ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန် Phka Rumduol ဆိုတာ..
ကမ္ဘောဒီးယားဆန် Phka Rumduol ဟာ ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကိုရတာ ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ်လည်း ပူပူနွေးနွေး ဆုရထားတာပါ။

Phka Rumduol ဟာ ဆန်စရှည်သွယ်ဂျက်စမင်အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ဆန်ဝယ်ယူစားသုံးသူတွေရဲ့ ထိပ်တန်းရွေးချယ်မှုတွေထဲကတစ်ခုဖြစ်နေတာပါ။ ဒီဆန်ဟာ ကမ္ဘောဒီးယားရဲ့ ပြည်ပတင်ပို့ရနံ့မွှေးဆန်အမျိုးအစား ‘ Angkor Malys’ ဆန်အမျိုးအစားတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
ဒီဆန်အမျိုးအစားကို ၁၀ နှစ်ကြာ တိုးတက်ဖွံ့ဖြိုးမှုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီး ၁၉၉၉ ခုနှစ်မှာ တောင်သူသီးသန့်အသုံးပြုဖို့ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေးနှင့်သုတေသနအဖွဲ့အစည်းက ဆိုပါတယ်။
သူ့ရဲ့စားသုံးမှုအရည်အသွေးအနေနဲ့တော့ ထမင်းစရှည်၊ ရနံ့မွှေးပြီး ရေစုပ်ယူမှုကောင်း(အိုးတက်)တယ်လို့ ဆိုပါတယ်။ စားသုံးသူအကြိုက်ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ဈေးနှုန်းအနေနဲ့တော့ ကမ္ဘောဒီးယားပြည်တွင်း ဈေးတွေမှာ ၂ ကီလိုတစ်အိတ်(၁ ပြည်ခန့်) ကို ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၈၅၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။
Phka Rumduol ဆန်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၂ ကနေ ၂၀၁၄ အထိ ၃ နှစ်ဆက်တိုက် ရရှိခဲ့တာပါ။ (၂၀၁၃ နဲ့ ၂၀၁၄ တွေမှာတော့ အမေရိကန်ဆန် US Calrose နဲ့ ထိုင်းဆန် Thai Hom Mali ဆန်တို့နဲ့ ပူးတွဲဆုရခဲ့တာပါ)။ အဲ့ဒီနောက် ၂၀၁၅ ကနေ ၂၀၁၇ အထိမှာတော့ ဒုတိယအကောင်းဆုံးဆန်အဖြစ် သုံးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ မှာ အကောင်းဆုံးဆုကို ပြန်ရခဲ့တာပါ။ အခု ၂၀၂၂ ခုနှစ်မှာတော့ ၅ ကြိမ်မြောက် အကောင်းဆုံးဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
" ဒီဆန်ရဲ့ ဂုဏ်သတင်းကျော်စောမှုက ကမ္ဘောဒီးယားဆန်အရည်အသွေးကို ဆက်လက်တိုးမြှင့်စေဖို့ ကူညီပေးသွားနိုင်မှာပါ” လို့ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်ဒုဥက္ကဌက ပြောထားပါတယ်။
ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ဆန်အမျိုးအစား ရွှေဘိုပေါ်ဆန်းလည်း ၂၀၁၁ ခုနှစ်က ရရှိဖူးတယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မျိုးစပါး
Tun Win
3 years agoမျိုးစပါးလိုချင်ပါတယ် ဘာစမာတီ စပါး ကကေား စျေးမကောင်းဘူးလားခများ
L.M.Eain?
3 years agoမြန်မာပြည်မှာမျိုးဝင်လာရင်တော့မဆိုးဘူး
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026