Green Way
ငါးအမိုင်နို အားဆေး| လွယ်တယ် အစွမ်းထက်တယ် ကိုယ်တိုင်လုပ်လို့ရတယ်

ငါးအမိုင်နို အားဆေး| လွယ်တယ် အစွမ်းထက်တယ် ကိုယ်တိုင်လုပ်လို့ရတယ်

Thein Soe Min
Thein Soe Min 28/11/2025

ဒီနေ့ဗီဒီယိုမှာတော့ ဈေးကြီးတဲ့ ဓာတ်မြေဩဇာတွေ၊ ဟော်မုန်းဆေးတွေ ဝယ်စရာမလိုဘဲ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ "ငါးအမိုင်နိုအက်စစ်" (Fish Amino Acid) ပြုလုပ်နည်းကို လက်တွေ့ပြသပေးသွားမှာ ဖြစ်ပါတယ်။

ငါးအမိုင်နိုဟာ နိုက်ထရိုဂျင်ဓာတ် (N) ကြွယ်ဝတာကြောင့် အရွက်စားပင်တွေနဲ့ အပင်ငယ်တွေကို အရောင်စိမ်းပြီး လျင်မြန်စွာ ကြီးထွားစေပါတယ်။

 

🐟 ပါဝင်ပစ္စည်း အချိုးအစား:

ငါး (သို့) ငါးအညစ်အကြေး = ၁ ပိဿာ

ထန်းလျက် (သို့) သကာရည် = ၁ ပိဿာ (အချိုးအစား ၁ : ၁ ရောစပ်ပြီး တစ်လ အချဉ်ဖောက်ထားပါ)

🌱 သုံးစွဲနည်း:

ရေ (၅) ဂါလံလျှင် ငါးအမိုင်နို ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ရောစပ်ပက်ဖျန်းပါ။

နံနက်ခင်း စောစော သို့မဟုတ် ညနေခင်းတွင် ဖျန်းပေးပါ။

မိတ်ဆွေတောင်သူများအနေနဲ့ စိုက်ပျိုးရေး ပြဿနာများရှိရင် Comment မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ ဗီဒီယိုလေးကို ကြိုက်နှစ်သက်ရင် Like ပေးပြီး မိတ်ဆွေတွေဆီ Share ပေးဖို့ မမေ့နဲ့နော်။

Continue reading related topics, questions and articles.

Sawdohhtoo Sawsaw

Sawdohhtoo Sawsaw

1 month ago

ကြက်မောက်တို့ဒူးရင်းပင်တို့ကိုရော အပင်ရင်းမြေကြီးမှာကြွေးလို့ရလား အဲဒီငါးအမိုင်နိုအစ်စစ်အရည်က

ဟိန်းမင်းသူ

ဟိန်းမင်းသူ

4 months ago

အပင်အားလုံးသုံးလို့ရလားဗျ

U U Chit Ko Pyay

U U Chit Ko Pyay

6 months ago

ငါးအမိုင်နိုကရလာပီဆိုရင်ရက်ရှည်လရှည်သိုလှောင်လို့ရပါသလား

nay thu

nay thu

6 months ago

ငှက်ပြေားသားတက်ကို နံနက်စေားစေားတူးပီး နုတ်နုတ်စဉ်းပါ ထန်းလျက်တစ်ပိသာ အရည်ကြိုအအေးခံထားပါ ပီးလျင် စတူရေားပီး နှပ်ထားပါ ‌ယဉ်ကောင်မဝင်နိုင်အောင် ထားပါ တစ်လကြာလျှင် ငှက်ပြေားကျူလင်ရပါပီ ဆေးတစ်ပုံးကို ဇွန်းနှစ်ဆယ် ထဲ့ပါတယ် ကျွန်တော်ကတော့ ကုလားပဲ ပဲတီစိမ်း တော်တော်ကောင်းတယ် လက်တွေ့ပါ

Aung Kyi Lin

Aung Kyi Lin

7 months ago

တစ်ခြားအပင်အားဆေးနဲ့ကောတွဲသုံးလို့ရလားဗျ

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....