ဖျာပုံမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများ ဇွန်၁၀-၁၃ ရက်အတွင်း သတိပြုရမည့် ရောဂါ (၃) မျိုး
ဖျာပုံနဲ့ ဘိုကလေးကြားက လယ်မြေတွေမှာ မိုးရာသီအတွင်း မိုးများတယ်၊ စိုထိုင်းဆကလည်း ၉၀% နဲ့ ၁၀၀% ကြားမှာအမြဲရှိနေပြီး မြေဆီလွှာကလည်း စွတ်စိုနေတာများပါတယ်။
ဇွန်လ ၁၀ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် ၂ ပတ်တာကာလအတွင်းမှာ အရှေ့ ၁ ပတ်က မိုးအားလျော့နေပြီး နောက်ရက် ၁ ပတ်မှာ မိုးတွေ ပြန်များလာနိုင်ပါဦးမယ်။ မိုးဦးကာလကုန်သည်အထိ(ဇွန်လ ၃၀ ရက် အထိ) အခုလို စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုအခြေအနေကို ဆက်ပြီးရင်ဆိုင်နေကြရဦးမှာမို့ အပင်တွေအပေါ်လေထုစိုထိုင်းဆများချိန်အတွင်း သက်ရောက်နိုင်မဲ့ ရောဂါတွေလဲ ဆက်များနေနိုင်ပါဦးမယ်ဗျာ။
ဇူလိုင်လအတွင်းမှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအောက်ရောက်နိုင်ကြောင်း၊ ရက်ဝေးခန့်မှန်းချက်တွေမှာ မိုးလယ်ကာလပြီးဆုံးချိန်(31st August)အထိ မိုးရွာတာက နှစ်စဉ်ရွာသွန်းမြဲအောက်လျော့နေနိုင်သေးကြောင်း၊ နေသာချိန်/နေသာရက် နည်းပြီး မိုးအုံ့နေနိုင်မဲ့ ရက်တွေ များနေသေးကြောင်း တွေ့ရပါတယ်။ (ရေးသားသူ - မိုးလေဝသပညာရှင် ဦးဝင်းနိုင်)
ဒါကြောင့် လာမယ့် လေးရက်အတွက် စိုထိုင်းစ ၉၀ ရာခိုင်နှုန်းအထက်ရှိနေပြီး အပူချိန် ၂၅ -၂၈ ဒီဂရီစင်တီဂရိတ်ရှိနေမယ့် ဖျာပုံမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့်
စပါးဂုတ်ကျိုးရောဂါ၊ စပါးဘက်တီးရီးယား ရွက်စင်းရောဂါနဲ့ စပါးမြစ်ဖုနီမတုတ်ရောဂါတို့ကို သတိထားကြဖို့အတွက် အစိမ်းရောင်လမ်းက သတိပေးလိုက်ရပါတယ်ရှင်

#စပါးဂုတ်ကျိုးရောဂါ ကာကွယ်ကုသနည်း
၁။ စပါးဂုတ်ကျိုးရောဂါ လက္ခဏာပါတဲ့ စပါးပင်တွေကို နှုတ်(သို့) ရိတ်ပစ်ရပါမယ်။ ရိတ်ပြီး စပါးခင်းနဲ့နီးတဲ့နေရာ၊ ကန်သင်းပေါ်တွေမှာပဲ ထားခဲ့လို့ မရပါဘူး။ စပါးခင်းနဲ့ ဝေးရာကို အိတ်တစ်ခုခုနဲ့ထည့်ယူသွားပြီး မီးရှို့ဖျက်ဆီးပစ်ရပါမယ်။
၂။ စပါးခင်းထဲမှ ရေကို လျှော့ပေးရပါမယ်။ ရေလျှော့ပေးလိုက်ရင် စပါးခင်းထဲမှ စိုထိုင်းဆတွေကို လျှော့ချနိုင်တဲ့အတွက် စပါးဂုတ်ကျိုးရောဂါ ပွားများမှုကိုလည်း ဟန့်တားနိုင်ပါတယ်။
