စိုက်ပျိုးမွေးမြူရေးလုပ်ပြီး သန်းကြွယ်သူဌေးဖြစ်နေသူ (၈) ဦး အပိုင်း (၁)
စိုက်ပျိုးမွေးမြူရေးသမားလို့ ဆိုလိုက်ရင် အမြဲစဉ်းစားမိမှာက သူတို့အတွက် အခက်အ ခဲတွေ ရှိနေရင်တောင်မှ အကောင်းဆုံး သီးနှံတွေ၊ မွေးမြူရေးထွက်ကုန်တွေရဖို့ သူတို့ရဲ့အချိန်အများစုကို လယ်ကွင်းတွေ၊ မွေးမြူရေးခြံတွေထဲမှာ ကုန်ဆုံးခံနေကြသူတွေလို့ပါ။ ဒါပေမဲ့ အခုအခါမှာတော့ နည်းပညာသစ်တွေရဲ့ အထောက်အကူနဲ့အတူ ကမ္ဘာပေါ်မှာ စိုက်/မွေး စီးပွားလုပ်ကိုင်ရင်း ကြီးပွားချမ်းသာနေသူ အများကြီးရှိနေပြီဖြစ်ပါတယ်။
ဒီကဏ္ဍမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရရှိအောင်စီမံနိုင်ခဲ့တဲ့ လယ်သမားတချို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့အချမ်းသာဆုံး လူတွေကြားမှာ ပါ၀င်နိုင်ကြပြီ ဖြစ်ပါတယ်။ အချမ်းသာဆုံး လယ်သမားတွေဟာ သူတို့ရဲ့တစ်နေ့တာလုံးကို လယ်ကွင်းထဲမှာပဲ မကုန်ဆုံးကြပဲ သူတို့ရဲ့လုပ်ငန်းသဘောအရ ရုံးခန်းတွေမှာလည်း ရှိနေကြရပြီ ဖြစ်ပါတယ်။
ကမ္ဘာမှာ စိုက်/မွေးလုပ်ငန်းတွေလုပ်ကိုင်ရင်း သန်းကြွယ်သူဌေးဖြစ်နေသူ ၈ ဦးကို သူတို့ရဲ့ကြွယ်ဝချမ်းသာမှုအလိုက် ငယ်စဉ်ကြီးလိုက်ပြောရရင် အောက်ပါအတိုင်း တွေ့နိုင်မှာဖြစ်ပါတယ်။
၈. Howard Buffet ( ဟိုး၀ပ်ဘက်ဖက်)

ဟိုး၀ပ်ဘက်ဖက်ဟာ ဓါတ်ပုံနယ်ပယ်၊ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်ပယ်၊ စိုက်ပျိုးရေးနယ်ပယ်တွေကနေ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေလိုအထိ ကဏ္ဍပေါင်းစုံမှာ တက်ကြွပါဝင်သူတစ်ဦးဖြစ်ပြီး ဘီလျံနာ ဝါရင်ဘက်ဖက် (Warrer Buffet)ရဲ့ သားလတ်တစ်ယောက် ဖြစ်ပါတယ်။
ကောလိပ်(၃)ခုကနေ ထွက်ပြီးနောက်မှာ ဟိုး၀ပ်ဘက်ဖက်ဟာ ပြောင်းနဲ့ပဲပုတ်စိုက်တောင်သူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ သူ့သားနဲ့အတူ အီလီနွိုက်မှာ ရှိတဲ့ ကြီးမားလှတဲ့ မိသားစုပိုင် လယ်ကွင်းနဲ့ နီဘရာစကာမှာရှိတဲ့ လယ်ကွင်းအချို့ကို ကြီးကြပ်ရပါတယ်။ သူက အီလီနွိုက်၊ အရီဇိုးနားနဲ့ တောင်အာဖရိကမှာ သုတေသနလယ်ကွင်းတွေကိုလည်း ကြီးကြပ်ရပါတယ်။ ဟိုး၀ပ်ဘက်ဖက်ကတော့ ဘက်ဖက်မိသားစုရဲ့ အကူအညီမယူရပဲ သူ့လယ်ကွင်းတွေကို ထိန်းသိမ်းထားနိုင်တယ်ဆိုပြီး ဂုဏ်ယူနေပါတယ်။ သူ့ရဲ့ကြွယ်၀မှုကလည်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
၇. Colin and Dale Armer (ကိုလင်းနဲ့ဒယ်အာမာ)

