ငရုတ်ခင်းထဲက ဆိုးရွားတဲ့လှေးပိုးကို ဒီလိုကာကွယ်မယ်
တောင်သူဦးကြီးများ၏ ငရုတ်ခင်းတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော လှေးပိုးသည် နှိမ်နှင်းရန်ခက်ခဲပြီး နှစ်စဉ် ငရုတ်အထွက်နှုန်းကို ဆိုးရွာစွာထိခိုက်စေတာကို တွေ့ရပါတယ်။ ငရုတ်တွင် ကျရောက်သော လှေးပိုးမျိုးစိတ်နှစ်မျိုးမှာ Scirtothrips dorsalis နှင့် Rhipiphorothrips cruentatus တို့ဖြစ်ပါတယ်။ Scirtothrips dorsalis အရွယ်ရောက်ကောင်သည် ကောက်ရိုးဝါရောင်ရှိပြီး အမသည် အရွက်နု၊ အဖူးနုများအတွင်း ပဲစေ့ပုံရှိသော အဖြူရောင်ဥများကိုဥပါတယ်။ သားပေါက်ရန်ကြာချိန်မှာ ၃-၈ ရက်ကြာပြီး အကောင်ပေါက်လာသော သားလောင်းများသည် သေးငယ်ပြီး အနီရောင်ခန္ဓာကိုယ်ရှိ၍ နောက်ပိုင်းတွင် အညိုရောင်ပြောင်းလာပါတယ်။ သားလောင်းများသည် ရုပ်ဖုံးဘဝသို့ရောက်သောအခါ အပင်ပေါ်မှပြုတ်ကျ၍ ၎င်းတို့၏ ဖွံဖြိုးမှုကို မြေကြီးထဲတွင် သို့မဟုတ် လက်ခံပင်အောက်ခြေရှိ အရွက်ဆွေးပုံများထဲတွင် ပြီးဆုံးပါသည်။ ရုပ်ဖုံး pupa ဘဝတွင် ၂-၅ ရက်ကြာပါတယ်။ Scirtothrips dorsalis သည် ငရုတ်အပါအဝင် သရက်၊ ရှောက်၊ စတော်ဘယ်ရီ၊ စပျစ်၊ ဝါ၊ လက်ဖက်၊ မြေပဲ၊ ဘလူးဘယ်ရီ၊ နှင်းဆီစသော လက်ခံပင်တော်တော်များတွင် ကျရောက်နိုင်ပါတယ်။ Rhipiphorothrips cruentatus အရွယ်ရောက်ကောင်မှာ သေးသွယ်ပြီး အညိုရင့်ရောင်ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိ၍ အဝါရောင်အတောင်များရှိပြီး 1.4mm ရှည်လျားပါတယ်။
ဖျက်ဆီးခံရသော လက္ခဏာများ
သားလောင်းနှင့် အရွယ်ရောက်အကောင်းမျာသည် အရွက်နု၊ အဖူးများ၏ အောက်မျက်ပြင်တွင် နေထိုင်စားသောက်ကြပါတယ်။ အရွက်တစ်ရှူးများကိုထိုးဖောက်၍ အပင်ရည်များကို စုပ်ယူပါတယ်။ လှေးပိုးကျရောက်ခံရသော အရွက်မျာသည် ငွေရောင်အကွက်များဖြစ်ပေါ်လာပြီး အရွက်မျက်နှာပြင်ကျုံ့သွား၍ အရွက်များ အရောင်ပြောင်းလာပြီး လိပ်လာပါတယ်။ ဆိုးရွားစွာကျရောက်ပါက အရွက်များတွင် မူမမှန်သောပုံစံများတွေ့ရပြီး နောက်ပိုင်းတွင် အချိန်မတိုင်ခင် အရွက်ကြွေခြင်းများ ဖြစ်စေပါတယ်။ ပန်းပွင့်များတွင်ကျရောက်လျှင် ပွင့်ဖက်များခြောက်ပြီး ကြွေကျစေပါတယ်။ အဖူးများ ကြွပ်ဆတ်၍ ကြွေကျစေပါတယ်။ အပင်ငယ်စဥ်တွင် ကျရောက်ပါက ကြီးထွားမှုရပ်တန့်ခြင်း၊ ပန်းပွင့်ခြင်း၊ အသီးဖြစ်ပေါ်ခြင်းကို ထိခိုက်စေပါတယ် ။ငရုတ်သီးများတွင် ကျရောက်လျှင် အသီးမျက်နှာပြင်ပေါ်တွင် အနာဖေးများ၊ ငွေရောင်အနာကွက်လေးများမြင်ရ၍ စျေးကွက်တွင် စျေးကောင်းမရခြင်း၊ ဈေးကွက်မဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးကျရောက်သော်လည်း ခြောက်သွေ့သောလများနှင့် နိုက်ထရိုဂျင်မြေဩဇာ(ပုလဲ)များစွာကျွေးထားသော စိုက်ခင်းများတွင် ကျရောက်မှုအမြင့်ဆုံးဖြစ်ပါတယ်။ လှေးပိုးတွေဟာ ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်လာတတ်ပြီး ကိုက်ခံရသော ဒဏ်ရာမှတစ်ဆင့် မှိုရောဂါများလည်း ဝင်ရောက်လာနိုင်ပါတယ်။
