မြေဆီလွှာထဲကို ကယ်လ်စီယမ်ဓာတ် ထည့်ပေးနိုင်မယ့် နည်းလမ်းများ
အပင်တွေ ရှင်သန်ကြီးထွားဖို့နဲ့ အထွက်နှုန်းကောင်းဖို့အတွက် မြေဆီလွှာထဲမှာ သင့်တင့်တဲ့ အာဟာရဓာတ်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ အပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ် ၁၆ မျိုး လိုအပ်တယ်ဆိုတာကို တောင်သူတွေ သိရှိပြီးဖြစ်ပါလိမ့်မယ်။
အာဟာရဓာတ် ၁၆ မျိုးထဲမှာမှ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ် ဓာတ်တွေဟာ အများဆုံးလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်ပြီး တောင်သူတွေအနေနဲ့လည်း အထိတွေ့အများဆုံး အသုံးအများဆုံး အာဟာရဓာတ်တွေ ဖြစ်ပါတယ်။
ယခုဆောင်းပါးမှာတော့ အပင်တွေအတွက် ဒုတိယအများဆုံး လိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုး (ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ) ထဲကမှ ကယ်လ်စီယမ်ဓာတ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကယ်လ်စီယမ် (ထုံးဓာတ်) ရဲ့ လုပ်ဆောင်ချက်
ကယ်လ်စီယမ်ဓာတ်ဟာ မြေဆီဩဇာကို တိုးတက်ကောင်းမွန်စေပြီး မြေဆီလွှာမှာ လေဝင်လေထွက် ကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ရေစုပ်ယူမှုကောင်းစေပြီး မြေဆီလွှာ တိုက်စားခံရတာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှု ကောင်းစေတာကြောင့် အပင်ကနေ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်မှာ ဖြစ်ပြီး အပင်ညီညာမှုကိုလည်း အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ အပင်များရဲ့ ဆဲလ်ကွဲပွားမှုကို အားပေးပြီး ဆဲလ်နံရံတည်ဆောက်မှုမှာလည်း ပါဝင်လုပ်ဆောင်ပေးပါတယ်။ အစေ့အဆန်ဖြစ်ထွန်းမှုကိုလည်း အားပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ကယ်လ်စီယမ် ချို့တဲ့မှု လက္ခဏာ
ကယ်လ်စီယမ်ချို့တဲ့မယ်ဆိုရင် အရွက်နုတွေမှာ လက္ခဏာ စပြလေ့ရှိပါတယ်။ အပင်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အရွက်တွေရဲ့ ထိပ်ဖျားမှာ ဖြူပြီးတွန့်လိပ်နေတာမျိုး တစ်နည်းအားဖြင့် အရွက်တွေလောင်ထားသလိုမျိုး တွေ့ရှိရမှာ ဖြစ်ပါတယ်။ အရွက်ရဲ့ ဘေးအနားသတ်တွေမှာ အညိုရောင် အစက်အပြောက်တွေ ပေါ်လာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ တဲ့အခါ အပင်ရဲ့ အရွက်၊ အသီး၊ ပင်စည်နဲ့ အမြစ်တို့မှာလည်း ပုပ်လာတာမျိုး တွေ့ရတတ်ပါတယ်။ Necrosis (တစ်ရှူးများသေခြင်း) လို့ခေါ်တဲ့ လက္ခဏာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ အဝါရောင် အစက်အပြောက်တွေကနေတစ်ဆင့် အရွက်မှာ ရှိတဲ့ တစ်ရှူးတွေသေပြီးတဲ့နောက် အညိုရောင်ပြောင်းလဲသွားတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့မှု ပြင်းထန်ရင်တော့ အပင်ရဲ့ကြီးထွားမှုကိုပါ ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။ မြေချဉ်နေတဲ့ နေရာတွေမှာလည်း ကယ်လ်စီယမ်ဓာတ် ချို့တဲ့မှုကို တွေ့ရပါတယ်။
