ပြည်ပပို့ကုန် စံချိန်မီ ပဲတီစိမ်း၊ မတ်ပဲ စိုက်ပျိုးနည်းသင်တန်း
🫘 စပါးအပြီး လက်ကျန်မြေတွင်းအစိုဓာတ်နဲ့ ပဲစိုက်ပျိုးကြမယ့် ဦးကြီးတို့အတွက်
စံချိန်မီတဲ့ ပို့ကုန်ဖြစ်ဖို့အတွက်နဲ့ အထွက်နှုန်းတွေတိုးကြစေဖို့
ခုတ်ဖုံးစိုက်ချိန်ကစလို့ ခူးဆွတ်ပြီး သိုလှောင်ချိန်ထိ
_ အထွက်နှုန်းကောင်းတဲ့ မျိုးရွေးချယ်နည်း
_ အသုံးပြုရမယ့် မြေဩဇာ
_ အချိုးအစားမှန်မှန်နဲ့ ရောဂါနဲ့ ပိုး တည့်တွေ့ဆေးမယ့် လမ်းညွှန်ချက်များအပြင်
_ပိုးသတ်ဆေးဓာတ်ကြွင်းများလို့ ပြန်ပို့ခံရတာမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ရအောင် သတိပြုရမယ့် အချက်များကိုပါ ၅ရက်ကြာ သင်ကြားပေးသွားမယ့်
အစိမ်းရောင်လမ်းရဲ့ မတ်ပဲ၊ ပဲတီစိမ်း သင်တန်းဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။
သင်ကြားပေးမယ့် ပညာရှင်တွေကတော့
🧑🏫 မေးသမျှကို စိတ်ရှည်ရှည်နဲ့ အမြဲသင်ကြားဖြေကြားပေးလေ့ရှိတဲ့ ဆရာဒို့ဦးလေးနဲ့
🧑🏫 အစားအစာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ GAP guideline များကို သင်တန်းကျောင်းတွေကစလို့ စိုက်ခင်းတွေအထိ လိုက်လံပို့ချသင်ကြားပေးနေသည်သာမက စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကို အွန်လိုင်းပလက်ဖောင်းများမှ တဆင့် မျှဝေပေးနေတဲ့ ဒေါက်တာဝဏ္ဏထွန်းတို့က
⏰ နိုဝင်ဘာ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်နေ့များရဲ့ မြန်မာစံတော်ချိန် ည ၇ နာရီတိုင်းမှာ Zoom Platform ကို အသုံးပြုပြီး သင်ကြားပြသ ပေးသွားမှာပဲ ဖြစ်ပါတယ်။
‼ သင်တန်းကြေးအနေနဲ့ မြန်မာကျပ်ငွေ ၅၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီးတော့ အောက်တိုဘာ ၃၁ ရက်နေ့မတိုင်ခင် အပ်နှံထားတဲ့တောင်သူများကတော့ ၄၉၀၀၀ ကျပ် Discount နဲ့ သင်ကြားခွင့်ရရှိမှာမို့လို့..
စိတ်ဝင်စားတဲ့ မိတ်ဆွေတောင်သူများအနေနဲ့ အစိမ်းရောင်လမ်း Fb Page Messenger ဒါမှမဟုတ် Viber Number 095053570 သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါပြီရှင့်



ကိုနို်င
8 months agoထောပတ်ပဲ ပွင့်ထွေးနဲ့သီးလုံးဖေါက်ပိုးမနိုင်လို့ဘယ်လိုဆေးအုပ်စုရွှေးခြယ်ရလဲ ဖြေပေးပါ
kyaw kyaw
8 months agoဟုပ်
U Saw
8 months agoကွန်မန့်တွေ မမြင်ရပါ။ noti အနေနဲ့ တခြားသူကွန်မန့်တွေ ပေါ်လာ ပေမယ့် ဝင်ဖတ်လို့ မရပါ
myo myint myat kyaw
8 months agoသင်တန်းအပ်နှံရင်သင်ကြားတဲ့vdဖိုင်ကိုပို့ပေးတာလားတိုက်ရိုတ်ကြည့်ရှုရမှာလားခင်ဗျ
U Minn Htaik
9 months agoအားအားရှိ တောင်သူတွေကြောင့် တောင်သူတွေကြောင့် ဆိုတာထက် ဒီ ကွင်းဆက်ကြီး တခုလုံးမှာပါတဲ့ စိုက်/ဆေး ရောင်းသူမှ စ၍ စိုက်ပျိုး ---- သိုလှောင် ရောင်းဝယ် သူ အားလုံး သက် ဆိုင် လုပ်ဆောင်ကြရမှာပါ
Related articles
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....