ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ကြာကြာခံဖို့ သိထားသင့်တဲ့ အချက် (၂) ချက်
ယနေ့ခေတ် ရာသီဥတုဖောက်ပြန်လာမှု အကြောင်းအရင်းကိုလေ့လာတဲ့အခါ အစားအစာ လေလွင့်ဆုံးရှုံးမှုနဲ့ စွန့်ပစ်တာတွေက ဦးစားပေးစဉ်းစားရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ကျွန်ုပ်တို့ နေအိမ်တွေမှာ စားသုံးနေကြတဲ့ အစားအစာတွေရဲ့ သုံးပုံနှစ်ပုံကျော် ပမာဏကတော့ အမှန်တကယ် လေလွင့်ဆုံးရှုံးနေတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ဆိုရရင် တစ်ကမ္ဘာလုံးမှာ လူသားတွေကြောင့် ဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၈ ရာခိုင်နှုန်းဟာ အစားအစာ လေလွင့်ဆုံးရှုံးမှုနဲ့ စွန့်ပစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ငွေ့တွေဟာ လေထုထဲကို ဝင်ရောက်လာတဲ့အခါ ကမ္ဘာ့အပူချိန်ကို မြင့်တက်လာစေပြီး အပူလှိုင်းများ မကြာခဏ ဖြစ်ပွားခြင်း၊ ဆိုးရွားပြင်းထန်သော မှုန်တိုင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကဲ့သို့သော ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
လတ်ဆတ်တဲ့ သီးနှံတွေကို စနစ်တကျ သိမ်းဆည်းခြင်းဟာ ကျွန်ုပ်တို့အတွက် အကျိုးများစေပြီး စွန့်ပစ်ရမယ့် အစားအစာ ပမာဏကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုသိမ်းဆည်းခြင်းဟာ ငွေကုန်ကြေးကျ သက်သာစေနိုင်သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း အစားအစာ လေလွင့်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ခြင်းဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကို တိုက်ဖျက်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုအဖြစ်နဲ့ သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ သီးနှံတွေလေလွင့်ဆုံးရှုံးမှုနည်းပြီး စနစ်တကျ သိုလှောင်နိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်အလက်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
သီးနှံတွေကို သိုလှောင်သိမ်းဆည်းတဲ့အခါ ၎င်းတို့ရဲ့ ရင့်မှည့်မှုဖြစ်စဥ်ကို ဦးစွာနားလည်ဖို့ လိုအပ်ပါတယ်။ သီးနှံတွေကို ယေဘုယျအားဖြင့် အမျိုးအစား ၂ ခု ခွဲခြားလေ့ရှိပါတယ်။
- climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးတဲ့နောက် ရင့်မှည့်လာတဲ့ သီးနှံများ) နဲ့
- non - climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးသော်လည်း မရင့်မှည့်တဲ့ သီးနှံများ) ဆိုပြီး ခွဲခြားနိုင်တာ ဖြစ်ပါတယ်။

(၁) Climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးတဲ့နောက် ရင့်မှည့်လာတဲ့ သီးနှံများ)
climacteric fruit ဆိုတာ တစ်နည်းအားဖြင့် မြင်သာအောင်ပြောရရင် သီးနှံတွေကို အပင်ကနေ ခူးဆွတ်လိုက်ပေမယ့်လည်း ၎င်းတို့ဟာ ဆက်လက်အသက်ရှူနိုင်ပြီး အီသိုင်လင်းဓာတ်တွေ ထုတ်လွှတ်ကာ ရင့်မှည့်ခြင်းဖြစ်စဥ်ကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေတဲ့ သီးနှံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အီသိုင်လင်းထုတ်လွှတ်မှု စတင်တာနဲ့တပြိုင်နက် သီးနှံတွေရဲ့ ရင့်မှည့်မှုဖြစ်စဥ်ဟာလည်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီအမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံအများစုကို များသောအားဖြင့် မရင့်မှည့်ခင်မှာ ခူးဆွတ်ရိတ်သိမ်း ကြရတာ ဖြစ်ပါတယ်။ climacteric အမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေကတော့ ပန်းသီး၊ သစ်တော်သီး၊ ကီဝီသီး၊ မက်မွန်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ခရမ်းချဥ်သီးနဲ့ ထောပတ်သီးတွေ ဖြစ်ပါတယ်။