ဒါဆိုရင် ကယ်လ်စီယမ်ဓာတ်ကို မြေဆီလွှာထဲ ထည့်ပေးနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်ရအောင်
၁။ ကယ်လ်စီယမ် မြေဩဇာအသုံးပြုခြင်း
အထက်မှာ ဖော်ပြခဲ့တဲ့ အာဟာရဓာတ်ချို့တဲ့မှု လက္ခဏာတွေကို ကြည့်ရှုစစ်ဆေးပြီး ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကို အသုံးပြုနိုင်ပါတယ်။ ပိုပြီးသေချာတာကတော့ မိမိစိုက်ခင်း မြေဆီလွှာရဲ့ အာဟာရဓာတ်ပါဝင်မှုနဲ့ ချဥ်ငန်ကိန်းတွေကို သေချာစစ်ဆေးပြီး အမှန်တကယ် လိုအပ်တယ်ဆိုမှ အသုံးပြုတာကတော့ အထိရောက်ဆုံး ဖြစ်မှာပါ။
၂။ ထုံးထည့်ပေးခြင်း
မြေချဉ်နေတဲ့ နေရာတွေမှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့မှုရှိတယ်ဆိုတာကို အထက်မှာ မျှဝေပေးခဲ့ပြီးပါပြီ။ မြေဆီလွှာရဲ့ ချဥ်/ငန် ဓာတ်ကို တိုင်းလိုက်လို့ ၇ အောက်လျော့နည်းနေရင်တော့ မြေချဥ်တယ်လို့ သတ်မှတ်နိုင်ပြီး၊ ၇ အထက်မှာ ရှိနေရင်တော့ မြေငန်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ မြေဆီလွှာဟာ ချဉ်နေတဲ့အခါ အပင်တွေရဲ့ ရှင်သန်ဖြစ်ထွန်းနိုင်မှုကို ထိခိုက်နိုင်ပြီး အရွက်တွေဝါလာတာ၊ ပန်းမပွင့်တာ၊ အသီးတွေ မရင့်မှည့်တာ၊ အပင်မပေါက်နိုင်တာ၊ အပင်အစိတ်အပိုင်းတွေ ကြွပ်ဆတ်တာ စသည်ဖြင့် တွေ့ရှိရတတ်ပါတယ်။ မြေချဉ်ရင် ထုံးထည့်ပေးရတယ်ဆိုတာလည်း တောင်သူတွေ သိရှိပြီးဖြစ်ပါတယ်။ မိမိစိုက်ခင်းရဲ့ မြေဟာ မြေချဉ်/ငန်ကိန်းပမာဏ ၆ အောက်ကို ရောက်နေပြီး အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ဖြစ်နေတာ တွေ့ရတယ်ဆိုရင်တော့ မဖောက်ထုံးကို တစ်ဧကလျှင် ပိဿာ ၄၀ နှုန်းထည့်ပြီး မြေကို ပြုပြင်နိုင်ပါတယ်။ မိမိစိုက်ခင်းအခြေအနေပေါ် မူတည်ပြီး နှုန်းထား ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။
၃။ ကြက်ဥခွံ ထည့်ပေးခြင်း
ကြက်ဥခွံထည့်ပေးခြင်းဖြင့်လည်း မြေဆီလွှာမှာ ကယ်လ်စီယမ်ဓာတ် တိုးစေနိုင်ပါတယ်။ ကြက်ဥခွံတွေမှာ ကယ်လ်စီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ သတ္တုဓာတ်ပါဝင်ပြီး ၎င်းဓာတ်ဟာ အပင်တွေကျန်းမာသန်စွမ်းဖို့အတွက် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ကြက်ဥခွံမှာ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း အနည်းငယ်စီ ပါဝင်နေပါသေးတယ်။ ကြက်ဥခွံထည့်ပေးခြင်းရဲ့ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ မြေဆီလွှာရဲ့ ချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးတာဖြစ်ပါတယ်။ ကြက်ဥခွံတွေကို မြေဆွေးပြုလုပ်တဲ့အခါမှာ အခြားသော သဘာဝစွန့်ပစ် ပစ္စည်းတွေနဲ့လည်း