စပါးဖုံးလုံးချိန်မှာ သတိမူသင့်တဲ့ ဆစ်ပိုး
- အင်္ဂလိပ်အမည် - Rice Stem Borer
- သိပ္ပံအမည် - Scirpophaga incertulas
စပါးဆစ်ပိုး လို့ ဆိုလိုက်တာနဲ့ ဘယ်လိုအကောင်မျိုးလဲ?
ဘယ်အချိန် ကျတတ်သလဲ? ဘယ်လောက် ဆိုးရွားသလဲ ? ဆိုတာတောင်သူတွေ သိပြီးသားပါ။
ဘာလို့လဲ ဆိုတော့ နှစ်စဉ် နှစ်တိုင်းလိုလို ဒီပိုးကောင်တွေနဲ့ နပန်းလုံးနေရတာကိုး။
ဆိုတော့ စပါးဆစ်ပိုးဘယ်နှစ်မျိုးရှိသလဲ???
- ၁။ အဝါရောင်ဆစ်ပိုး (Yellow stem borer)
- ၂။ အစင်းပါ ဆစ်ပိုး (Striped stemborer)
- ၃။ ခေါင်းမဲ ဆစ်ပိုး (Black headed striped stemborer)
- ၄။ ပန်းရောင် ဆစ်ပိုး( Pinked stemborer)
- ၅။ အဖြူရောင်ဆစ်ပိုး(White stemborer)
- ၆။ ရွှေရောင်ပန်းပွား ဆစ်ပိုး(Golden fringed stemborer)
မြန်မာနိုင်ငံ အပါအဝင် အာရှ/အရှေ့တောင်အာရှမှာ အများဆုံးကျရောက်ဖျက်ဆီးတာက အဝါရောင်ဆစ်ပိုများ ဖြစ်ပါတယ်။
စပါးဆစ်ပိုး..ဘာကြောင့်ဆိုးလာသလဲ???
၂၀၀၈-နာဂစ် နောက်ဆက်တွဲ ဆိုကျိုးအနေနဲ့ ဧရာဝတီတိုင်းက ဆစ်ပိုးတွေ အညာမြေကို ခရီးနှင်စေပါတယ်။
ဆစ်ပိုးဖလံတွေဟာ၂၀၁၀ လောက် မှာ တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပြီး စပါးပြီး စပါးသီးထပ်စိုက်တဲ့ ဒေသတွေမှာ နှိမ်နင်းလို့ မနိုင်အောင် ဖြစ်ခဲ့ပါတယ်။
ရွှေဘို ဘေးကြားစပါးခင်းတွေမှာဆိုလည်း ပျိုးခင်းကတည်းက ဆစ်ပိုးပါလာပြီး စိုက်ခင်းလည်းရောက်ရော ကောက်ပင် မလှန်နိုင်ဘဲကောက်ရိုးတွေ ရေမျောနေသလို ဖြစ်ရပါတယ်။
တောင်သူတွေမှာ ဆစိပိုးကျနေမှန်းသတိမထားမိတော့ ပင်စည်ထဲဝင်ပြီး အူတိုင်ကို ထိုးဖောက်စားတော့ ခေါင်နှံတွေ အဖြူထွက်လာမှ ဆစ်ပိုးကျမှန်းသိရပါတယ်။
ဆေးဖျန်း လို့လည်းမဖြစ်၊ ဖျန်းပြန်တော့လည်း ပိုးမနိုင်
စပါးပင်က သခင်မချစ်သမျှတော့ တံစဉ်လွတ်ခဲ့ရတဲ့ နှစ်တွေ ရှိခဲ့တယ်။
စပါးဆစ်ပိုး စတင်ကျရောက်နေမှန်း ဘယ်လိုသိနိုင်မလဲ?
- စပါးပျိုးခင်းမှာ ဖြစ်စေ ကြဲသားခင်း ၂၀ရက် - တစ်လသားမှာဖြစ်စေ စပါးပင်ရဲ့ အလယ်ရွက် တစ်ရွက်ရွက်မှာ တစ်ရွက်တည်းဖြူခြောက်နေရင် အဲဒီစပါးခင်း ဆစ်ပိုးရောက်နေပါပြီ။
- နောက်တခါ စပါးရွက်ရဲ့ထိပ်ပိုင်း ၃ပုံ ၁ပုံလောက် အရွက်ပြားပေါ်မှာ ဥမြုံတွေ့ရတတ်ပါတယ်။ (ဥမြုံပေါ်မှာ.အဖြူဖျော့ရောင်၊ အဝါရောင်အမွေးလေးတွေဖုံးထားပါတယ်)

စပါးပင် ဘယ်အရွယ်မှာ ဆစ်ပိုးကျတတ်သလဲ?
- စပါးပင် ရက်၂၀-၃၀ ရက်သား အရွယ်မှာ စတင်ကျရောက်တတ်လို့ မိမိစပါးခင်းကို ၃ ရက်တစ်ကြိမ် ကွင်းဆင်းစစ်ဆေးပါ။ (အရွက်တွေပေါ် ဥမြုံ ရှိမရှိ၊ အရွက် ဖြူခြောက်ရှိမရှိ)
- ပျိုးခင်းမှ ပါလာသောဆစ်ပိုးကို စိုက်ခင်းသို့ပါလာပါက နှိမ်နင်းရခက်တတ်ပါတယ်။
- စပါးပင် ဖုံးလုံးချိန် ဆစ်ပိုးကျရောက်ပါက အနှံသန္ဓေ မအောင်ဘဲ နှံဖြူတွေ ထွက်လာပါတယ်။
ဆစ်ပိုးမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်မလဲ??
