ဓာတ်မြေသြဇာစရိတ် သက်သာစေမည့် အိန္ဒိယနိုင်ငံကျော် "ဂျီဗာမရုသမ်" (Jeevamrutham) ပြုလုပ်အသုံးပြုနည်း
ယနေ့ခေတ်ကာလတွင် ဓာတ်မြေသြဇာဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် လျှော့ချနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေလာကြပါတယ်။ ထိုနည်းလမ်းများထဲတွင် အိန္ဒိယနိုင်ငံ၌ အလွန်အောင်မြင်နေပြီး မြန်မာ့ရေမြေနှင့် ကိုက်ညီမှုရှိသော "ဂျီဗာမရုသမ်" (Jeevamrutham) သဘာဝမြေသြဇာကို တောင်သူတွေ အကြိုက်တွေ့နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဂျီဗာမရုသမ်၏ အကျိုးအာနိသင်များ၊ ပြုလုပ်နည်းအဆင့်ဆင့်နှင့် မတ်ပဲအပါအဝင် သီးနှံများတွင် ထိရောက်စွာ အသုံးပြုနည်းများကို ဖော်ပြပေးလိုက်ပါသည်။
တစ်ဧကစာ ပြုလုပ်နည်း (ဆေးစပ်နည်း)
ပါဝင်ပစ္စည်းများကို ရေလုံသော ပလပ်စတစ် ပေပါပုံး (၂၀၀ လီတာဆံ့) ထဲတွင် အောက်ပါအချိုးအစားအတိုင်း ရောစပ်ရပါမည်။
1. ရေ = ၂၀၀ လီတာ (ပေပါတစ်လုံး)
2. နွားချေး = ၁၀ ပိဿာ (၁၀ ကီလိုခန့် - လတ်ဆတ်လျှင် ပိုကောင်းသည်)
3. နွားသေး = ၁၀ လီတာ (ရေသန့်ဘူးကြီး ၁၀ ဘူးခန့် - အဟောင်းက ပိုကောင်းသည်)
4. ထန်းလျက် (သို့) တင်လဲရည် = ၁ ပိဿာခွဲ (၂ ကီလိုခန့် - အဏုဇီဝပိုးစာ)
5. ပဲမှုန့် (ပဲမှုန့်ဈေးကြီးရင် ပဲဖတ်ထည့်နိုင်) = ၁ ပိဿာခွဲ (၂ ကီလိုခန့် - အသားဓာတ်အတွက်)
6. သဘာဝမြေဆွေး = လက်တစ်ဆုပ်စာ (မိမိစိုက်ခင်းမှ မြေဆီလွှာ/ မြေဆွေး)
ပြုလုပ်ပုံ - အထက်ပါပစ္စည်းများကို ရေနှင့် သမအောင်ရောမွှေပါ။ အရိပ်အောက်တွင် ထားရှိပြီး ဂုန်နီအိတ်ပါးပါးဖြင့် ဖုံးအုပ်ထားပါ။ တစ်နေ့လျှင် (၂) ကြိမ်ခန့် တုတ်ချောင်းဖြင့် မွှေပေးပါ။ (၄၈) နာရီ (၂ ရက်) ကြာလျှင် အချဉ်နံ့ထွက်လာပြီး သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ (အများဆုံး ၇ ရက်အတွင်း ကုန်အောင် သုံးသင့်ပါတယ်)။
ဂျီဗာမရုသမ် (Jeevamrutham) ဆိုတာ ဘာလဲ? ဘာကြောင့် ကောင်းတာလဲ?
ဂျီဗာမရုသမ်ဆိုတာ အပင်ကို တိုက်ရိုက်ကျွေးသော အစာသက်သက်မကဘဲ "မြေဆီလွှာ အဏုဇီဝပိုး မွေးမြူရေး" အတွက်လည်းဖြစ်ပါတယ်။ ၎င်းကို မြေကြီးထဲသို့ ထည့်လိုက်သောအခါ
- မြေဆီလွှာ အသက်ဝင်လာခြင်း - မြေကြီးထဲတွင် ရှိပြီးသား အာဟာရဓာတ်များကို အပင်က လွယ်ကူစွာ စုပ်ယူနိုင်စေရန် အကျိုးပြုပိုးများက ဖြိုခွဲပေးပါတယ်။
- မြေသားပွလာခြင်း - တီကောင်များကို ပြန်လည်ပေါက်ပွားစေပြီး မြေသားကို နူးညံ့ပွရွစေပါတယ်။
- အမြစ်ဖွံ့ဖြိုးခြင်း - မတ်ပဲ၊ ပဲတီစိမ်းကဲ့သို့သော ပဲမျိုးရင်းဝင်အပင်များတွင် အမြစ်ဖုများ ပိုမိုဖြစ်ထွန်းစေပြီး အပင်ကြီးထွားမှုကို အားပေးပါတယ်။

အသုံးပြုနည်း (မြေပေါ် နှင့် ရွက်ဖျန်း)
ဂျီဗာမရုသမ်ကို နည်းလမ်း (၂) မျိုးဖြင့် အသုံးပြုနိုင်သော်လည်း မြေဆီလွှာထဲသို့ တိုက်ရိုက်ထည့်ခြင်းက အထိရောက်ဆုံး ဖြစ်ပါသည်။
(က) မြေပေါ်လောင်း/သွင်းရေနဲ့ထည့် (Soil Application)
နှုန်းထား - တစ်ဧကလျှင် စပ်ထားသော ဆေးရည် ပေပါတစ်လုံး (လီတာ ၂၀၀) ကုန်အောင် သုံးရပါမယ်။
သုံးစွဲပုံ - ရေသွင်းစိုက်ပျိုးသော စိုက်ခင်းများတွင် ရေသွင်းမြောင်းခေါင်းမှ ဖွင့်ချပေးနိုင်တယ်။ မိုးကောင်းသောက်ဖြစ်ပါက မြေကြီးစိုနေချိန်တွင် အပင်ခြေရင်း၌ လောင်းထည့်ပေးနိုင်ပါတယ်။
