မျိုးစေ့ဒီဇိုင်နာရဲ့ပြောင်းဖူးဖက်ရှင်
ပြောင်းဖူးလို့ ပြောလိုက်ရင် မီးခိုးတလူလူ ပြောင်းဖူးဖုတ်နံ့ တသင်းသင်းနဲ့ နတ်တလင်း-ပေါင်းတည် ကြားက ပြောင်းဖူးတန်းကို တန်းမြင်မိမယ် ထင်ပါတယ်။ ရန်ကုန်-ပြည်လမ်းရဲ့ မှတ်မှတ်ရရ အမှတ်သညာနေရာလေး ဖြစ်လာပါပြီ။ ကိုယ်တွေလည်း ဟိုနားဒီနားသွားရင်း အနံ့ရတော့မနေနိုင် ဝယ်စားလိုက်။ ရပ်ဝေးသမားတွေက ကားနားရင်း ပြောင်းဖူးဖုတ် အစာပြေစားကြ။ အိမ်ပြန်လက်ဆောင် ပြောင်းဖူးစိမ်းတွေဝယ်ကြ။ တကယ်ကို စည်ကားလာတဲ့ ပြောင်းဖူးတန်းလေးပါ။
ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က စမယ်ထင်ပါတယ်။ ဖိုးသာအောင်ကုန်းအလွန် ပေါင်းတည်ဘက်ခြမ်းမှာ ဟိုတစ်ဆိုင် ဒီတစ်ဆိုင် အစပြုခဲ့ရာက တစ်နှစ်ထက်တစ်နှစ် များများလာလိုက်တာ ခုဆို နတ်တလင်းနှင့် ပေါင်းတည် ဆက်သွားလောက်အောင် များနေပါပြီ။ တစ်နှစ်ပတ်လုံးကို ရောင်းကြတာပါ။ အဆင်ပြေကြသည်ပေါ့။ ပျော်စရာပါ။ မပျော်တာက ငယ်ငယ်က စားခဲ့ရတဲ့ ပြောင်းဖူးတွေကို သတိရ ရနေတာပါ။
ကျွန်တော်တို့လို ကျေးလက်မှာ ကြီးပြင်းခဲ့ရသူအတွက် ပြောင်းဖူးဆိုတာ လက်ဖြစ်၊ ကိုယ်တိုင်စိုက် ၊ ကိုယ်တိုင်စား၊ ကိုယ်တိုင်ရောင်းခဲ့ကြတာပဲလေ။ ခုလို မိုးဦးကျ ပြောင်းစိုက်ရာသီဆို အိမ်တိုင်း ခြံတိုင်းလို စိုက်ကြပါတယ်။ မျိုးတွေလည်း များသား။ မှတ်မိသလောက်ဆို နတ်ပြည်မွှေး၊ တော်သ လင်းပြောင်း၊ တိမ်ပြာ၊ မှည့်မှနီ၊ မျောက်လက်မောင်း တဲ့။ နာမည်လေးတွေကြားနေဆဲ အရသာတွေ စွဲနေဆဲပါ။
နတ်ပြည်မွှေးဆိုတာ ရောင်းတန်းစိုက်တာမဟုတ်။ အိမ်စားဖို့ လက်ဆောင်ပေးဖို့ နည်းနည်းပဲစိုက်ကြတာ။ ပြုတ်စားရင် တကယ်ကိုမွှေးတာ။ ခေါင်းရင်းအိမ် ခြေရင်းအိမ် အကုန်အနံ့ရပြီးသားပဲ။ ဖြူဖြူသွယ်သွယ်နဲ့ ခပ်သေးသေးပေမဲ့ အလွန်မွှေး အလွန်ချို အလွန်စီးတဲ့ပြောင်းလေးကို ခုထိမမေ့။ တော်သလင်းပြောင်းက တော်သလင်းလမှာ ပေါ်ပြီပဲ။ များများစိုက်ကြ များများရောင်းကြတဲ့ပြောင်းမျိုးပါ။ အပြာရောင်လေးတွေက တိမ်ပြာတဲ့။ နီညိုရောင်လေးတွေက မှည့်မှနီတဲ့။ အဖိုး အဖွားတွေပေးခဲ့တဲ့ ရိုးရိုးရှင်းရှင်းနာမည်လေးတွေ။ မျောက်လက်မောင်းဆိုတာကလည်း နာမည်နဲ့လိုက်အောင် သေးသေးလေးတွေ။ ခုပြောပြောနေတဲ့ လေးတန်းပြောင်း ရှစ်တန်းပြောင်း တို့လိုမျိုးပါပဲ။
