မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဘာသာစကား
စီးပွားရေးကဏ္ဍအသီးသီးမှာ ဘာသာဗေဒက ဘယ်လောက်အရေးပါသလဲဆိုတာ တွေးတောကြည့်မိနေရင်း တစ်ခါတုန်းက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကို သတင်းဌာနတစ်ခုက မေးလာလို့ အဖွဲ့ချုပ်ကိုယ်စား ဖြေပေးခဲ့ရဖူးတာလေးကို သတိရမိတယ်။
"မွေးမြူရေး နဲ့ ရေလုပ်ငန်း ၂ခုလုံး က မွေးမြူရေးတွေချည်း ဖြစ်လျက်သားနဲ့ မွေးမြူရေး (livestock) နဲ့ ရေလုပ်ငန်း (fisheries) ဆိုပြီး ဘာကြောင့် ခွဲထားတာလဲ" ဆိုတဲ့ မေးခွန်းပါ။
မွေးမြူရေးနဲ့ ရေလုပ်ငန်းဟာ အခြေခံအားဖြင့် ပြည်သူလူထုအတွက် အရည်အသွေးမြင့်အသားဓာတ် (animal protein) ရရှိအောင် မွေးမြူထုတ်လုပ်ပေးတဲ့ လုပ်ငန်းတွေ လို့ အတူတူပဲလို့ ခြုံငုံပြောရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ သဘာဝတွေလည်း ရှိပါတယ်။
Livestock ကို မြန်မာဘာသာနဲ့ "မွေးမြူရေး" လို့ ခြုံငုံပြီး ဘာသာပြန်ဆို ကြပါတယ်။

ကမ္ဘာ့နိုင်ငံ အတော်များများမှာတော့၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် မွေးမြူရေးတွေကိုသာ "Livestock" လို့ခေါ်ဆိုကြပြီး၊ ကြက်၊ ဘဲ၊ ငုံး၊ အစရှိတဲ့ သတ္တဝါတွေ မွေးမြူတာကိုတော့ "poultry production" လို့ ခေါ်ကြပါတယ်။
မြန်မာဘာသာစကားမှာတော့ "livestock" "poultry production" နဲ့ "aquaculture" သုံးခုလုံးအတွက် "မွေးမြူရေး" လို့ ပြောဆိုတတ်ကြပါတယ်။
ရုံးသုံးမြန်မာစကားမှာတော့ "livestock" ကို မွေးမြူရေးလို့ ဘာသာပြန်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံး အကုန် ပါဝင်နေပါတယ်။
ဘယ်လိုဖြစ်ဖြစ် အဲဒီသတ္တဝါတွေ အားလုံးဟာ "ကုန်းမြေပေါ်မှာ လူတွေက မွေးမြူနည်းစနစ် တစ်ခုကို အသုံးပြုပြီး မွေးမြူထားတဲ့ သတ္တဝါတွေ" ဖြစ်ပါတယ်။
ရေလုပ်ငန်း (Fisheries) လို့ ပြောလိုက်ရင်လည်း နှစ်ပိုင်းခွဲပြီး စဉ်းစားကြပါတယ်။
လူတွေက ငါး၊ ပုစွန်၊ ဂဏန်းအစရှိတဲ့ ရေသတ္တဝါတွေကို မွေးမြူနည်းစနစ်တစ်ခုနဲ့ မွေးမြူထုတ်လုပ်တာကိုတော့ "ရေသတ္တဝါမွေးမြူရေး (Aquaculture)" လို့ ခေါ်ပါတယ်။
ရေလုပ်ငန်း (Fisheries) မှာ ရေသတ္တဝါမွေးမြူရေး အပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ် စတဲ့ သဘာဝထဲမှာ ရှိနေတဲ့ သဘာဝ ရေသတ္တဝါသယံဇာတ တွေကို ဖမ်းယူတဲ့ လုပ်ငန်းလည်း ပါဝင်ပါတယ်။
ဒါကြောင့် ရေလုပ်ငန်းလို့ ပြောလိုက်ရင် မွေးမြူရေး မဟုတ်တဲ့ လုပ်ငန်းလည်း ပါဝင်နေပါတယ်။
"Poultry production" ဆိုတာ ကြက်၊ ဘဲ၊ ငုံး၊ ကြက်ဆင် စတာတွေ အကုန်ပါဝင်ပေမယ့် များသောအားဖြင့် "ကြက်မွေးမြူရေး" လို့ပဲ ဘာသာပြန်ဖြစ်ကြတာလည်း သတိထားမိပါတယ်။ ကြက်ကို ကောင်ရေ အများဆုံး မွေးမြုထားလို့လည်း ဖြစ်နိုင်ပါတယ်။
ဒါက မွေးမြူရေး နဲ့ ရေလုပ်ငန်း ခွဲခြားရတဲ့ အချက်တစ်ချက် ဖြစ်တဲ့ ဘာသာစကားကိစ္စ အပေါ် ရှင်းပြဖြစ်ခဲ့တာပါ။
မွေးမြူရေး (livestock) နဲ့ ရေလုပ်ငန်း (fisheries) ဆိုပြီး ခွဲခြားထားရခြင်းရဲ့ နောက်ထပ် အကြောင်းတစ်ချက်ကတော့ ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါ တွေဟာ မတူကွဲပြားတဲ့ သဘာဝရှိတာမို့၊ မွေးမြူထုတ်လုပ်ပုံ၊ ကျရောက်တဲ့ ရောဂါ၊ စသည်ဖြင့် ကွဲပြားတဲ့ အခြေအနေတွေ ရှိတာကြောင့်၊ စီမံခန့်ခွဲပုံလည်း ကွာခြားပါတယ်။ ဒီအပေါ်မှာလည်း မွေးမြူရေး နဲ့ ရေလုပ်ငန်း လို့ ခွဲခြားထားတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဘာသာစကားကိစ္စတွေကို ပေါ့သေးသေးတော့ တွက်လို့မရပါဘူး။ စကားလုံးတစ်လုံးအပေါ် အကောက်အယူမတူတဲ့အခါ၊ အဓိပ္ပာယ်ဖွင့်ပုံ မတူတဲ့အခါ မူဝါဒဆိုင်ရာမှာတောင် ပြဿနာ တက်နိုင်ပါတယ်။ ဘာသာစကားဟာ နေရာတိုင်းအတွက် အရေးကြီးပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all