အကျိုးကျေးဇူး - မြေကြီးအတွင်း အကျိုးပြုပိုးများ ပွားများလာပြီး အမြစ်ပုပ်ရောဂါများကို ကာကွယ်ပေးပါတယ်။
(ခ) ရွက်ဖျန်း (Foliar Spray)
သတိပြုရန် - ဆေးဖျန်းပုံး နော်ဇယ်ခေါင်း မပိတ်စေရန် ပိတ်စပါးပါးဖြင့် သေချာစွာ စစ်ပြီးမှ ထည့်ပါ။
နှုန်းထား (ဆေးဖျန်းပုံးအတွက်) - ရေ (၁၀) ဆလျှင် ဆေး (၁) ဆ ရောစပ်ရပါမည်။
၄ ဂါလံ ဆေးဖျန်းပုံး (၁၆ - ၂၀ လီတာ) တစ်ပုံးလျှင် = ဂျီဗာမရုသမ် ဆေးရည် (၁) လီတာခွဲ မှ (၂) လီတာ (ရေသန့်ဘူးကြီး တစ်ဘူးခွဲ/နှစ်ဘူးခန့်) ထည့်ပါ။ ကျန်သောပမာဏကို ရေအပြည့်ဖြည့်ပါ။
တစ်ဧကနှုန်းထား - တစ်ဧကလုံး နှံ့အောင်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံး (၁၀) ပုံးခန့် ကုန်ကျနိုင်ပြီး ဂျီဗာမရုသမ် ဆေးရည် (၁၅ မှ ၂၀) လီတာခန့် လိုအပ်မည်ဖြစ်တယ်။
အကြိမ်အရေအတွက်နှင့် အချိန်
အနည်းဆုံး (၂) ပတ် (၁၄ ရက်) တစ်ကြိမ် သို့မဟုတ် တစ်လ (၁) ကြိမ် သုံးစွဲနိုင်ပါတယ်။
ဓာတုဆေးမဟုတ်သည့်အတွက် မကြာခဏ သုံးလေ ကောင်းလေဖြစ်ပါတယ်။
မတ်ပဲ/ပဲခင်းများအတွက် အကြံပြုချက်
- အပင်ပေါက်စုံချိန် (ပထမအကြိမ်)
- ပန်းပွင့်ခါနီးအချိန် (ဒုတိယအကြိမ်)
- သီးကင်းဝင်ချိန် (တတိယအကြိမ်) - ဤအချိန်များတွင် သုံးပေးပါက အထွက်နှုန်း သိသိသာသာ ကောင်းမွန်စေပါသည်။
သတိပြုရန်အချက်များ
အစိမ်းစားရသော အရွက်များ (ဥပမာ-ဆလပ်၊ နံနံ) ပေါ်သို့ တိုက်ရိုက်မဖျန်းဘဲ အပင်ခြေရင်းကိုသာ လောင်းပေးပါ။ (နွားချေးပါဝင်တွင် Ecoli လို ဝမ်းပျက်စေသည့် ဘက်တီးရီးယားများ ပါနိုင်ခြေရှိတဲ့အတွက် အစိမ်းစားသီးရွက်များပေါ် တိုက်ရိုက်ဖျန်းခြင်းကို တက်နိုင်သမျှရှောင်ရှားပေးပါ) ဟင်းသီးဟင်းရွက်စိုက်ဘောင်များပြင်ချိန်မှာလည်း မြေကြီးထဲသို့ တစ်ခါတည်း ရောထည့်ပေးနိုင်ပါတယ်။
ဒီနည်းလမ်းက ငွေကုန်ကြေးကျ အလွန်သက်သာပြီး ရေရှည်တွင် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သဖြင့် စိုက်ပျိုးသူတောင်သူများ စမ်းသပ်လုပ်ဆောင်ကြည့်သင့်သော နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင့် အကြံပြုတိုက်တွန်းလိုပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နွားသေး အကြောင်း
Topic 2
နွားသေးတွင် ပါဝင်သော အာဟာရ
M Naung
3 months agoနွှားချေးအစားဝက်ချေးသုံးလို့ရမလား
ကိုနိုင်
4 months agoဂျင်းစိုက်ခင်းမှာကောဒီနှုန်းအတိုင်းအသုံးပြုလို့ရပါသလား
Thein Soe Min
6 months agoဗီဒီယိုမှာလည်း ပြုလုပ်နည်း ပါပါတယ်ဗျ
ဒေါ်နီလာခင်
6 months agoပါဝင်ဆွေးနွေးပါမည်
ဒေါ်နီလာခင်
6 months agoပြုလုပ်နည်းသိချင်ပါတယ်
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thein Soe Min
See all
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
အင်းလေး ကျွန်းမျောပေါ်မှာ စိုက်တဲ့အပင်တွေက ဘာလို့ စိမ့်မကိုင်တာလဲ?
25/05/2026
စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်
22/05/2026
သင့်ဆိုင်ရဲ့လုပ်ငန်းတွေကို ဒီထက်ပိုပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ ဘာတွေလိုအပ်နေလဲ?
07/05/2026
ငါးဝယ်ရင် အညာမမိစေဖို့ လတ်ဆတ်တဲ့ငါးကို စားဖိုမှူးတစ်ယောက်လို ဘယ်လိုရွေးမလဲ?
20/03/2026