ပြောင်းဆိုတာ အချိန်တိုင်းလည်းမရှိ။ သူ့ရာသီနဲ့သူပဲ စားရတာ။ ပြောင်းဖူးပေါ်ချိန်ဆို နေ့တိုင်း မရိုးနိုင်တဲ့ဟင်းအမယ်ပါ။ ပြောင်ဖူးပြုတ်ကိုလှီး ဆီမွှေးမွှေးလေးဆမ်း (အဲ့တုန်းက ဆီကလည်း အစစ် ) ။ ဆားလေးဖြူး နှမ်းလေးဖြူး စားမလား။ ဖုတ်ပြီး လက်ဖက်နဲ့သုပ်စားမလား။ အစိမ်းကို စိန်ခလုပ်နဲ့ခြစ် ငပေါင်းကြော်လုပ်စားမလား။ ခြစ်ပြီးသကြားလေးနဲ့ အပျော့ကျို၊ ရေနွေးကြမ်းနဲ့ မြည်းမလား စုံလို့ပဲ။ ထမင်းပူပူလေးနဲ့ ပြောင်းဖူးဖုတ်ပူပူလေး အစေ့ခြွေ ဆီဆမ်း ဆားဖြူးပြီး အမေနယ်ကျွေးခဲ့တဲ့မနက်စာ မစားရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီ။ ငှက်ပျောရွက်နဲ့ ထုပ်ပေးလိုက်တဲ့ ပြောင်းဖူးပြုတ်ပူပူလေးနှစ်ဖူးက ကျောင်းမှာစားဖို့ အကောင်းဆုံးမုန့်ဖြစ်ခဲ့တယ်။ ကျောင်းကဆင်း ဗိုက်စာရင်ပြောင်းခင်းထဲသွား တစ်ဖူးချိုး၊ အဖေလုပ်ပေးထားတဲ့ ဝါးချွန်သီတံနဲ့ထိုး မီးသွေးရဲရဲမှာကိုယ်တိုင်ဖုတ်စားရတဲ့ အရ သာ။ မအောင်မမြင် အဆံမပြည့်တဲ့ပြောင်းလေးတွေကို ဖိုးသွားကျဲလို့ ခေါ်ကြတယ်။ ဖိုးသကျဲဆိုတာ ခလေးတွေရဲ့ ကိုယ်ပိုင်။ ဖိုးသကျဲဆိုတာ ကိုယ့်အတွက်ပဲ။ ချိုးစားဖို့ လူကြီးတွေကို ခွင့်ပြုချက်တောင်းစရာမလို။ အော်တိုပိုင်ပြီးသားလေ။ လွမ်းတယ် ဖိုးသကျဲရေ။
မျိုးဆိုတာလည်း ခုခေတ်လို အသပြာနဲ့မဆက်ရ၊ ဝယ်စရာမလို။ ဒီနှစ်ပြောင်းခင်းထဲက အစောဆုံး အချောဆုံး ဖူးဆံအပြည့်ဆုံးက နောက်နှစ်အတွက်မျိုးပဲ။ မျိုးလုပ်မဲ့အဖူးကို အပင်ကပြောင်းရွက်နဲ့ ပြန်ပတ်ထားလိုက်တယ်။ ဒါဆို ဒီအဖူးတွေကို ဘယ်သူမှမထိရ။ ရင့်မှ ခြောက်မှ ချိုးမည်။ နောက်နှစ်အတွက် မျိုးခံထားမည်။ ကိုယ်အသုံးပြုဖို့ထက်လည်း ပိုပိုလျှံလျှံလေးလည်း စုကြတယ်။ ပျက်စီးမှာစိုးလို့ လိုသူတွေကို ပြန်မျှဖို့ပါ။ ဒါကစိုက်ပျိုးသူတိုင်း မဖြစ်မနေလုပ်ရတဲ့တာဝန်။
