နှင်းဆီ၊ ဂန္ဓမာပန်း၊ သစ္စာပန်းကို ဈေးကောင်းရအောင် ဘယ်အချိန်ခူးမယ်..ဘယ်လိုပို့မယ်..
ရိတ်သိမ်းချိန်လွန်နည်းပညာဆိုသည်မှာ သီးနှံများရိတ်သိမ်းပြီးချိန်မှ စားသုံးသူထံသို့ရောက်သည့်အချိန်ထိ ယင်းကာလအတွင်း တွေ့ကြုံရသော အရည်အသွေးကျဆင်းမှု၊ ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေရန် အသုံးပြုသည့် နည်းလမ်းများကို ခေါ်ဆိုပါသည်။
လေ့လာချက်များအရ ထိုဆုံးရှုံးမှုများမှ သစ်သီးဝလံ နှင့် ပန်းမန်များတွင် ၁၅% မှ ၅၀% ခန့်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပန်းစိုက်တောင်သူများ ဆုံးရှုံးမှုနည်းစေရန်အတွက် အောက်ပါအချက်များကို လေ့လာကာဂရုပြုသင့်ပါသည်။
နှင်းဆီ (Rose)
နှင်းဆီပန်းများကို များသောအားဖြ င့် ပွင့်ဖတ် (Calyx) များ လန်ကျသွားသည့်အချိန် ပွင့်ချပ် (Corolla) ၁ ရွက်၊ ၂ ရွက်ခန့် ကွာကျသည့်အဆင့်တွင် ဆွတ်ခူးသင့်ပါသည်။ သို့ရာတွင် ပန်းအိုးထဲတွင် ပြည့်ဝစွာ ပွင့်စေရန် အဖြူရောင်မျိုးများကို ယင်းအဆင့်ထက် အနည်းငယ်နောက်ကျ၍ ခူးသင့်ပါသည်။
ပန်းများကို တာရှည်ခံစေရန် ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော Bloomlife၊ Florallife၊ Sta-fresh အစရှိသော ဓာတုပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ သကြားလက်ဖက်စားဇွန်း ၂ ဇွန်း၊ ကျောက်ချဥ်နှင့် အစွန်းချွတ်ဆေး (Chlorox) လက်ဖက်စားဇွန်း ၄ ပုံ၁ ပုံစီကို ရေ ၁ လီတာခန့်တွင်စပ်၍လည်း သုံးနိုင်ပါသည်။
ဈေးကွက်သို့ပို့သည့်အခါ အင်ဖက်များ၊ ငှက်ပျောရွက်များဖြ င့် ပတ်၍လည်းကောင်း၊ သတင်းစာစက္ကူများဖြင့် ပတ်၍ သစ်သားသေတ္တာများတွင် ထည့်၍လည်းကောင်း၊ ဈေးကွက်သို့ရောက်သည့်အခါ ထုပ်ပိုးပစ္စည်း အမျိုးမျိုးဖြင့် လှပစွာထုပ်ပိုး၍ လည်းကောင်း၊ ပန်းပွင့်များအား ထိခိုက်မှုနည်းစေရန် အသုံးပြုကြပါသည်။

ဆွတ်ခူးရန်အသင့် အဝါရောင်နှင်းဆီနှင့် ဈေးကွက်တွင် ပုံစံအမျိုးမျိုးဖြင့် လှပစွာထုပ်ပိုးထားသော နှင်းဆီပန်းများ
ဂန္ဓမာ (Chrysanthemum)
တစ်ရိုးတစ်ပွင့်ဂန္ဓမာပန်း(Standard type) များအား အပြည့်အဝ မပွင့်သေးသောအဆင့်၊ ပြင်ပပွင့်ချပ်များ (Ray floret) အနည်းငယ်လန်ချိန်တွင် ဆွတ်ခူးနိုင်ပါသည်။
ကိုင်းဖြတ်ထားသောမျိုးများ (Spray type) တွင် ထိပ်ဆုံးမှ အပွင့်အပြည့်အဝပွင့်ချိန်တွင် မြေမျက်နှာပြင်အထက် ပင်စည်ကို ၄ လက်မခန့်ချန်၍ ဆွတ်ခူးသင့်ပါသည်။ ရေစုပ်ယူမှုအားကောင်းစေရန် ပင်စည်တွင် သစ်သားတစ်ရှူး (Woody tissue) မပါရှိစေရန် ဖြစ်ပါ သည်။
ဂန္ဓမာပန်းများအား ဆွတ်ခူးပြီးပါက ပင်စည်တွင် ဖြတ်ရာအသစ် (fresh cut) ပေးပြီး ဓာတုပစ္စည်းများပါဝင်သော ပျော်ရည် (၂-၅ % sucrose+ ၂၅ ppm silver nitrate+ ၇၅ ppm citric acid) တွင် စိမ်ထားပါက ပန်းများပိုမိုလှပပြီး မညှိုးနွမ်းဘဲ ၂ ပတ်ခန့်ထိ အထားခံပါသည်။ (-၀.၅) ဒီဂရီစင်တီဂရိတ်တွင် ထားပါက ၆ ပတ်မှ ၈ ပတ်အထိ ထားနိုင်ပါသည်။

ဆွတ်ခူးသင့်သောအနေအထားနှင့် ဈေးကွက်ထဲရှိ ဂန္ဓမာပန်းအမျိုးမျိုး

ဓာတုပစ္စည်းများပါဝင်သောပျာ်ရည်တွင် မစိမ်မီပုံနှင့် စိမ်ပြီး ၇ရက်အကြာရှိပန်းများ
သစ္စာပန်း (Gladiolus)
သစ္စာပန်းများအား အဖူးများ ကျစ်လစ်နေဆဲ (Tight bud) အဆင့်၊ အောက်ဆုံးအဖူးမှစ၍ ၅ ဖူးခန့်ထိ အရောင် (Color) ပြချိန်တွင် ခူးဆွတ်သင့်ပါသည်။ ဈေးကွက်ဝေးပါက အစိမ်းရောင်အဖူးအဆင့်တွင် ခူးပြီး ဈေးကွက်သို့ရောက်သည့် အချိန်တွင် ပန်းများကောင်းစွာပွင့်ရန် ဂျစ်ဘရဲလစ်အက်ဆစ် (GA3) နှင့်သကြားရာစပ်၍ ပက်ဖျန်းပေးနိုင်ပါသည်။
ပန်းခိုင်များကို ပင်စည်အတိုအရှည်၊ ပန်းပွင့် (Floret) ပါဝင်မှု အနည်းအများပေါ်တွင်မူတည်၍ ခွဲခြားပြီး ၂၅ ခိုင်ခန့်ပါဝင်သော အစီးများ စည်းပါသည်။ သစ္စာပန်းသည် ကမ္ဘာမြေကြီး၏ ဆွဲအားကို ဆန့်ကျင်သောတုံ့ပြန်မှု (Negative geotropism) ရှိသဖြင့် ပန်းစည်းများအား ဒေါင်လိုက်ထောင်၍ ထားရပါသည်။
အလျားလိုက်ထားပါက ပန်းခိုင်များသည် ကွေးညွှတ်သွား၍ ဈေးကွက်တန်ဖိုး ကျဆင်းသွားတတ်ပါသည်။

ဒေါင်လိုက်နှင့် အလျားလိုက်ထားထားသော ပန်းစည်းအရည်အသွေး
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....