ဝါးတောများကိုစနစ်တကျစီမံအုပ်ချုပ်ခြင်း (၂)
ဝါးများကိုစနစ်တကျခုတ်ယူရာတွင် အဓိကလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ၃ နှစ်ကျော်လွန်သောဝါးများကိုသာခုတ်လှဲထုတ်လုပ်ရမည်။
- ၂ နှစ်အောက်ဝါးများကို ခုတ်လှဲခြင်းမပြုရပါ။
- နှစ်ချင်းပေါက်ဝါးများအားလုံး၏ ဝါးရင့်အား ၂၅% ချန်ထားနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။
- ဝါးရုံများအား အပြောင်ခုတ်လှဲခြင်းမပြုရပါ။
- ဝါးသီးပွင့်ခြင်းဖြစ်ပေါ်ခဲ့ပါက ဝါးရုံများကို အပြောင်ခုတ်လှဲပြီး အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရန် စီမံရမည်။
- ဝါးခုတ်ယူရာတွင်မျှစ်စို့ထွက်ရာဆန့်ကျင်ဘက်အရပ်မှစတင်ခုတ်သင့်သည်။
- အလွန်ကြပ်ညှပ်သောဝါးရုံများကို ပင်ကျပ်နှုတ်ပေး၍ဖယ်ရှားပေးရပါသည်။ ပင်ကျပ်နှုတ်ရာတွင် နှစ်ချင်းပေါက်ဝါးများကိုချန်လှပ်ထားရန်လိုအပ်ပါသည်။ သို့သော်ပိုးမွှားရောဂါ ကျရောက်နေသော နှစ်ချင်းပေါက်ဝါးပင်များကို ရှင်းလင်းဖယ်ရှားသည့်သည်။ သို့မှသာ ဝါးရုံများရောဂါဒဏ်မှ ကာကွယ်ရာရောက်ပါမည်။
- နှစ်ချင်းပေါက်ဝါးသည် လိမ်ကောက်နေပါကခုတ်ထွင်ဖယ်ရှားပေးရမည်။
- ဝါးများခုတ်လှဲသည့်အခါ နိမ့်နိုင်သ၍နိမ့်အောင်ခုတ်ရပါမည်။ မြေမျက်နှာပြင်ပေါ် ဝါးတစ်ဆစ်သာချန်သင့်ပါသည်။
- ဧပြီ နှင့် အောက်တိုဘာလကြားကာလအတွင်း ဝါးခုတ်ယူမှုမပြုရပေ။
- ဝါးတောဧရိယာအတွင်း စားကျက်ချခြင်းအား လုံးဝတားမြစ်ရမည်။
- ဝါးစိုက်ခင်းဖြစ်ပါက ဝါးရုံအောက်ခြေပတ်လည်အား မြေဖို့မြေတောင်မြှောက်ပေးခြင်းကို နှစ်စဉ်မိုးမကျမီဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
Source - BIF
Related articles
Content provider
BIF
BIF ကို ဗြိတိန် အစိုးရရဲ့နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) မှ ငွေကြေး အထောက်အပံ့ပေးထားပါသည်။ မြန်မာနိုင်ငံဧ။် ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဝါးလုပ်ငန်း အခန်းကဏ္ဍများတွင် စီးပွားရေးအရ အောင်မြင်သော၊ ထူးခြားဆန်းသစ်မှုရှိသောနှင့် ဝင်ငွေနိမ့်ပါးသော ဒေသခံများပါ အကျိုးခံစားခွင့် ရရှိစေသော စီးပွားရေးလုပ်ငန်းများ ပေါ် ထွက်လာစေရန် BIF မှ ပံ့ပိုးပေးလျှက်ရှိပါသည်။ အထက်ဖော်ပြပါ အခန်းကဏ္ဍများတွင် ဝင်ငွေနည်းပါးသူနှင့် အခွင့်အရေးနည်းပါးသူများအတွက် ပါဝင်အကျိုးခံစားခွင့် ရနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျှက်ရှိပါသည်။
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from BIF
See all