အလိမ်မခံရဖို့အရေးကြီပါတယ်
ယနေ့လောကမှာ နည်းပညာစနစ်နဲ့လုပ်ဆောင်ရတာတွေ များလာတဲ့အတွက် နည်းပညာအသုံးချပြီးလိမ်ညာနေသူတွေရဲ့ထောင်ချောက်ထဲမရောက်အောင် အလိမ်မခံရဖို့ကလည်း အဓိကအချက်ပါ သေချာအချိန်ပေးပြီးမျက်စိဖွင့်နားစွင့်လေ့လာထားဖို့လိုပါတယ်။ FB Viber WavePay KPay တွေ အသုံးချပြီး လိမ်လည်လှည့်ဖြားနေကြတာများပါတယ်။ FB Page အတုတွေဖွင့်ပြီး စစ်မှန်တဲ့လုပ်ငန်းတွေလိုဟန်ဆောင်ပြီးလည်း လိမ်နေကြပါတယ်။ ဖုန်းမသုံးတတ်ဘူး ဒါမျိုးတွေနားမလည်ဘူး မလုပ်တတ်ဘူးလို့ အမြဲပြောနေရင် အလိမ်ခံရဖို့များပါမယ်။ မလုပ်တတ်ရင် လုပ်တတ်အောင်ကြိုးစားပါ။ နားမလည်ရင် နားလည်အောင် သေချာအချိန်ယူလေ့လာပါ။ မကျွမ်းကျင်ရင် ကျွမ်းကျင်လာအောင် ဖြည်းဖြည်းချင်းအာရုံစိုက်ပြီး ကြိုးစားကြပါ။ မိမိကိုယ်ကိုကာကွယ်ပေးနိုင်မှာက မိမိဦးနှောက်နဲ့ အသိပညာပါပဲ။ အယုံမလွယ်ကြပါနဲ့။ အလကားအလွယ်လိုချင်စိတ်တွေ လောဘတွေလျှော့ပါ။ အသိဉာဏ်ပညာ တိုးမြှင့်အောင်လုပ်ကြပါ။
ဒါ့ကြောင့် ဒီနေ့ အရမ်းခေတ်စားနေတဲ့လိမ်လည်မှုနည်းလမ်းအချို့ကို တင်ပြပေးလိုက်ပါတယ်။
(၁) ငွေကြိုပေးခိုင်းပြီး ချေးငွေရမယ်ဆိုသလိုလှည့်ဖြားနေတယ်။
အခုထိလည်း လိမ်ခံနေရတာတွေ တွေ့နေရဆဲပဲ။ ချေးယူသူဘက်က လိုချင်စိတ်နဲ့ပဲလုပ်လို့မရပါဘူး။ အတိုးတွေ ဖောင်ကြေးတွေ စရံတွေ စပေါ်တွေ ဘယ်လိုပဲ အရင်လွှဲခိုင်းခိုင်း မယုံကြပါနဲ့။ ငွေချေးယူမဲ့သူကို ပိုက်ဆံအရင်လွှဲခိုင်းပြီး ဘလော့ပါတယ်။ ထပ်ခါထပ်ခါပြောပါမယ် ဘယ်သူတွေက ဘယ်လောက်ပဲပြောပြော ငွေအရင်ပေးခိုင်းရင် လုံးဝဆက်မလုပ်ပါနဲ့။ ဘာမှမသိဘဲ ကိုယ့်မှတ်ပုံတင်တွေ အထောက်အထားစာရွက် စာတမ်းတွေကို မက်ဆင်ဂျာကနေသွားမပေးပါနဲ့။ မိမိပေးပို့ထားသော မှတ်ပုံတင်နဲ့ ထပ်မံလုပ်စားတတ်ပါတယ် သတိထားနိုင်ကြပါစေ။ တရားဝင်ချေးငွေလုပ်ငန်းတွေကနေ ဘယ်တော့မှ ငွေအရင်ကြိုမပေးခိုင်းပါဘူး ငွေကြိုတောင်းရင် လူလိမ်တွေပါ။
(၂) နိုင်ငံတော်ကထောက်ပံ့ကြေးတွေရမယ်
ဘဏ်ကလိုလို မိုဗိုင်းလ်ဝေါလက်ကလိုလို ကံစမ်းမဲပေါက်တဲ့ ဆုလဒ်ရမယ်ဆိုပြီးဖုန်းဆက်သွယ်ပြီး OTP ဖုန်းထဲဝင်လာတဲ့ ကုဒ်ဂဏန်းတွေ မေးအကောင့်ထဲကပိုက်ဆံတွေယူသွားကြတယ်။
