Green Way
စပါးတစ်ဧက ကျပ် ၄ သိန်းနှုန်း MRF ထံ ချေးငွေလျှောက်ထားနိုင်

စပါးတစ်ဧက ကျပ် ၄ သိန်းနှုန်း MRF ထံ ချေးငွေလျှောက်ထားနိုင်

Green Way
Green Way 21/12/2023

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ဖို့အတွက် "စပါးစိုက်လယ်ယာမြေ ၁၀ ဧက အထက်ပိုင်သူတိုင်းကို ၁ ဧကလျှင် ၄ သိန်းထုတ်ချေးပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် လိုင်စင်ရပုဂ္ဂလိဂဘဏ်များ ညှိနှိုင်းဆောင်ရွက်နေတယ်" လို့ MRF က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

"ချေးငွေရယူလိုသူများကို အတိုးနှုန်း ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဧက ၁၀၀ အထိ ထုတ်ချေးပေးမယ်လို့ ​ကြေညာချက်မှာပါရှိပါတယ်။ ချေးငွေကာလကိုတော့ စပါးသီးနှံတစ်ရာသီ (၄-၅)လအဖြစ် ထားရှိပေးဖို့ ညှိနှိုင်းထားတယ်"လို့ MRF က ဆိုထားပါတယ်။ 

ချေးငွေလျှောက်ထားလိုသူများအတွက် လျှောက်လွှာပုံစံနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ဖော်ပြပါပုံ​တွေမှာ ကြည့်ရှုနိုင်ပါတယ်။ 

ချေးငွေရယူလိုသူ တောင်သူများအနေနဲ့ လျှောက်လွှာပုံစံမှာဖြည့်စွက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ  [email protected] ထံ email ပို့၍ဖြစ်စေ၊ ဖုန်းနံပါတ် 09-4000692470 သို့ ဆက်သွယ်၍ဖြစ်စေ သို့မဟုတ် သင့်ရာနည်းလမ်းဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo Crd#MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

Continue reading related topics, questions and articles.

5
ကိုဇော်ဇော်

ကိုဇော်ဇော်

2 years ago

၁၀ ဧကနှင့်အထက်ဆိုရင် အတန်အသင့်သုံးနိုင်သောလယ်သမားနှင့် ဧက ၁၀၀ အထိဆိုရင်သူဌေးတွေသာ သုံးနိုင်သောဒီချေးငွေက အခြေခံလယ်သမားလေးတွေအတွက်အကြုံးမဝင်ဘူးဆိုအဆင်မပြေနိုင်ပါ။အခြေခံလယ်သမားလေးတွေအတွက်ပါထည့်စဉ်းစားပေးပါလို့အကြံပြုပါရစေ။

U Ko Haik

U Ko Haik

2 years ago

ငါညီတို့ပြန်မေးရမှာက ၁နှစ်ကို၁၀ရါခိုင်နှုန်း ဆိုတော့ ၁နှစ်မှာ၁၂လ စပါးတစ်ရာသီ၅လ၆လထား အာဆို ၁၀တိုးပေးရမှာလား ၅ကျပ်တိုးပေးရမှာလား စပါးတစ်ရာသီ၆လအတိုးဆိုရင် ၁နှစ်၂၀တိုးဖြစ်သွားပြီ တနှစ်လုံးမှ၁၀တိုးဆိုရင် စပါးတစ်ရာသီ ၅ကျပ်တိုးပေါ့ ၄သိန်းယူ အတိုး၄သောင်း ပြန်ဆပ်၄သိန်း၄သောင်း ၁၂လ ၁နှစ် ၁၀တိုး ၄သိန်းယူ အတိုး၂သောင်း ပြန်ဆပ် ၄သိန်း၂သောင်း ၆လ တနှစ်၁၀တိုး နွေစပါး မိုးစပါး ရောမှ ၁၂လ တနှစ်လေ ခုတော့ စပါးတရာသီ ၄္/၅လနဲ့၁၀တိုးဆိုတော့ ၂၄ကျပ်တိုးဖြစ်နေပေါ့ သေချာအောင်မေးပြီးမှ လုပ်ကြနော်

Ma. Ma

Ma. Ma

2 years ago

မဂ်လာပါ

ayub khan

ayub khan

2 years ago

တစ်ရာ ရာခိုင်နှုန်းသူထာ တစ်သိန်းမှ တစ်သောင်း ပါလာ

Thein Htet Aung

Thein Htet Aung

2 years ago

၁နှစ်လျှင် ၁၀ရာခိုင်နှုန်းဆိုတာဘယ်လိုပေးရမှာလဲ

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....