ပဲတီစိမ်းတွင် ကျရောက်တတ်သော ရောဂါများကို ကာကွယ်နှိမ်နင်းနည်း (၁)
၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum lindemuthianum)
ရောဂါလက္ခဏာများ
• ဤမှိုသည် အပင်ကြီးထွားမှု၏ မည်သည့်အဆင့်မဆို လေပေါ်ပိုင်းအစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။
• ရောဂါလက္ခဏာများသည် အရွက်များနှင့် ပဲသီးတောင့်များပေါ်တွင် စက်ဝိုင်းပုံဖြစ်ကာ အနက်ရောင်ဗဟိုနှင့် တောက်ပသည့် လိမ္မော်နီရောင်အနားသားနှင့်အတူ အနက်ရောင်နေလောင်စက်များဖြစ်သည်။
• ဆိုးဝါးစွာကျရောက်ပါက ရောဂါကျအပိုင်းများ ညှိုးနွမ်းသွားသည်။ အစေ့အညှောင့်ပေါက်သည်နှင့် ရောဂါကျ ရောက်မှုကြောင့် ပျိုးပင်ပေါက်များခြောက်သွားကြသည်၊၊
ကာကွယ်နှိမ်နင်းနည်း
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ကာဘင်ဒါဇင် (Carbendazim)
- မန်ကိုဇက်ဘ် (Mancozeb)
၂။ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight: Xanthomonas phaseoli)
• ဤရောဂါလက္ခဏာသည် အရွက်မျက်နှာပြင်ပေါ်တွင် မြောက်မြားစွာသော အညိုရောင်ခြောက်သွေ့သည့် ဖောင်း ကြွ အစက်ပြောက်များဖြင့် အစပြုသည်။
• ရောဂါဆိုးဝါးပါက မြောက်မြားစွာသော အစက်များသည် ပေါင်းစည်းသွားကြကာ အရွက်များအဝါရောင်ဖြစ် လာ ပြီး အချိန်မတိုင်ခင် ကြွေကျသွားသည်။
• အရွက်၏ အောက်ဖက်မျက်နှာပြင်တွင် ဖောင်းကြွအစက်များဖြစ်ပေါ်မှုကြောင့် အနီရောင်ပေါ်လာသည်။
• ဤဘက်တီးရီးယားသည် မျိုးစေ့ဆောင်ရောဂါဖြစ်သည်။
• ပင်စည်နှင့် ပဲသီးတောင့်များတွင်လည်း ရောဂါကျရောက်တတ်သည်။
ကာကွယ်နှိမ်နင်းနည်း
• ရောဂါကင်းသောမျိုးစေ့ကို အသုံးပြုပါ။
• အမှိုက်များနှင့် အကြွင်းအကျန်များကို ဖျက်ဆီးပါ။
• အောက်ပါပိုးသတ်ဆေးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)
၃။ စာကိုစပိုးရား ရွက်စက်ပြောက်ရောဂါ (Cercospora Leaf Sport: Cerospora canescens)
ရောဂါလက္ခဏာများ
• ဤရောဂါသည်ပဲတီစိမ်းတွင်အရေးကြီးသောရောဂါတစ်ခုဖြစ်ကာအထွက်ကိုအကြီးအကျယ်ဆုံးရှုံးစေပြီးဆိုးဝါး သောပုံစံဖြင့်တွေ့ရလေ့ရှိသည်။
• ထွက်ပေါ်လာသောအစက်များသည်ညိုနုရောင်ဗဟိုနှင့်နီညိုရောင်အနားသားနှင့်အတူမြောက်မြားစွာ သောသေးငယ်သည့်အစက်များဖြစ်ကြသည်။အလားသဏ္ဍာန်တူသောအစက်များကိုအကိုင်းများနှင့်ပဲသီးတောင့်များပေါ်တွင်လည်းတွေ့ရသည်။
• ပတ်ဝန်းကျင်အခြေအနေပေးပါကပန်းပွင့်ချိန်နှင့်ပဲသီးတောင့်ချိန်တွင်အရွက်များပေါ်တွင်ဆိုးဝါးသည့်အစက်ဖြစ် ပေါ်ကာအရွက်များကြွေကျခြင်းကိုတွေ့ရသည်။
ကာကွယ်နှိမ်နင်းခြင်း
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ကာဘင်ဒါဇင် (Carbendazim)
- မန်ကိုဇက်ဘ် (Mancozeb)
၄။ ရွက်တွန့်ကွေး ဗိုင်းရပ်စ်ရောဂါ (Leaf Crinkle Disease: Leaf Curl Virus)
• အစောဆုံးရောဂါလက္ခဏာများသည် အနုဆုံးအရွက်များပေါ်တွင် အချို့ အလျားလိုက်ရွက်ကြောများပတ်လည် နှင့် အရွက်အနားသားအနီးရှိ ပဲကိုင်းများတွင် ခြောက်သွေ့နေသည်။
• အရွက်များသည် အနားသားမှ အောက်သို့ ကွေးနေသည်။
• အချို့အရွက်များ တွန့်လိမ်နေသည်။
• အရွက်အောက်ဘက်မျက်နှာပြင်တွင် ရွက်ရိုးအထိ ဆန့်ထွက်လာသော နီညိုရောင် အရောင်ပျက်ခြင်းကို ရွက် ကြောများတွင် တွေ့ရသည်။
• စိုက်ပြီး(၅)ပတ်အတွင်း ဤရောဂါလက္ခဏာပြသော ပဲပင်များသည် ပုမြဲပုနေကာ ထိုအပင်အများစုသည် တစ် ပတ် နှစ်ပတ်အတွင်း ထိပ်ပိုင်းခြောက်သွားခြင်းကြောင့် သေသွားကြသည်။
• အပင်ကြီးထွားမှုနောက်ပိုင်း ရောဂါကျသောပဲပင်များတွင် အရွက်များ ဆိုးဝါးစွာကောက်ကွေးတွန့်လိမ်မသွားဘဲ ရွက်ကြောတစ်လျှောက် မည်သည့်နေရာမဆို သိသာထင်ရှားသည့် ခြောက်သွေ့ခြင်းကိုတွေ့ရသည်။
• စိုက်ခင်းထဲကရောဂါသည် ပဲစေ့များ သို့မဟုတ် ရောဂါကျအရွက်များကို ရောဂါကင်းအရွက်များက ပွတ်တိုက်မိပါက ဖွံ့ဖြိုးလာသည်။
ကာကွယ်နှိမ်နင်းနည်း
• ကန်သင်းဘေးတွင် နှံစားပြောင်းစိုက်ပါ။
• တစ်ဧကလျှင် အဝါရောင်ကော်ထောင်ခြောက် (၅) ခုတပ်ဆင်ပါ။
• (၄၅) ရက်အထက်ကြီးသော ရောဂါကျအပင်များကို ဖယ်ရှားပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- သိုင်ယာမက်သိုဇင် (Thiamethoxam)
- တမာဆီ (Neem oil)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....