အာမာမိသားစုဟာ သူတို့ရဲ့အောင်မြင်မှုမြင့်မားတဲ့ မွေးမြူရေးခြံကြောင့် နယူးဇီလန်ရှိ အချမ်းသာဆုံး လူတွေထဲမှာ မပါမဖြစ် ပါဝင်နေပါတယ်။ သူတို့ဟာ နယူးဇီလန်မှာ အကြီးမားဆုံးဖြစ်ပြီး ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၅၃၅ သန်းလောက် တန်ဖိုးရှိတဲ့ မွေးမြူ ရေးလုပ်ငန်းစုကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ကိုလင်းနဲ့ ဒယ်အာမာတို့ဟာ သူတို့ရဲ့မိသားစုလုပ်ငန်းလေးကို ၁၉၉၀ ခုနှစ်တွေမှာ စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အဖွဲ့အနေနဲ့ တောင်ဖက်ကျွန်း (South Island) မှာရှိတဲ့ မွေးမြူရေးခြံ ၅၈ ခုကို ပိုင်ဆိုင်နိုင်နေပြီ ဖြစ်ပါတယ်။
၆. Tony Perich (တိုနီ ပါရစ်ချ်)

တိုနီပါရစ်ချ်နဲ့ သူ့အစ်ကိုတို့ဟာ မိဘတွေဆီကနေ မွေးမြူရေးခြံတစ်ခြံကို အမွေရခဲ့ပါတယ်။ ဒီခြံကို ၁၉၅၁ ခုနှစ်က နို့စားနွားမ ၂၅ ကောင်နဲ့ စတင်ခဲ့တာပါ။ ဒီနေ့မှာတော့ ခြံဟာ နွားမ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဩစတေးလျရှိ West Wyalong မှာနဲ့ Trangie ထရန်ဂျီး တို့မှာ နေရာချထားနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေရာတွေမှာရှိတဲ့ ကုမ္ပဏီဟာလည်း စတော့ဈေးကွက်မှာ ခေါင်းထောင်ထားနိုင်ပြီ ဖြစ်ပါတယ်။ တိုနီပါရစ်ချ်ရဲ့ အသားတင် ချမ်းသာမှုက ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်ရှိမယ်လို့ ဆိုကြပါတယ်။
၅။ Blairo Maggi ( ဘလာအီရို မက်ဂျီ )

ဘလာအီရို မက်ဂျီကတော့ သူ့အသွေးအသားထဲမှာကိုက စိုက်ပျိုးစီးပွားရေးတွေ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ပဲပုတ်ထုတ်လုပ်သူ အဖွဲ့ဖြစ်တဲ့ အန်ဒရေမက်ဂျီ (Andre Maggi)ကိုတည်ထောင်တဲ့ အန်ဒရေမက်ဂျီရဲ့ သားဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံဖိုးလောက်ရောင်းချခဲ့ပြီး ဖော့စ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး လူများစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
အန်ဒရေမက်ဂျီအဖွဲ့ကို အန်ဒရေရဲ့ဇနီး လူစီယာ(Lucia)က ဦးဆောင်ထားပြီး ဘလာအီရို မက်ဂျီကတော့ ၁၆% ကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီက မြေဩဇာ၊ စွမ်းအင်၊ ရာဘာ ထုတ်လုပ်ခြင်းနှင့် ပို့ဆောင်ရေးတွေမှာပါ အကျိုးအမြတ်တွေ ရနေတာပါ။ ဘလာအီရို မက်ဂျီဟာ ၂၀၀၂ ခုနှစ်က ဘရာဇီးရှိ (Mato Grosso) မတိုဂရော့ဆို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှုးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မတိုဂရော့ဆိုပြည်နယ်ဟာ ပဲပုတ်ထုတ်လုပ်ရေးရဲ့ ဗဟိုချက်ကြီးပါ။ အခုအခါမှာတော့ မက်ဂျီဟာ မတိုဂရော့ဆိုရဲ့ အမတ်အဖြစ် သစ်တောများကို ခုတ်ထွင်ရှင်းလင်းပစ်တာကို ကာကွယ်ဖို့အတွက် ကာဗွန်လျော်ကြေးရယူရေးဈေးကွက် (သစ်တောတွေကို မခုတ်ဘဲ ကာဗွန်ထိန်းသိမ်းခြင်းဖြင့် ကာဗွန်ထုတ်လွှတ်တဲ့နိုင်ငံတွေထံက နစ်နာကြေးရယူတဲ့ဈေးကွက်) ဆိုတာကို လှုံ့ဆော်ပြီး မဲဆွယ်တာတွေ လုပ်နေပါတယ်။
Ref; https://luxatic.com/top-8-richest-farmers-in-the-world/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Thet Aung
4 years agoကျေဇူးတင်ပါတယ်
သန့်ဇင်ဝင်း
4 years agoစိုက်ပျိုးရေးနဲ့ပါတ်သက်တဲ့ဆောင်းပါးတွေဖက်ရလို့ဆောင်းပါးရှင်တွေကိုကျေးဇူးတင်ပါတယ်
Agriculturalist K.S
4 years agoဒီနိုင်ငံလည်း တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
zaw aung
4 years agoဒီနိုင်ငံကများပါမလားလို့ဖတ်မိတာ😭
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ရဲဟိန်းလတ်
See all