်း သီးလှည့်စိုက်ခြင်းမှာ အသုံးများပြီး ပြောင်း၊ နေကြာစတဲ့ သီးနှံတို့နဲ့ သီးလှည့်စိုက်နိုင်ပါတယ်။ လက်ခံပင်အမျိုးအစားအလိုက် Rhizobia မျိုးစိတ် အမျိုးအစားတော့ ကွဲပြားပါတယ်။

နိုက်ထရိုဂျင်ဓာတ်ငွေ့ပမာဏဟာ လေထုထဲမှာ(၇၈) ရာခိုင်နှုန်းရှိပြီး ပဲတစ်ရာသီစိုက်ခြင်းဖြင့် မြေထဲသို့ နိုက်ထရိုဂျင်ဓာတ် (၁၀-၂၀) ရာခိုင်နှုန်းထိ ထောက်ပံ့ပေးနိုင်ပါတယ်။ နိုက်ထရိုဂျင်ဟာ အထွက်နှုန်းနဲ့လည်း တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ ကောင်းမွန်တဲ့ ပဲစေ့များဖြစ်လာစေဖို့ လိုအပ်တဲ့ နိုက်ထရိုဂျင် ပမာဏ(၅၀-၈၀) ရာခိုင်နှုန်းကို လေထုထဲကနေ ဖမ်းယူခြင်းမှ ရရှိကြပါတယ်။ ပဲပင်များသေသွားပြီးတဲ့အခါမှာတော့ မြစ်ဖုများပြိုကွဲသွားပြီး ဘတ်တီးရီးယားတွေဟာ စိုက်မြေထဲသို့ ပြန်လည်နေထိုင်ပါတယ်။ နောက်ပိုင်းပြန်စိုက်တဲ့အခါမှာတော့ တစ်ဖန်ပြန်လည်ပြီး ပဲပင်များထဲ ဝင်ရောက်နေထိုင်ပြီး နိုက်ထရိုဂျင်ဖမ်းယူခြင်း ပြန်လည်လုပ်ဆောင်ပါတယ်။
သတိပြုရန်အချက်များ
နိုက်ထရိုဂျင်ဖမ်းယူနိုင်မှုဟာ ပဲပင်အမျိုးအစား၊ ဘတ်တီးရီးယားရဲ့ လှုပ်ရှားမှု၊ မြေအမျိုးအစားနဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပမာဏကွဲပြားနိုင်ပါတယ်။ စိုက်မြေထဲမှာ နိုက်ထရိုဂျင်ပမာဏများနေမယ်ဆိုရင်တော့ လေထုထဲရှိ နိုက်ထရိုဂျင် ဖမ်းယူမှုကို အားနည်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖမ်းယူမှု မစတင်ခင်မှာပဲ ပဲပင်ဟာ မြေထဲမှ နိုက်ထရိုဂျင်ပမာဏကို လိုသလောက်ပေါပေါများများ ရရှိနေတာကြောင့်ပါ။ အပင်အစောပိုင်းကာလ မြေထဲမှာ နိုက်ထရိုဂျင်ပမာဏနည်းလွန်းနေခြင်းဟာလည်း အပင်ဖြစ်ထွန်းမှုကို အားနည်းစေပြီး ဖမ်းယူနိုင်စွမ်း ကျဆင်းလာစေတတ်ပြန်ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ပမာဏအနည်းငယ်ကိုတော့ ထည့်ဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ ပဲသီးနှံကို သီးလှည့်စိုက်ခြင်းမှာ အသုံးပြုခြင်းဖြင့် ပဲသီးနှံစိုက်ရာသီမှာ နိုက်ထရိုဂျင်ပမာဏနည်းနည်းသာထည့်ဖို့လိုအပ်ပြီး နောက်စိုက်သီးနှံအတွက်လည်း မြေထဲမှာ နိုက်ထရိုဂျင်ဓာတ်ချန်ထားခြင်းဖြင့် ထောက်ပံ့ပေးလို့ နှစ်ဆအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့ ကျန်သေးပါတယ်ရှင့်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းဖြင့် ပိုးမွှား၊ ရောဂါများ ဘဝစက်ဝန်းအပြည့်အဝဖြစ်ပေါ်ပွားများလာခြင်းကိုလည်း ထိန်းချုပ်ပေးပြီးသား ဖြစ်သွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောင်းထုတ်လုပ်ရာမှာ ကျရောက်တတ်တဲ့ rootworms( ပြောင်းမြစ်ဖျက်ဆီးပိုး) ဟာ ပြောင်းအကြွင်းအကျန်တွေမှာ ဥအုပြီးမှ ဘဝစက်ဝန်းပြီးမြောက်ပြီး ဖျက်ဆီးခြင်းမျိုးကို လုပ်ဆောင်နိုင်မှာ ဖြစ်လို့ ပဲနှင့် သီးလှည့်စိုက်လိုက်မယ်ဆိုရင် ဘဝစက်ဝန်းကို အပြည့်အဝမဖြစ်ပေါ်အောင် ထိန်းချုပ်နိုင်ပြီးသား ဖြစ်သွားစေမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ဆိုရရင်တော့ အခုလို ဓာတ်မြေသြဇာ စျေးကြီးနေချိန်မျိုးမှာ ပဲပင်နဲ့သီးလှည့်စိုက်ခြင်းဖြင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ဝယ်ယူရမဲ့ ကုန်ကျစရိတ်ကို လျော့ချနိုင်မဲ့ အကျိုးကိုလည်း ရနိုင်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေရှင့်။
Ref; https://bookstore.ksre.ksu.edu/pubs/l778.pdf
https://bit.ly/3GKguXi
https://en.wikipedia.org/wiki/Rhizobia
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပဲမြစ်ဖု ဇီဝမြေဩဇာ
Anonymous
3 years agoယခင်၈၀ပြည့်လွန်နှစ်များကစိုက်ပျိုးရေးဌာနကဖြန့်ဖြူးတဲ့ပဲမြစ်ဖုဇီဝမြေသြဇာသုံးပြီးမြေပဲစိုက်ဖူးပါတယ်ယခုဇီဝမြေသြဇာတွေမရနှုင်တော့ပါဘူးဝမ်းနည်းစရာပါ။
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Aye Aye
See all
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023