ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ရောဂါများ(၁)
၁။ ဖားဥမှိုရောဂါ
ရောဂါလက္ခဏာများ
- ပဲပင်၏ မည်သည့်အရွယ်တွင်မဆို ရောဂါကျရောက်သည်။
- ရောဂါစကျသည်နှင့် အရွက်များပေါ်တွင် အဖြူရောင် ပေါင်ဒါအမှုန့်များကို တွေ့ရသည်။
- သေးငယ်သော အဖြူရောင် ပေါင်ဒါအကွက်ကလေးများ အရွက်များပေါ်တွင် ပထမဦးစွာ ပေါ်လာသည်။
- ရောဂါကျရောက်နေသော အရွက်များသည် ခရမ်းရောင်သို့ပြောင်းသွားပြီး နောင်တွင် သေသွားသည်။
- ရောဂါကျရောက်မှု ပြင်းထန်ပါက ပင်စည်များ၊ ရွက်နုများနှင့် အသီးများတွင် အဖြူရောင်ပေါင်ဒါမှုန့်ဖြင့် ဖုံးအုပ်ထားသည်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါစကျသည်နှင့် (၁၀) ရက်ခြားတစ်ခါ တမာစေ့ခွံစစ်ကျရည် ၅% သို့မဟုတ် တမာဆီ ၃% ကို (၂) ကြိမ်ပက်ဖျန်းပါ။
- ယူကလစ်အရွက်စစ်ကျရည် ၁၀% ကို ရောဂါစကျသည့်အကြိမ် တစ်ကြိမ်နှင့် နောက် ၁၀ ရက်ခြားတွင် တစ်ခါထပ်ခါဖျန်းပါ။
- ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းအသုံးပြုပါ။
၂။ သံချေးမှိုရောဂါ
ရောဂါလက္ခဏာများ
- ရောဂါလက္ခဏာသည် အများအားဖြင့် အရွက်၏အောက်ဖက်မျက်နှာပြင်ဖက်တွင် နီညိုရောင် စက်ဝိုင်းကွက်များအဖြစ်ပေါ်လာပြီး ပဲသီးများတွင် အကျနည်းပြီး ပင်စည်များတွင် ပြန့်ကျဲကျဲရှိသည်။
- အရွက်များတွင် ဆိုးဝါးစွာကျပါက ပဲရွက်၏မျက်နှာပြင်နှစ်ဖက်စလုံးတွင် သံချေးမှိုစုများဖြင့် အပြည့်ဖုံးထားသည်။
- အရွက်များတွန့်ရှုံံ့ပြီး အရွက်များကြွေကျခြင်းကြောင့် အထွက်လျော့နည်းစေသည်။
ကာကွယ်နှိမ်နင်းခြင်း
- မန်ကိုဇက်ဘ် (Mancozeb) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်း အသုံးပြုပါ။
၃။ ဖျူစေရီယမ်ပင်ညှိုးရောဂါ
ရောဂါလက္ခဏာများ
- ကနဦးတွင် အရွက်များသည် ဖျော့တော့ပြီး လျော့ရဲကာ တွဲလျောင်းကျနေပြီး အကျိုးဆက်အားဖြင့် အများကြီးညှိုးနွမ်းသွားသည်။
- အောက်ခြေမှအထက်ထိ တစ်ဖြေးဖြေး သို့မဟုတ် ရုတ်တရက်ညှိုးနွမ်းသွားသည်ကို တွေ့ရသည်။
- ရက်အနည်းငယ်အတွင်း အပင်တစ်ပင်လုံး ညှိုးနွမ်းသွားကြသည် သို့မဟုတ် သေသွားကြသည်။
- ဤရောဂါကို ပဲခင်းထဲတွင် အကွက်လိုက်တွေ့ရသည်။
- အနက်ရောင်အစင်းများကို မြေကြီးအောက် ပင်စည်၏အခေါက်နှင့် ရေသောက်မြစ်ကို ဖယ်ကြည့်သောအခါ တွေ့ရသည်။
- ရောဂါကျပင်စည်တွင် မှိုမျှင်စုများဖြင့်ပိတ်နေသောအစာကြောကို အစာကြောအညိုရောင်သန်းခြင်းဖြင့် မြင်တွေ့နိုင်သည်။
- ဤရောဂါသည် မြေဆောင်ရောဂါဖြစ်သည်။
ကာကွယ်နှိမ်နင်းခြင်း
- မျိုးစေ့တစ်ကီလိုဂရမ်လျှင် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်ရမ် (Thiram) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။
- တစ်ဧကလျှင် တမာကြိတ်ဖတ် ၆၀ ကီလိုဂရမ်နှုန်း မြေကြီးထဲထည့်ပါ။
- ရေတစ်လီတာလျှင် ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာ အတိုင်း ရောစပ်ကာ ရောဂါကျနေရာအား ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။
၄။ ဒေါင်းနီးရွက်ခြောက်ရောဂါ
ရောဂါလက္ခဏာများ
- အရွက်များပေါ်တွင် အဝါရောင်စက်ပြောက်ငယ်များကိုတွေ့ရသည်။
- အရွက်များ၏အောက်ဖက်မျက်နှာပြင်တွင် ပန်းရောင်မှိုများကို မြင်ရသည်။
- ရွက်အိုများသေသွားကြသည်။
ကာကွယ်နှိမ်နင်းခြင်း
- ပဲတောင့်ရှည်ခူးဆွတ်ပြီးချိန်တွင် အပင်အကြွင်းအကျန်များကို ဖျက်ဆီးပါ။
- စိုက်ခင်းထဲက အပင်များကို ဖယ်ရှားပါ။
- အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- Metalaxyl + Chlorothalonil (မက်တာလာဇီ + ကလိုရိုသာလိုနေးလ်)
- Metalaxyl (မက်တာလာဇီ)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Min Thu
2 years agoဆရာ ပဲပင်အရွက်နုလေးတွေကို ပိုးချနေတယ် ဘာဆေးတွေ ဖျန်ရမလည်း စိုက်ထားတာ ဆယ်ရက်ကျော်ပြီး ဆရာ
koko
4 years agoပဲတောင့်ရှည်စိုက်နည်းလေးသိချင်လို့ပါဗျာ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020