၃။ စပါးဂုတ်ကျိုးရောဂါကျနေတာကို သိတာနောက်ကျလို့ပဲဖြစ်ဖြစ် အခြေအနေဆိုးနေပြီဆိုရင်တော့ ဆေးဖျန်းဖို့လိုအပ်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာလည်း ပင်လုံးပြန့်မှိုသတ်ဆေး ကို ရွေးချယ် အသုံးပြုရပါမယ်။ ဆေးဖျန်းတဲ့အခါမှာ ပိုးသတ်ဆေးတွေ နဲ့ မှိုသတ်ဆေးတွေ ရောစပ်ပြီး အသုံးမပြုသင့်ပါဘူး။ နောက်ပြီး စပါးဂုတ်ကျိုးရောဂါအတွက် ဆေးဖျန်းတဲ့အခါ သိထားသင့်တာက ရောဂါလက္ခဏာ နည်းတဲ့ဖက်ကစပြီး ဖျန်းသင့်ပါတယ်။ ရောဂါလက္ခဏာ များတဲ့ဖက်ကို နောက်ဆုံးမှ ဖျန်းသင့်ပါတယ်။
အထက်မှာ ဆွေးနွေးခဲ့တဲ့အချက်တွေကတော့ ရောဂါကျနေပြီဆိုရင် အရေးတကြီး ချက်ချင်း လုပ်ဆောင်ရမယ့် နည်းတွေဖြစ်ပြီး ရေရှည်အတွက် လုပ်ဆောင်ရမယ့် အချက်တွေကတော့
၁။ စပါးဂုတ်ကျိုးရောဂါ ကျခဲ့တဲ့အခင်းကို စပါးရိတ်သိမ်းပြီးချိန်ရင် ရိုးပြတ်တွေကို မီးရှို့ရပါမယ်။
၂။ စပါးဂုတ်ကျိုးရောဂါဟာ မျိုးစေ့ကနေလည်း ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ရောဂါကျ စပါးခင်းမှ စပါးတွေကို မျိုးအဖြစ် အသုံးမပြုသင့်ပါဘူး။
၃။ စပါးစိုက်ပျိုးခြင်းမှာ ပုလဲမြေသြဇာတစ်မျိုးတည်း အဓိကထားမသုံးဘဲ တီဆူပါ၊ ပိုတက်မြေသြဇာများ တွဲဖက်ပြီး အချိုးညီ မျှတစွာ အသုံးပြုရပါမယ်။ (ရေးသားသူ - အောင်ကိုဝင်း)
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
#စပါးဘက်တီးရီးယားရွက်စင်းရောဂါ
လက်ခံပေါင်းပင်တွေကို ဖယ်ရှားပြီး စပါးခင်းကို သန့်ရှင်းနေပါစေ။ စပါးရိုးပြတ်တွေ၊ ကောက်ရိုးတွေ၊ ရောဂါ တစ်ဆင့်လက်ခံပင်တွေကို ထယ်ထိုးမြေမြှုပ်ပါ။
၁။ အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အချိုးညီသုံးစွဲပါ။
၂။ စပါးခင်းနဲ့ ပျိုးခင်းမှာ ရေထုတ်ကောင်းမွန်ပါစေ။
၃။ ဆိုးဝါးစွာရေလွှမ်းခံရပါက စပါးခင်းထဲက ရေကို ထုတ်ပစ်ပါ။
၄။ မြေကြီးနဲ့ စပါးပင်ကြွင်းပင်ကျန်က ဒီဘက်တီးရီးယားကို သေစေဖို့ ပလပ်ကာလအတွင်း စပါးခင်းကို အခြောက်ခံထားပါ။ (ရေးသားသူ - ဒေါက်တာကိုကို)
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
#စပါးမြစ်ဖုနီမတုတ်
၁။ အဆက်မပြတ်ရေလွှမ်းပါ။
၂။ ရေလွှမ်းထားတဲ့ မြေကြီးပေါ်မှာ စပါးပျိုးပင်တွေကို ပြုစုပါ။
၃။ မြေကြီးထဲကို အဆိပ်ငွေ့မှိုင်းတိုက်ပစ္စည်း အသုံးပြုပါ သို့မဟုတ် နီမတုတ်သတ်ဆေးကို မြေကြီးထဲကို ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။ (ရေးသားသူ - ဒေါက်တာကိုကို)
ရောဂါအသေးစိတ်ကိုတော့ အစိမ်းရောင်လမ်းရဲ့ ပိုးမွှားနဲ့ ရောဂါကဏ္ဍအောက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပေးပါရစေရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Win Ko Thu
1 year agoကျေးဇူးပါ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026