- လယ်ထဲက အပင်အကြွင်းအကျန်တွေကို ထယ်မှောက်ပါ (သို့မဟုတ်) ရေသွင်းပြီး ထွန်ထယ်ဝင်ပါ။
- ပျိုးပင် အရွက်ဖျားရှိ ဥမြုံများကို ရှာဖွေဖျက်ဆီးပါ။
- ပျိုးစည်းများကို မစိုက်မီ တံစဉ်ဖြင့် ထိပ်ဖြတ်ပြီးမှ စိုက်ပါ။
- ကောက်ကွက်မစိပ်လွန်းအောင် (သို့မဟုတ်) အပင်မထူအောင်ဂရုစိုက်ပါ။
- စပါးအပြီး စပါးသီးနှံ ထပ်ကာထပ်ကာ စိုက်ခြင်းမပြုပါနှင့်။
- ဆစ်ပိုးဒဏ်ခံနိုင်သော စပါးမျိုးများကို စိုက်ပါ။
- သက်တမ်းတို၊ အရပ်ပု စပါးမျိုးစိုက်ပါ။ (ဥပမာ-IR-20/IR-26)
ဆစ်ပိုးကျရောက်ပါက ဘယ်လို နှိမ်နင်းရမလဲ
၁။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
- Telenomus spp (တီလီနိုမက်စ်)၊ Tetrastichus spp (တထြာစတီခက်စ်) ၊ Trichogramma spp (ထရိုင်ခိုဂရမ်မား) စတဲ့ ကပ်ပါးနကျယ်များမွေးမြူ၍ ကပ်ပါးပြုခြင်း။
- ဆစ်ပိုးဥများကို သားရဲကောင်များလွှတ်၍ ဖျက်ဆီးစေခြင်း။ (ဥပမာ ချို ရှည်နှံကောင်များ၊ အရွယ်ရောက်ပြီး ပင့်ကူများ....)
၂။ ဓာတု ပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း။
- ဖစ်ပရိုနေးလ်
- ကလိုရမ် ထရာနိလီပရိုး
- ဘီတီ
- ပရိုဖီနိုဖော့+လမ်ဘဒါ
- အီမာမက်တင်+သိုင်ယာမီသိုဇင်
- ကာဘိုဆာလဖန်
- ကာတက်ဟိုက်ဒြိုကလိုရိုဒ်
ဖော်ပြပါ ဆေးအုပ်စုများမှ တမျိုးမျိုးကို အညွှန်းပါအတိုင်း စနစ်တကျအသုံးပြုနိုင်ပါတယ်။

အထူးသတိပြုရမည့်အချက်များ
စပါးဆစ်ပိုးသည် ရွက်ဖုံးမှတဆင့် အဆစ်ထဲသို့ ဝင်ရောက်ပြီး အူတိုင်အတွင်းသားကို စားသောက်ဖျက်ဆီးပါတယ်။
တဖြည်းဖြည်း အပင်ခြေအထိရောက်နိုင်ပါတယ်။ အကယ်၍ ဆစ်ပိုးကျရောက်သောစပါးခင်းကို ရေမထုတ်ဘဲ ပိုးသတ်ဆေးဖျန်းပါက ထိရောက်မှု မရှိတာတွေ့ရပါတယ်။
(ပိုးသတ်ဆေးဖျန်းလျှင် ရေထုတ်ပြီးမှ ဖျန်းပါ)
စပါးဖုံးလုံးချိန် ဆစ်ပိုးကျရောက်ပါက စပါးအထွက်နှုန်း ဆုံးရှုံးနိုင်ပါသဖြင့် ကြိုတင်ကာကွယ်ဆေး ဖျန်းထားဖို့လိုပါတယ်။
(စပါး၂ လသားအရွယ်မှာ၊ ဆစ်ပိုး ဥကန်းဆေး Profenofos/Acetamepridဖျန်းပေးပါ။ ဆေးဖျန်းသည့်အခါတိုင်း စွဲကပ်ပျံ့နှံ့ဆေး အသုံးပြုပါ။) ဆစ်ပိုးကာကွယ်ဆေးဖျန်းလျှင် အပင်ခြေပိုင်းအထိ ဆေးရောက်အောင် ဖျန်းပေးပါ။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးဆစ်ပိုး
Applicable farm inputs (Ad)
MG NYO
3 months agoရေထုတ်ပီးဖျန်းပါတယ် ဖျန်းပီးနောက်ရက် ရေအခက်အခဲကြောင့်ရေပြန်ထည့်ရပါတယ် ဆေးအာနိသင်ပျယ်သွားလားဗျ
ဗိုလ်မြင့်
2 years agoဘာဆေးသုံးရမလဲဗျ
ဗိုလ်မြင့်
2 years agoစပါးခင်းကအပေါ်ကဝါနေလို့
San Htun
2 years agoနှစ်တိုင်းလိုဖြစ်နေပါတယ်
ဒို့ဦးလေး
2 years agoဆေးရဲ့ အေအိုင်တွေရေးထားပါတယ်။ ကာတက် သို့မဟုတ် ကာဘိုဆာလဖန် မှတ်သွားပြီး ဆေးဆိုင်မှာ မေးဝယ်ပါဗျ။ ေကာ်ရည် ထည့်ပြီး အပင်အောက်ပိုင်းထိ နှံ့စပ်အောင်ဖျန်းပါ။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....