ပြီးရင် မီးဖိုပေါ်ကကြပ်ခိုးစင်ပေါ်မှာသိမ်း။ ပိုးမထိုး မှိုမတက် မပျက်စီးတဲ့ ရိုးရာနည်းတွေ။ ထင်းမီးသုံးကြတဲ့ကျေးလက်အိမ်တွေမှာ ကြပ်ခိုးစင်လေးတွေ ရှိတတ်ကြတယ်။ အထူးသဖြင့် မျိုးစေ့သိမ်းရတဲ့ စိုက်ပျိုးသူတွေအတွက် မရှိမဖြစ်ပါ။ ပြောရရင် ကြပ်ခိုးစင်ဆိုတာ ကိုယ်ပိုင်မျိုးစေ့ဘဏ်။ ပြောင်း၊ ဘူး၊ သခွား၊ ဖရုံ၊ ရုံးပတီ၊ ခဝဲ၊ ပဲလင်းမြွေ၊ တိုင်ထောင်ပဲ၊ ပဲစိတ်တို၊ ငရုပ် စတဲ့ နှစ်စဉ် မျိုးပြန်ခံရတဲ့ ရာသီပေါ်သီးနှံတွေအတွက် ပိုအလေးထားရပါတယ်။
မှတ်မိပါသေးတယ်။ အမေက မျိုးအစုကောင်းသူပါ။ ရောက်လေရာအရပ်က ကိုယ့်မှာမရှိတဲ့မျိုးဆိုလည်း ရအောင်သယ်လာတတ်သလို အခြားသူတွေကို ပြန်မျှရတာလည်းအမော။ မျိုးစေ့ရောင်းတယ်ဆိုတာ ကြားတောင်မကြားဘူး။ စိုက်ပျိုးရေးဆေးဆိုတာလည်း မယ်မယ်ရရမရှိ။ ဓါတ်ဆားဆို ခေတ်အမီဆုံးဆိုမှ မြေဆွေးလေး နွားချီးဆွေးလေးနဲ့ ပြီးခဲ့တာ။ "အရီးလေးရေ ဘူးမျိုးရှိသေးလား စိုက်ချင်လို့ဆို၊ ရှိပါ့...ဒီမှာလာ သေချာစိုက် အရမ်းသီးပဲ။ အလုံးလည်းချောတယ်။ သခွားရောရှိလား မရှိရင် ယူသွား။ ကိုယ့်ရှိတော့ မဝယ်ရဘူး။ စားရတာပေါ့" ဆိုတဲ့ ဟိုတုန်းက တစ်ဦးနဲ့တစ်ဦး ကိုယ့်ရှိသူ့ပေး သူ့ရှိကိုယ့်ပေး အလွန်ချစ်စရာကောင်းတဲ့ မိသားစုဆန်တဲ့ ကျေးလက်ဘဝလေး ပြန်တောင့်တမိတာ အမှန်ပါ။
ခုတော့ ဒီလိုမဟုတ်တော့။ မျိုးစေ့ဆိုတာ ကိုယ်မပိုင်တော့။ မျိုးစေ့ကုမ္ပဏီတွေရဲ့ လက်ထဲမှာ။ ဆေးမကျွေးရင်မဖြစ်တဲ့ အပင်တွေအတွက် ဆေးကုမ္ပဏီတွေ ပုံအပ်ထားရ။ အသစ်သစ်ထုတ်သမျှ မျိုးတွေ၊ ဆေးတွေ ဝယ်သုံးရင်း တိုးတက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ပိုင်ပစ္စည်းတွေ စွန့်လွှတ်ခဲ့ကြပြီ။ ဘိုးဘွားတွေရဲ့ အမွေအနှစ်တွေ မေ့ထားခဲ့ကြပြီ။ ဈေးကွက်ဝင်သီးနှံတဲ့ စီးပွားဖြစ်စိုက်ကြတဲ့ အထွက်တိုးအောင်လုပ်ကြတဲ့ သွင်းအားစုတွေ လှိုင်လှိုင်သုံးကြတဲ့ မျိုးကောင်းမျိုးသန့်တွေ သုံးကြတဲ့ စီးပွားဖြစ် စီးပွားဖြစ်နဲ့ ဘယ်သူတွေ တကယ်စီးပွားဖြစ်သွားတယ်တော့မသိ။ သေချာတာတော့ ဒေသမျိုးတွေ မရှိတော့။ အထူးသဖြင့် နှစ်စဉ်မျိုးခံရတဲ့မျိုးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးကုန်ပြီ။ မျိုးပြန်ယူလို့မရတဲ့ စပ်မျိုးတွေ အစားထိုးခဲ့ပြီ။
ရာသီဥတုဒဏ် ပိုးမွှားဒဏ်ခံတဲ့ ဒေသမျိုးတွေ ပြန်မရနိုင်တော့။ ကျွန်တော်တို့ အမြတ်တနိုးစားခဲ့ကြတဲ့ ပြောင်းမျိုးတွေ ရှာလို့မရတော့။ ဘယ်အချိန် ဘယ်နေရာ ဘယ်အခါစားစား တစ်မျိုးထဲသော အရသာနဲ့ စက်ရုပ်ပြောင်းဖူးတွေ ငြီးငွေ့လွန်းလှပြီ။
ကျွန်တော့်ကို ရှေးရိုးစွဲပဲပြောပြော ခေတ်နောက်ပြန်ဆွဲနေတယ်ပဲ ဆိုဆို။ တွေးတွေးပြီးကြောက်နေတာတော့ ဝန်ခံတယ်။ စဉ်းစားကြည့်လေ။ မျိုးစေ့ဆိုတာ လူတစ်စုလက်ထဲမှာ သွန်မလား မှောက်မလား။ ကျွန်တော်တို့တွေ ပိုင်တော့လို့လား။ ဆေးနိုင်နိုင်ကျွေးနိုင်မှ အထွက်ကောင်းတော့ သုံးလိုက်ရတဲ့ သွင်းအားစုတွေ၊ မုန့်ဆီကြော်မျှော်ပြီး နှုတ်ခမ်းနာကုနေရတာ။ သီးနှံပေါ်တော့ မုန့်ဆီကြော်က ဘယ်နေမှန်းမသိပြန်ဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ရေမြေနဲ့ ကိုက်ညီတဲ့ ကျွန်တော်တို့ အဖိုးအဖွားတွေ လက်ဆင့်ကမ်းထားခဲ့တဲ့ နိုင်ငံရဲ့သယံဇာတတွေဖြစ်တဲ့ တကယ်အရသာရှိတဲ့ ကျွန်တော်တို့တကယ်ပိုင်တဲ့ မျိုးကောင်းမျိုးသန့်တွေကို ထိမ်းသိမ်းရမှာ၊ ပိုမိုကောင်းမွန်အောင်စောင့်ရှောက်ရမှာလည်း ကျွန်တော်တို့လူငယ်တွေရဲ့ သမိုင်းပေးတာဝန်တစ်ခုပါပဲ။ မျိုးစေ့တွေ ထိမ်းကြရအောင်။ သိမ်းကြရအောင်။ စုကြရအောင်။ မျှကြရအောင်ဗျာ............
မူရင်း _ Wai Phyo Thu
Green Memo ၏ ဖေ့စ်ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Continue reading related topics, questions and articles.
Topic 1
ပြောင်းမျိုးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....