ဆန်ပိုးမကျရောက်အောင် သိုလှောင်ထိန်းသိမ်းနည်း
သိပ္ပံအမည် - Sitophilus oryzae
အိမ်က ဆန်အိုးထဲမှာတွေ့ရတတ်တဲ့ ဆန်ပိုးဆိုတာ အိမ်ရှင်မတွေအတွက်ကတော့ မမြင်ချင်မှအဆုံးဖြစ်ပါလိမ့်မယ်။ ဆန်ပိုးကောင်များဟာဆိုရင် ဆန်မှာသာမက မုယောစပါး၊ ဂျုံ၊ ပြောင်း၊ နှံစားပြောင်း၊ နေကြာ၊ ကောက်နှံခြောက်အပါအ၀င် အစေ့အဆန်မျိုးစုံမှာကျရောက်တဲ့ သိုလှောင်အဖျက်ပိုးများပဲ ဖြစ်ပါတယ်။
ဆန်ပိုးဟာ အပူပိုင်းဒေသတွေမှာပေါက်ပွားတဲ့ ပိုးအမျိုးအစားဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်ပြီး ၂-၃ မီလီမီတာပဲ ရှိပါတယ်။ အတောင်ပါတဲ့ ဒီအင်းဆက်ပိုးလေးတွေဟာ နီညိုရောင်မှ အမည်းရောင်ပြောင်းသွားလေ့ရှိပြီး သူတို့ရဲ့ ရှေ့ဘက်အတောင်မှာ အဝါရောင် (သို့မဟုတ်) အနီရောင် အစက် ၄ စက်ပါရှိပါတယ်။ သူတို့ရဲ့ "နှာတံ" ဟာဆိုရင် ခန္ဓာကိုယ် စုစုပေါင်းအလျားရဲ့ ၃ ပုံ ၁ ပုံ ခန့်ရှိတာကြောင့် ထူးခြားတယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့ သားလောင်းအဆင့်မှာဆိုရင် လုံးဝန်းပြီး နို့နှစ်ရောင်ရှိတဲ့ ခန္ဓာကိုယ်နဲ့ အမည်းရောင် ဦးခေါင်းပါရှိပါတယ်။ အရွယ်ရောက်ပြီး ဆန်ပိုးကောင်ရဲ့ သက်တမ်းဟာ ၃ လကနေ ၆ လလောက်အထိရှိကြပါတယ်။ ဆန်ပိုး အမ တွေဟာဆိုရင် သူတို့ရဲ့ သက်တမ်းမှာ ပျမ်းမျှအကောင်ရေ ၃၀၀ ကနေ ၄၀၀ ထိ ပေါက်ပွားနိုင်ကြပါတယ်။
ဆန်ပိုးက အန္တရာယ်ဖြစ်စေလား ?
ဆန်ပိုးဟာ အကောင်ငယ်ဘဝမှာရော အကောင်ကြီးအဆင့်မှာပါ လူတွေကိုရောဂါဖြစ်စေတာမျိုး၊ နာကျင်အောင်ကိုက်နိုင်တာမျိုးမရှိတဲ့အတွက် အန္တရာယ်ပေးနိုင်စွမ်းမရှိပါဘူး။ သို့သော်လည်း သီးနှံတွေသိုလှောင်တဲ့အခါမှာ ကျရောက်တာဖြစ်လို့ သိုလှောင်သီးနှံတွေမှာ ညစ်ညမ်းမှုဖြစ်စေသလို အရည်အသွေးပိုင်းဆိုင်ရာနဲ့ ဝယ်ယူရောင်းချရာမှာလည်း ထိခိုက်စေနိုင်ပါတယ်။
ဆန်ပိုးဘာကြောင့်ကျ?
ဆန်ပိုးများကို သီးနှံများမရိတ်သိမ်းခင် စိုက်ခင်းထဲနှင့် ရိတ်သိမ်းပြီး ပြုပြင်ထုတ်ပိုးချိန်မှာသာမက နောက်ဆုံး စားသုံးသူထံရောက်ရှိသွားသည်အထိ တွေ့ရတတ်ပါတယ်။ ဆန်သိုလှောင်တဲ့ကာလ ကြာရှည်ခြင်းနဲ့ ကြိတ်ပြီးနောက်ရရှိလာတဲ့ ဆန်သားရဲ့အရည်အသွေးပေါ်မူတည်ပြီးတော့ ဆန်ပိုးကျရောက်မှု အခြေအနေကွာခြားနိုင်ပါတယ်။ ဆန်စေ့ရဲ့ ဆန်သားအတွင်းပိုင်းမှာ အပေါက်ငယ်များပါရှိခြင်းနဲ့ သိုလှောင်ရာမှာ စိုထိုင်းဆမြင့်မားခြင်းတို့ဟာ ဆန်ပိုးပေါက်ပွားဖို့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ မိမိအိမ်မှာ တစ်နိုင်တစ်ပိုင် သိုလှောင်တာမျိုးမှာကိစ္စမရှိပေမယ့် ဆန်ကိုစီးပွားဖြစ် များများသိုလှောင်မယ်ဆိုရင်တော့ သင့်တော်တဲ့ အစိုဓာတ်၊ လေဝင်လေထွက်ရရှိမှုနဲ့ အင်းဆက်ပိုးမွှား ကျရောက်မှုများကို ပုံမှန်စစ်ဆေးနေဖို့ လိုအပ်ပါတယ်။
စားသုံးသူများအနေနဲ့ဆိုရင် အိမ်မှာထားရှိတဲ့ဆန်များကို အောက်ပါအတိုင်း အတိုင်းစနစ်တကျ သိုလှောင်ထားသင့်ပါတယ်။
- ဆန်ကို အလုံပိတ်ထားနိုင်တဲ့ ပုံး (သို့) အိုး ဖြင့်ထည့်ထားပြီး အေးမြ ခြောက်သွေ့သောနေရာတွင်ထားပါ။
- မိသားစုရဲ့ ဆန်စားသုံးမှုအပေါ်မူတည်ပြီး ပမာဏ အနည်းအများ ချိန်ဆကာဝယ်ယူပါ။
- ဆန်ထည့်မည့်ပုံးအား ဆန်အသစ်ထပ်မထည့်ခင်မှာ ကြိုတင်ဆေးကြော သန့်စင်ထားပါ။
- ဆန်ပိုးကျရောက်မှု ရှိ၊ မရှိ ပုံမှန် စစ်ဆေးပါ။
ဒါ့အပြင် အိမ်ရှင်မတွေ ပြုလုပ်လေ့ရှိတဲ့ ရိုးရာနည်းလမ်းတွေကတော့ ဆန်ထည့်တဲ့ အိုး (သို့မဟုတ်) ပုံးထဲကို
- ချင်းတက် ထည့်ခြင်း
- အောင်မဲညိုပန်း ထည့်ခြင်း
- ငရုတ်သီးခြောက် ထည့်ခြင်း
- ဩဇာရွက်ခြောက် ထည့်ခြင်း
- လောက်သေရွက် ထည့်ခြင်း
- ကြက်သွန်နီ ထည့်ခြင်း စသည်ဖြင့် မိမိတို့ လက်လှမ်းမီတဲ့ နည်းလမ်းလေးတွေနဲ့လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပါကြောင်း ...
ဇင်ထူးနိုင်
ကိုးကားချက်
https://www.sfa.gov.sg/food-information/risk-at-a-glance/rice-weevils
Continue reading related topics, questions and articles.
Topic 1
စပါးရိတ်သိမ်းချိန်လွန်နည်းပညာ
Applicable farm inputs (Ad)
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026