climacteric သီးနှံတွေဟာ အီသိုင်လင်းဓာတ်ကို အလွယ်တကူ ခံစားသိရှိနိုင်ပြီး အခြားသီးနှံတွေနဲ့ အတူထားရှိတဲ့အခါ အခြားသီးနှံတွေကိုပါ လျင်မြန်စွာ ရင့်မှည့်စေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် climacteric သီးနှံတွေနဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို သီးခြားစီထားပြီး သိမ်းဆည်းသင့်ပါတယ်။ အကယ်၍ အီသိုင်လင်းဓာတ် မြင့်မားစွာထုတ်လုပ်နိုင်တဲ့ ပန်းသီးတွေနဲ့ ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို ရေခဲသေတ္တာထဲမှာ အတူတူ သိမ်းဆည်းထားခဲ့ရင် အဆိုပါဟင်းသီးဟင်းရွက်တွေဟာ အဝါရောင်ပြောင်းလာပြီး ရက်အနည်းငယ်အတွင်းမှာပဲ ပုပ်သွားမှာ ဖြစ်ပါတယ်။ ထို့နည်းတူ အာလူးနဲ့ ကြက်သွန်နီတွေကိုလည်း အတူတကွမထားသင့်ပါဘူး။ အာလူးကနေ အီသိုင်လင်းဓာတ်ကို ထုတ်လွှတ်တာကြောင့် ကြက်သွန်ဥများ အရွယ်မတိုင်မီမှာ အညှောက်ပေါက်လာစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ထို့အပြင် ပျက်စီးပွန်းပဲ့သွားသော သို့မဟုတ် ကွဲသွားသော အသီးတွေဟာဆိုရင် အီသိုင်လင်း (Ethylene) ဓာတ်ကိုပိုမိုထုတ်လွှတ်နိုင်ပြီး အခြားသီးနှံများကိုပါ ရင့်မှည့်ပျော့ပျောင်းလာစေကာ မြန်မြန်ပျက်စီးစေနိုင်ပါတယ်။ အကယ်လို့ မာကျောတဲ့ ထောပတ်သီးတစ်လုံးကို ခပ်မြန်မြန်မှည့်စေဖို့အတွက် ငှက်ပျောသီး အမှည့်တစ်လုံးနဲ့ အတူထားလိုက်ပါက အီသိုင်လင်းဓာတ်ငွေ့ကြောင့် ထောပတ်သီးရဲ့ ရင့်မှည့်တဲ့လုပ်ငန်းစဥ်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင့်မှည့်တဲ့ သီးနှံတွေဟာ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ပါဝင်တဲ့ အီသိုင်လင်းဓာတ်ကို မြင့်မားစွာ ထုတ်လွှတ်နိုင်တာကြောင့် ဖြစ်ပါတယ်။
(၂) Non - climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးသော်လည်း မရင့်မှည့်တဲ့ သီးနှံများ)
ဒုတိယအမျိုးအစားဖြစ်တဲ့ non - climacteric fruit တွေရဲ့ ရင့်မှည့်မှု ဖြစ်စဥ်ကတော့ ကွဲပြားပါတယ်။ ဒီအမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေဟာ ခူးဆွတ်ရိတ်သိမ်းပြီးတဲ့နောက်မှာ အသက်ရှူတာတွေ အီသိုင်လင်းထုတ်လွှတ်တာတွေ ပမာဏအနည်းငယ်သာ ရှိတဲ့အတွက် ရင့်မှည့်တဲ့ အချိန်ရောက်မှသာ ရိတ်သိမ်းကြရတဲ့ သီးနှံတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် သီးနှံတွေရဲ့ ကောင်းမွန်တဲ့ အနံ့အရသာနဲ့ အသွင်အပြင်ကို ရရှိစေဖို့အတွက် ၎င်းတို့ရဲ့သီးနှံပင်ပေါ်မှာပဲ ရင့်မှည့်ဖို့လိုအပ်တဲ့ သီးနှံအမျိုးအစား ဖြစ်ပါတယ်။ non - climacteric အမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေကတော့ စပျစ်၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ ချယ်ရီ၊ စတော်ဘယ်ရီ၊ ငရုတ်၊ ဖရဲသီး၊ နာနတ်သီး၊ သခွားသီးနဲ့ သံပုရာသီးတို့ပဲ ဖြစ်ကြပါတယ်။ non - climacteric သီးနှံတွေကတော့ ရင့်မှည့်နေစဥ်ကာလအတွင်းမှာ အီသိုင်လင်းထုတ်လွှတ်မှုမရှိတာဖြစ်တဲ့အတွက် အခြားသော သီးနှံတွေနဲ့ အတူတကွ သိမ်းဆည်းနိုင်တာ ဖြစ်ပါတယ်။
သိုလှောင်သိမ်းရာမှာ -
အစားအစာတွေ၊ သီးနှံတွေကို အအေးခန်းတွေထဲမှာ သိုလှောင်သိမ်းဆည်းခြင်းဟာ ယိုယွင်းပျက်စီးမှုနဲ့ လေလွင့်ဆုံးရှုံးမှုတွေကို ထိရောက်စွာ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အအေးခန်းတွေမှာ သိုလှောင်သိမ်းဆည်းခြင်းဟာ သီးနှံအမျိုးအစား အားလုံးအတွက် သင့်တော်တာမျိုးတော့ မဟုတ်ပါဘူး။ အချို့သော သီးနှံတွေကတော့ အအေးခန်းတွေထက် သာမန်အခန်းအပူချိန်မှာ သိုလှောင်သိမ်းဆည်းထားခြင်းဖြင့် သက်တမ်းကြာရှည်ခံစေပြီး အရသာကိုလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ခရမ်းချဥ်၊ ကြက်သွန်၊ ငှက်ပျောသီး စတာတွေ ဖြစ်ပါတယ်။ ခရမ်းချဥ်နဲ့ ကြက်သွန်နီကို အအေးခန်းမှာ သိမ်းဆည်းထားမယ်ဆိုရင် ၎င်းတို့ရဲ့ အသွင်အပြင်နဲ့ အနံ့အရသာတွေကို ဆုံးရှုံးနိုင်မှာ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာလည်း အပူချိန်နဲ့ပတ်သတ်ရင် ထိခိုက်လွယ်တဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အအေးခန်းတွေမှာ သိုလှောင်ခဲ့ရင် အအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးအထိ ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် တရုတ်နံနံ၊ မုန်လာဥနီနဲ့ ကညွတ်ကဲ့သို့ ဟင်းသီးဟင်းရွက်တွေဆိုရင်တော့ အေးမြစိုစွတ်တဲ့ အခြေအနေကို ကြိုက်နှစ်သက်တဲ့အတွက် သီးနှံတွေရဲ့ ရင့်မှည့်ခြင်းဖြစ်စဥ်ကို နှေးကွေးသွားစေဖို့ အအေးခန်းတွေထဲမှာ ကြာရှည်စွာ သိုလှောင်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....