အနက်ရောင်နှင်းဆီ သို့မဟုတ် နှင်းဆီနက်
အနက်ရောင် နှင်းဆီ တကယ်ရှိသလား ?
- အနက်ရောင်နှင်းဆီဟာ ကမ္ဘာပေါ်မှာတကယ်ရှိပါတယ်။ ဒါပေမယ့် အလွန်ရှားပါးပြီး ဈေးကြီးလှပါတယ်။ ထူးခြားခြင်း၊ လှပခြင်းတို့ကြောင့်လည်း ကျော်ကြားပါတယ်။
အနက်ရောင်နှင်းဆီကို ဘယ်ဒေသမှာ စိုက်ပျိုးသလဲ ?
- အနက်ရောင်နှင်းဆီကိုတော့ နေရာတိုင်းမှာ စိုက်ပျိုးလို့မရနိုင်ပါဘူး။ ကမ္ဘာပေါ်ရဲ့ နေရာတစ်ခုတည်းမှာပဲ စိုက်ပျိုးနိုင်ပါတယ်။ အဲ့နေရာကတော့ တူရကီနိုင်ငံ Helfeti ဒေသဖြစ်ပါတယ်။ Halfeti ဟာ သေးငယ်ကျဥ်းမြောင်းသော ဒေသတစ်ခု ဖြစ်ပါတယ်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းအရပ်မှာ တည်ရှိပါတယ်။ နွေရာသီလတွေမှာတော့ အနက်ရောင်နှင်းဆီပန်းများကို တွေ့မြင်နိုင်ပါတယ်။ Halfeti ဒေသ မှာပဲ စိုက်ပျိုးနိုင်တာကြောင့် အနက်ရောင်နှင်းဆီပန်းများကို Halfeti black roses လို့ အမည်ပေးထားပါတယ်။
နှင်းဆီအရောင်ဟာ ဘာကြောင့်ထူးခြားပြီး အနက်ရောင် ဖြစ်နေရသလဲ?
- နှင်းဆီအရောင် အနက် ဖြစ်နေရခြင်းတဲ့ အဓိက အကြောင်းအရင်းကတော့ Halfeti ဒေသရဲ့ ရေမြေသဘာဝကြောင့်ပါ။ ရေတွင်ပျော်ဝင်နိုင်သော ရောင်ခြယ်ပစ္စည်း အင်သိုဆိုင်ယမ်နင် (anthocyanins)ပါဝင်မှုများခြင်းနှင့် ၎င်းဒေသ မြေရဲ့ pHကြောင့်ပါတဲ့ခင်ဗျာ။
ဒါကြောင့် အခြားဒေသတွေမှာ မျိုးယူ စိုက်ပျိုးရင်တောင် သာမန်နှင်းဆီ အဖြစ်သာ ရ ရှိမှာဖြစ်ပြီး အနက်ရောင် နှင်းဆီ မရ ရှိနိုင်ပါဘူး။
အနက်ရောင် နှင်းဆီရဲ့ အဓိပ္ပါယ်
- နှင်းဆီပန်းတွေ မှာ အရောင် အပေါ် မူတည်ပြီး အဓိပ္ပါယ်တစ််မျိုးစီရှိကြပါတယ်။
အနက်ရောင်နှင်းဆီရဲ့ အဓိပ္ပါယ်ကတော့ အဖြူရောင်ရဲ့ ဆန့်ကျင်ဘက်ပါ။ အဓိပ္ပါယ်က ခွဲခွာခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ကလဲ့စားချေခြင်း၊ အဆုံးသတ်ခြင်း၊ သေဆုံးခြင်းကို ဖော်ဆောင်ပါတယ်။ ထို့အပြင် positiveအနေဖြင့် လည်း အသစ်တစ်ဖန်မွေးဖွားလာခြင်း၊ တစ်စုံတစ်ခုကို ပြန်လည်အစပြုခြင်းလို့ အဓိပ္ပါယ်ရပါတယ်တဲ့ ခင်ဗျာ။
Source:
https://mygardenguide.com/plants/halfeti-black-roses/
https://www.flowerglossary.com/the-meaning-of-black-roses/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Si Thu Hein
See all