ကာကွယ်နှိမ်နှင်းနည်း
- ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
- လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် အဝါရောင်စေးကပ်ထောင်ချောက်များကို ပိုးကျသောအပင်များအနီးတွင် ချိတ်ဆွဲထားပါ။
- လှေးပိုးပွားများမှုကိုစစ်ဆေးရန် ငရုတ်ပျိုးပင်းများပေါ် ရေဖျန်းပေးပါ။
- လှေးပိုးသားလောင်းနှင့် အရွယ်ရောင်ကောင်များကို ငရုတ်ကိုင်းကို ရိုက်ခြင်း၊ အရွက်များ၊ အပွင့်များကို လှုပ်ပေးခြင်းဖြင့် ကင်းထောက်စစ်ဆေးပါ။
- ငရုတ်ခင်းနှင့် ကပ်ရပ်တွင် လှေးပိုးကိုခံနိုင်ရည်မဲ့သော အပင်များစိုက်ပျိုးခြင်းကို ရှောင်ရှားပါ။
- လှေးပိုးသားလောင်းများ အပေါ်ယံမြေကြီးသို့ ရောက်လာပြီး နေထိသေစေရန် ထယ်ထိုးထွန်မှောက်ပေးပါ။
- ဆိုးရွားစွာပိုးကျသောအပင်များ၊ အရွက်များကို ဖယ်ရှားပါ။
- ငရုတ်ခင်းကို ရေပုံမှန်သွင်းပေးပါ။
- ပူပြင်းခြောက်သွေ့သောရာသီတွင် လှေးပိုးပေါက်ဖွားမှု မြင့်မားသောကြောင့် ရေမကြာခဏ သွင်းပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ များစွာကျွေးခြင်းက အပင်များလှေးပိုးကျရောက်မှုကို ခံနိုင်ရည်ရှိပြီး ပိုမိုကျရောက်နိုင်သောကြောင့် နိုက်ထရိုဂျင်မြေဩဇာပိုလျှံစွာကျွေးခြင်းရှောင်ရှားပါ။
- စိုက်ခင်းအတွင်းနှင့် ပတ်လည်တွင်ရှိသော ပေါင်းများကို ရှင်းလင်းပါ။ လှေးများခိုအောင်းနေနိုင်ပါတယ်။
- ငရုတ်နှင့် ကြက်သွန်နီ ရောနှောစိုက်ပျိုးခြင်းရှောင်ရှားပါ။
- လှေးပိုးများ ပျံနှံ့ခြင်းကို ကာကွယ်ရန် လေကာပင်များစိုက်ပျိုးထားပါ။
- စိုက်ခင်းတွင် မိတ်ဆွေပိုးများကိုထိန်းသိမ်းရန် ပိုးသတ်ဆေးအလွန်အကျွံအသုံးပြုခြင်းရှောင်ရှားပါ။
ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းမည်ဆိုပါက
- အီမီဒါကလိုပရစ် 70% WS ၁၂ ဂရမ်ကို မျိုးစေ့ ၁ kg နှင့် လူးနယ်စိုက်ပျိုးပါ။
- အီမီဒါကလိုပရစ်၊ ဒိုင်မီသိုရိတ်၊ အီမာမက်တင်ဘန်ဇိုရိတ်၊ ဖစ်ပရိုနေး စသော အဆိပ်ပစ္စည်းတမျိုးမျိုးပါဝင်သော ဆေးများကို ဆေးထုပ်တွင်ပါဝင်သောအညွှန်းအတိုင်း တလှည့်စီ သုံးပေးပါ။ ပိုးသတ်ဆေးတစ်မျိုးတည်း အသုံးပြုခြင်းရှောင်ရှားပါ။
Reference
https://plantix.net/en/library/plant-diseases/600136/chilli-thrips
https://agritech.tnau.ac.in/crop_protection/chilli/chilli_1.html
http://ipm.ucanr.edu/PMG/PESTNOTES/pn7429.html
Continue reading related topics, questions and articles.
Topic 1
ငရုတ်လှေးပိုး
ĐĐ
3 years agohello
Thiha
4 years agook
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from အေးပွင့်ဖြူ
See all
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....