ရောစပ်ထည့်သွင်းနိုင်ပါတယ်။ ကြက်ဥခွံတွေဟာ ပြိုကွဲဆွေးမြည့်ဖို့ အချိန်ယူရလေ့ ရှိတာကြောင့် မြေဆွေးပြုလုပ်တဲ့အခါ ထည့်သွင်းမယ်ဆိုရင်တော့ ကြိတ်ချေပြီး ထည့်ပေးခြင်းဟာ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ ကြက်ဥခွံထည့်ခြင်းဖြင့် မြေချဉ်/ငံကိန်းအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်တယ်ဆိုရင်တော့ ကြက်ဥခွံအမှုန့်တွေကို သောက်ပြီးလို့ကျန်ရှိတဲ့ ကော်ဖီအမှုန့်နဲ့ ရောစပ်ပြီး အပင်မှာ ထည့်ပေးနိုင်ပါတယ်။
၄။ ဂျစ်ပဆန် (ကျောက်မှုန့်) ထည့်ပေးခြင်း
ကျောက်မှုန့်မြေသြဇာ (ဂျစ်ပဆန်) ကိုတော့ တောင်သူအတော်များများ အသုံးပြုဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျောက်မှုန့်မြေသြဇာမှာဆိုရင် ကယ်လ်စီယမ်နဲ့ ဆာလဖာဓာတ်တွေ အဓိကပါဝင်တာ ဖြစ်ပါတယ်။ ကျောက်မှုန့်မြေသြဇာမှာ ထုံးဓာတ် (ကယ်လ်စီယမ်) ၂၂ ရာခိုင်နှုန်းနဲ့ ကန့်ဓာတ် (ဆာလဖာ) ၁၇ ရာခိုင်နှုန်း အသီးသီးပါဝင်ပါတယ်။ ထုတ်လုပ်တဲ့နေရာပေါ်မူတည်ပြီး အခြား အာဟာရဓာတ်တွေ အနည်းငယ် ပါဝင်တာမျိုးလည်း တွေ့ရှိရတတ်ပါတယ်။ ကျောက်မှုန့်မြေသြဇာကို မြေပြုပြင်ချိန် မြေခံမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ လယ်မြေတွေမှာသာမက ဥယျာဉ်ခြံမြေတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ၁ ဧကကို ၃ အိတ်ကနေ ၄ အိတ်အထိ အသုံးပြုနိုင်ပါတယ်။ ကျောက်မှုန့်မြေသြဇာဟာ မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုကောင်းမွန်စေပြီး ရေစိမ့်ဝင်မှုနဲ့ လေဝင်လေထွက်များကိုလည်း ကောင်းစေပါတယ်။ အဲ့ဒီအတွက် အပင်ရဲ့အမြစ်တွေဟာလည်း မြေဆီလွှာကို ကောင်းကောင်း ထိုးဖောက်နိုင်ပြီး ရေနဲ့ အာဟာရဓာတ်တွေကို အလွယ်တကူစုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျောက်မှုန့်မြေသြဇာဟာ မြေဆီလွှာကို ပြုပြင်နိုင်ရုံသာမက သီးနှံပင်တွေရဲ့ ရောဂါဒဏ် ခံနိုင်ရည်ရှိမှုကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် မြေဆီလွှာအတွင်းမှာရှိနေတဲ့ အလူမီနီယမ်ဓာတ် အဆိပ်သင့်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ မြေဆီလွှာရဲ့ ချဉ်/ ငန် ဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သီးနှံပင်တွေရဲ့ အမြစ်ကြီးထွားမှုကိုလည် အထောက်အကူပြုပေးနိုင်ပါတယ်။

၅။ ရွက်ဖျန်းမြေဩဇာ အသုံးပြုခြင်း
အပင်တွေမှာ ကယ်လ်စီယမ်ချို့တဲ့မှုကို အမြန်ဆုံးတွန်းလှန်နိုင်မယ့် နည်းလမ်းကတော့ ရွက်ဖျန်းမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ဖြစ်ပါတယ်။ ရွက်ဖျန်းဆေးအသုံးပြုခြင်းကြောင့် အမြစ်ကနေ လုံလောက်အောင် စုပ်ယူနိုင်ခြင်းမရှိတဲ့ အာဟာရဓာတ်တွေကို အရွက်မှာရှိတဲ့ လေရှူပေါက်တွေကနေတဆင့် တိုက်ရိုက်စုပ်ယူစေပြီးမှ အပင်ရဲ့အခြားသော အစိတ်အပိုင်းများဆီကို ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဟာ အပင်အတွက် အမှန်တကယ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပင်ဆီသို့ အတိအကျပို့ပေးနိုင်ပါတယ်။ ကယ်လ်စီယမ် ရွက်ဖျန်းမြေဩဇာပြုလုပ်ရာမှာ ကြက်ဥခွံ၊ ပင်လယ်ရေညှိ ရေမှော် စတာတွေကို အသုံးပြုနိုင်ပါတယ်။
