ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ရောဂါများ(၂)
၅။ အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရောဂါ
ရောဂါလက္ခဏာများ
- ရောဂါသည် ကနဦးတွင် အဝါရောင်ပုံစံရှိပြီး ရွက်ပြားပေါ်တွင် ပြန့်ကျဲသော အစက်များဖြင့် ပျံ့နှံ့နေကာ နောက်ပိုင်းတွင် အဆိုပါအစက်များသည် တစ်ဖြေးဖြေးကျယ်ပြန့်လာကာ အရွက်များပေါ်တွင် အဝါရောင်အကွက်နှင့် အစိမ်းရောင်အကွက် တစ်လှည့်စီပေါ်လာသည်ကို တွေ့ရသည်။
- အသစ်ဖြစ်ပေါ်လာသော အရွက်များ လုံး၀အဝါရောင်ပြောင်းသွားသည်။ ရောဂါကျအပင်များ ပုသွားကြကာ အသီးအနည်းငယ်သာတင်သည်။
- ဤဗိုင်းရပ်စ်ကို Bemisia tabaci ယင်ဖြူက သယ်ဆောင်ဖြန့်ဖြူးသည်။
ကာကွယ်နှိမ်နင်းခြင်း
- ရက် (၄၀) သားအထက်ရှိ ပဲပင်များတွင် ရောဂါလက္ခဏာတွေ့ပါက နှုတ်ပစ်ပါ။
- အချိန်တိုင်း လက်ခံပေါင်းများကို ဖယ်ရှားပါ။
- နွေရာသီ ထယ်ရေးနက်နက်ထိုးပါ။
- မျိုးစေ့တစ်ကီလိုဂရမ်လျှင် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်ရမ် (Thiram) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။
- ရေတစ်လီတာလျှင် ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းရောစပ်ကာ ရောဂါကျနေရာကို ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။
- ပန်းပွင့်ကာလအတောအတွင်း ရေမငတ်အောင် သတိပြုပါ။
- စိုက်ပြီး ရက် (၄၀) သား ပဲပင်များရောဂါကျပါက နှုတ်ပစ်ပါ။
၆။ မှည့်ပြောက်စွန်းရောဂါ
ရောဂါလက္ခဏာများ
- အပင်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ရောဂါကျသည်။
- အရွက်များအပေါ်က ဒဏ်ရာများသည် ညိုရင့်ရောင်ရှိကြသည်။
- သီးတောင့်များပေါ်တွင် အမဲရောင်ချိုင့်ဝင်နေသော ဒဏ်ရာများကို တွေ့ရသည်။
- ရောဂါကျပဲစေ့များသည် အညိုမှအမဲ၊ ထိုမှတစ်ဆင့် အရောင်ပျောက်သွားကြသည်။
- စိုထိုင်းဆများသောအခြေအနေတွင် ရောဂါဒဏ်ရာများကို ပန်းရောင်မှိုစပိုး အများကြီး ကဖုံးလွှမ်းထားကြသည်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါကင်းသောမျိုးစေ့ကို စိုက်ပျိုးပါ။
- ရောဂါခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးပါ။
- ပဲတောင့်ရှည်များခူးဆွတ်ပြီးပါက အပင်အကြွင်းအကျန်များကို စိုက်ခင်းထဲက ဖယ်ရှားပြီး ဖျက်ဆီးပစ်ပါ။
- ၂- ၃ နှစ်တစ်ခါ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။
- အပင်ပေါ်ကရေလောင်းခြင်းကို ရှောင်ပါ။
- ပေါင်းနှိမ်နင်းပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွန်းစာအတိုင်းအ သုံးပြုပါ။
- ကာဘင်ဒါဇင် (Carbendazim)
- မန်ကိုဇက်ဘ် (Mancozeb)
၇။ ဘက်တီးရီးယားပျော့ပုပ်ရောဂါ
ရောဂါလက္ခဏာများ
- ရောဂါသည် အရွက်များ၊ ပင်စည်များ၊ အသီးများနှင့် မြေအောက်အပိုင်းများတွင် သေးငယ်သည့် ရေစိုနာ အလင်းဖောက်နိုင်သော စက်ပြောက်များအဖြစ်ပေါ်လာကြသည်။
- ထိုစက်ပြောင်များသည် ပိုပြီးရှည်လာကာ ပိုပြီးနက်ရှိုင်းလာကြသည်။
- လက်ခံတစ်ရှူးများ ပျော့လာပြီး အရည်ကျဲလာသည်။
- အပင်တစ်ရှူးများ ပုပ်ဆွေးသွားကြသည်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါကျအပင်များကို ချက်ချင်းဖယ်ရှားပါ။
- ပဲတောင့်ရှည်သီးများကို ခူးဆွတ်ပြီးပါက အပင်အကြွင်းအကျန်များကို ဖယ်ရှားပါ။
- ရေသွင်း၊ ရေထုတ်ကောင်းသော မြေတွင် စိုက်ပါ။
- အပင်ပေါ်က ရေလောင်းခြင်းကို ရှောင်ပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။ ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)
- မန်ကိုဇက်ဘ် (Mancozeb)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
ကောင်းမြတ်မင်း
1 year agoပဲပင်များအရွက်များလိပ်ပြီးနူသလိုဖြစ်နေပါတယ် ကူညီပေးကျပါအုံး
Kyaw lay
3 years agoတချို.ကအရက်အဆီ နို.ဆီဘူးတလုံးရေလေးဂါလံဆေးဖျန်းတပုံးစပ်ဖျန်းရတယ်ပြောတယ်
ရဝေကို
3 years agoပါဝါပလန့်ဖြန်းပါ
aye min aung
4 years agoသိရင်ပြောပြေပးပါလား
aye min aung
4 years agoပဲတောင့်ရှည် အရွက်တွင့်တာဘာေဆးဖြန်းကမလဲ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020