နိုင်ငံတော်လည်း အရမ်းမွဲတေနေပါပြီ။ အလှူတောင်နေ့တိုင်းပြန်ခံနေပါတယ်။ ဘယ်သူကိုမှ ထောက်ပံ့ပေးနိုင်တဲ့အခြေအနေမရှိဘူးဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်လျှို့ဝှက်နံပတ်ကို ဘယ်သူမှမသိပါစေနဲ့။ မသိတဲ့ဖုန်းနံပတ်တွေဆိုရင် မယုံပါနဲ့ အကောင့်ထဲကိုငွေတိုက်ရိုက်လွဲကြပါ။ လျှို့ဝက်နံပတ်အလွယ်တစ်ခုနဲ့ ငွေမလွှဲကြပါနဲ့။ ကြားဖြတ်လူတွေ ခိုးယူသွားနိုင်ပါတယ်။ ဘယ်သူ့ကိုမှမယုံပါနဲ့။ ဖြစ်နိုင်ရင် ဘဏ်တွေ၊ သက်ဆိုင်ရာဖုန်းတွေကိုမှတ်ထားပါ။ ပြဿနာရှိရင် အဲဒီနံပတ်တွေကိုပဲဆက်သွယ်လိုက်ပါ။ ကိုယ့်ပိုက်ဆံကို ကိုယ်ကိုယ်တိုင်သာထိန်းသိမ်းကြပါ။
(၃) FB မှ အွန်လိုင်းရှော့ထောင်ပြီး လိမ်နေပါတယ်။
အွန်လိုင်းရှော့မှာ အမှန်အကန်ရှိသလို လိမ်လည်ရောင်းချသူတွေကလည်း ဒုနဲ့ဒေးပါ။ FB အကောင့်အသစ် အမြဲနေ့တိုင်းဖွင့်လို့ရပါတယ်။ ပစ္စည်းတွေရဲ့ပုံတွေဆိုတာလဲအလွယ်တကူ တခြားနေရာတွေကနေ ကော်ပီယူပြီး တင်လို့ရပါတယ်။ ငွေလွှဲပေးပြီး ပစ္စည်းမပို့တဲ့သူတွေရှိတာ ပြဿနာပေါင်းများစွာ လတ်တလောဖေါင်းပွနေပါတယ်။ Cash on delivery (COD) ဝယ်ကြပါ။ ပစ္စည်းရမှ ငွေရှင်းပါ။ ကြိုလွှဲခိုင်းရင် မယုံကြပါနဲ့။ ကိုယ့်အသိမိတ်ဆွေ ဘယ်သူတွေဝယ်ဖူးလဲစစ်ပါ။ လိုက်မေးမြန်းစုံစမ်းပါ။ FB page အသစ်တွေဆိုရင် လုံးဝစမ်းမဝယ်ပါနဲ့။ ဝယ်တဲ့လူတွေဘက်ကလည်း တာဝန်သိကြပါ။ လာပို့တော့မှ ဖုန်းမကိုင်တာတွေ မလိုချင်တော့လို့ ငွေမရှင်းတာတွေ အဆက်အသွယ်ဖျောက်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။
(၄) နံမည်ကျော်ကြားနေတဲ့ သူဌေးတွေအနုပညာရှင်မင်းသားမင်းသမီးဆီက အလှူငွေရမယ်ဆိုပြီး ဖုန်းတွေလိပ်စာတွေ မှတ်ပုံတင်တွေလိမ်ယူသွားကြတယ်။
အဲဒီအချက်အလက်တွေနဲ့ အကောင့်အတုတွေ လုပ်ခံရလိမ့်မယ်။ ကိုယ့်နံမည်အစားထိုးပြီး အလွဲသုံးစားပြုလုပ်ခံရလိမ့်မယ်။ အခုအချိန်မှာ အစိုးရမပြောနဲ့ သူဌေးတွေတောင်စီးပွားရေးလည်ပတ်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။ သိန်းသန်းရာထောင်ချီ ဘယ်သူကိုမှ မှတ်ပုံတင်နဲ့ ဖုန်းကနေ အလကား အလှူမလုပ်ပေးနိုင်ဘူးဆိုတာ သဘောပေါက်ကြပါ။ မြန်မာပြည်ကမဟုက်တဲ့လူတွေကို သင့်မှတ်ပုံတင်တွေကို ရောင်းစားလိုက်ပြီး သင့်နံမည်သုံးပြီး တရားဝင် မြန်မာပြည်မှာလာနေထိုင်လို့ရသွားနိုင်တယ်။
(၅) Multi-level Marketing (MLM) သို့မဟုက် ငွေစုဒိုင်စနစ်လိမ်လည်နေကြပါတယ်။