ကြက်ဥခွံ ရွက်ဖျန်းမြေဩဇာ ပြုလုပ်ပုံကတော့ ကြက်ဥ အလုံး ၂၀ ကနေ ရရှိတဲ့ အခွံတွေကို ရေ ၁ ဂါလံနဲ့ ပြုတ်ရပါမယ်။ ပွက်ပွက်ဆူလာတဲ့အခါ မီးဖိုကနေချပြီး ၂၄ နာရီ အအေးခံရပါမယ်။ ပြီးလျှင် အခွံတွေကို စစ်ယူပြီး အရည်ကို လေလုံတဲ့ ဗူးထဲထည့်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာမှာ ထားရပါမယ်။ အသုံးပြုပုံကတော့ ကြက်ဥခွံအရည် လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးကို ရေ ၁ လီတာနဲ့ ရောစပ်ပြီး အပင်တွေကို ပက်ဖျန်းပေးနိုင်ပါတယ်။ ၁ ပတ်ကို ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။
ပင်လယ်နဲ့ မြစ်ချောင်းတွေထဲက ကျောက်ဆောင် ကျောက်တုံးတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ရေညှိရေမှော်တွေကို အသုံးပြုပြီးတော့လည်း ရွက်ဖျန်းမြေဩဇာ ပြုလုပ်နိုင်ပါတယ်။ ရေညှိရေမှော်တွေမှာ ဘရိုမင်း (Bromine) နဲ့ အိုင်အိုဒင်း (Iodine) ဓာတ်တွေ အနည်းငယ် ပါဝင်နေပြီး နိုက်ထရိုဂျင်၊ အိုင်းယွန်း၊ ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေကတော့ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ရွက်ဖျန်းမြေဩဇာ ပြုလုပ်မယ့် ရေညှိရေမှော်တွေကို စုဆောင်းထားပြီးနောက် ရေစင်အောင် ဆေးကြောရမှာ ဖြစ်ပါတယ်။ ပြီးလျှင် ရေညှိရေမှော်တွေကို လှီးဖြတ်ပြီး ရေ ၂ ဂါလံနဲ့ ရောကာ ပုံးတစ်ခုထဲမှာ ထည့်ထားရပါမယ်။ ပုံးကို အဖုံး ပိတ်တဲ့အခါ လေလုံတဲ့အထိ တင်းကျပ်နေအောင် မပိတ်ရဘဲ ခပ်လျော့လျော့ ထားပေးရမှာ ဖြစ်ပါတယ်။ ၎င်းအရောအနှောကို ၁၄ ရက်လောက်ကြာအောင် ထားပြီးတဲ့နောက် အရည်ကိုစစ်ယူပြီး အပင်တွေကို ပက်ဖျန်းပေးနိုင်ပါတယ်။ ရေညှိရေမှော် အဖက်တွေကိုတော့ အပင်ခြေမှာ ပုံပေးနိုင်ပါတယ်။ ရေညှိဖျော်ရည် လက်ဖက်ရည် ပန်းကန်လုံး ၂ - ၃ လုံးကို ရေ ၁ ဂါလံနဲ့ ရောစပ်ပြီး ကယ်လ်စီယမ် ရွက်ဖျန်းမြေဩဇာအနေနဲ့ အသုံးပြုနိုင်ပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.gardeningknowhow.com/
https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကယ်လ်ဆီယမ်ဓာတ်
yehtet
2 years agoကျေးဇူးအများကြီးတင်ပါတယ်
khin win
3 years agoဘယ်လိုထုံးမျိုးလဲ့
U kyaw
3 years agoကွမ်းစားထုံးကိုအသူံပြ လို ရ့လားဗျ
Zayar
3 years agohi
ဦးစိုးလင်းအောင်
3 years agoကျေးဇူးတင်ပါတယ်
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....