ဒါတွေက အားလုံးအလိမ်တွေလို့ မပြောလိုပါဘူး။ MLM တွေက ponzi pyramid scheme တွေလို့ ခေါ်ပါတယ်။ မန်ဘာဝင်ပစ္စည်းဝယ်စနစ်ဟာလည်း လိမ်နည်းတစ်မျိုးမို့ မဝင်သင့်ပါဘူး။ တစ်ချိန်ကျရင် အဆင့်တစ်ခုခုကြောင့် ပြိုကွဲပျက်စီးတဲ့အခါ သင့်ထည့်ထားတဲ့ငွေ လုံးဝအာမခံမရှိတဲ့အတွက် ပြန်ရမှာမဟုတ်ပါဘူး။ မပါဝင်ခင် အရင်လေ့လာလိုက်ပါ။ သတိထားကြပါ။ အစစ်အမှန်လုပ်ချင်ရင် ကိုယ့်အသိုင်းအဝိုင်းထဲကယုံကြည်ရတဲ့ အသိမိတ်ဆွေတွေနဲ့ လုပ်ကြပါ။ မသိမမြင်ဘဲနဲ့စလုပ်ပြီး ဒိုင်ပြေးလို့ငွေဆုံးရှုံးသွားတာ ဘယ်နှစ်ယောက်ဖြစ်ပြီးပြီလဲ။ အလှည့်ရောက်တာနဲ့ ငွေယူပြီးပျောက်သွားတယ် ရှာလို့မရဘူး။ ဥပဒေဘောင်ဝင်တဲ့ တရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက် တရားစွဲဖို့လည်း မဖြစ်နိုင်ပါဘူး။ ငွေလှည့်စားတယ်ဆိုတာ အဲလောက်မလွယ်ပါဘူး။ နောက်ဆုံး ပမာဏများလာတဲ့အခါ ကံမကောင်းသူတွေထိခိုက်မှာပါဘဲ။ ဒိုင်လုပ်ပြီး သန်းကြွယ်သူဌေးဖြစ်သွားသူတွေ တွေ့ဖူးလို့လား။
လိမ်စားနေတဲ့လူတွေကိုလည်း တိုက်တွန်းပါရစေ။ ဘယ်မိဘအသိုင်းအဝိုင်းတွေက မွေးဖွားလာလို့ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ကို မခွဲခြားတတ်တာပါလဲ။ စီးပွားရေးလုပ်ချင်ရင် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ မှန်ကန်တဲ့လမ်းကနေ ရပ်တည်ပါ။ ဒါမှလည်း လုပ်ငန်းရေရှည်အောင်မြင်မှာပါ။ လွယ်လို့ဆိုပြီး လိမ်မစားပါနဲ့ မရှိလို့ဆိုပြီးလိမ်စားပါနဲ့။ ဒီလောက်လိမ်တာကျွမ်းကျင်ရင် အဲဒီဦးနှောက်တွေကိုအသုံးချပြီး မှန်မှန်ကန်ကန်ရပ်တည်ပါ။ အလုပ်လုပ်ပါ။ ငွေမရှိရင် ကိုယ့်အင်အားအချိန်သုံးပြီး ငွေရှာစားပါ။ ပေါ်တင်တောင်းစားပါ။ လှူမယ့်လူတွေရှိပါတယ်။ ၅,၀၀၀၊ ၁၀,၀၀၀၊ ၁၀၀,၀၀၀ လောက်နဲ့ သူများမျက်ရည်ကျ စိတ်ဆင်းရဲမှရတဲ့ငွေတွေကို မမက်ပါနဲ့။ ခေတ်တွေပြောင်းလို့ ယုတ်မာတဲ့အကျင့်စရိုက်တွေ မလေ့ကျင့်ကြပါနဲ့။ လိမ်ခံရတဲ့လူတွေဟာ ကိုယ့်ဖိုးဖွားမိဘ ဆွေမျိုး ညီ ညီမ ဦးလေးအဒေါ်တွေဆိုရင်ရော ခံချင်မှာလား ကိုယ်ချင်းစာစိတ်မွေးကြပါ။ အလိမ်လုပ်ငန်းတွေမှာဝင်လုပ်နေရင် အလုပ်ပြောင်းကြပါ။ ကလိမ်ကကျစ်လုပ်တာတွေရဲ့ကုသိုလ်ကံရလဒ်တွေဟာ ကိုယ့်အနောက်ကအမြဲရှိနေမှာပါ။ တစ်ချိန်မှာ ကိုယ့်ကိုလာထိရောက် တိုက်ခိုက်စရာတွေပေါ်လာမှာပါ။ ၂၀၂၁ နှစ်သစ်ကစပြီး ရွေးချယ်မှုတွေမှန်ကန်ကြပါစေ။
Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမြင့်ဇော်
5 years agoကျေးဇူးအထူးတင်ရှိအက်ပါတယ်
Content provider
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026