ပဲတီစိမ်းတွင်ကျရောက်တတ်သော ရောဂါများကို ကာကွယ်နှိမ်နင်းခြင်း(၂)
၅။ မက်ခရိုဖိုမီနာ ရွက်ခြောက်ရောဂါ (Macrophomina Blight: Macrophominaphaseolina)
ရောဂါလက္ခဏာများ
• ရောဂါလက္ခဏာများသည် ပင်စည်၏အောက်ခြေတွင် ဖောင်းကြွနေသော အဖြူရောင်သစ်ပုပ်နာများအဖြစ် (၄) ပတ်သား ပဲပင်များတွင် ပေါ်လာကြသည်။
• ၎င်းတို့သည် တဖြည်းဖြည်းကြီးမားလာကာ အပေါ်ဖက်သို့ပျံ့နှံ့ကာ ဖောင်းကြွသော အညိုရောင်အစင်း ကြောင်းများသို့ ပြောင်းသွားကြသည်။
• ပဲပင်များ ပုသွားကြကာ အရွက်များသည် အစိမ်းရင့်ရောင်ဖြစ်ကာ ပြောက်ကြားဖြစ်လာပြီး အရွယ်သေးသွားကြသည်။
• ပဲပင်များပေါ်မှ ပုံမှန်ပဲရွက်များ ရုတ်တရက်ကြွေကျပြီး ခြောက်သွားကြသည်။
• ပန်းပွင့်ခြင်းနှင့် ပဲသီးတောင့်သီးခြင်းကို အကြီးအကျယ်အလျာ့နည်းစေသည်။
• ရောဂါကျပဲပင်များကို ပင်စည်မြစ်ဆက်နေရာမှအောက်သို့ ဒေါင်လိုက်ခွဲကြည့်ပါက အတွင်းပိုင်းတစ်ရှူးများ အနီရောင် ပျက်သွားခြင်းကို မြင်တွေ့နိုင်ပြီးအတွင်းပိုင်းအမြစ်တစ်ရှူးများအဖြူရောင်ဖြစ်လာကြသည်။
• ဤရောဂါသည်မျိုးစေ့၊ မြေကြီး၊ ရောဂါကျအပင်အစိတ်အပိုင်းများနှင့် လက်ခံပင်များတွင် အသက်ရှင်နေ ထိုင်နိုင် သည်။
• အပူချိန်မြင့်မားလေလေ ရောဂါဆိုးဝါးမှုမြင့်မားလေလေဖြစ်သည်။
• ဤမှိုသည် မြေကြီး၏အပေါ်ယံလွှာတွင် အသက်ရှင်နေထိုင်နိုင်ပြီး ပင်စည်မှတစ်ဆင့် အပင်ထဲသို့ဝင်ရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
• နွေရာသီတွင်ထယ်ရေးနက်နက်ထိုးပါ။
• သီးလှည့်စိုက်ပါ။
• တစ်ဧကလျှင်မြေဆွေး (၅)တန်ထည့်ပေးခြင်းသည်ရောဂါကျရောက်ကိုလျော့နည်းစေသည်။
• အပင်အကြွင်းအကျန်များကိုမြေကြီးထဲမြှုပ်ပစ်ခြင်းဖြင့်ရောဂါကျအပင်များကိုဖျက်ဆီးပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကိုပိုးသတ်ဆေးဘူး(သို့မဟုတ်)အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။
- ကာဘင်ဒါဇင် (Carbendazim)
- သိုင်ရမ် (Thitram)
၆။ အဝါရောင်မိုစိတ်ရောဂါ (Yellow Mosaic –Mungbean Yellow Mosaic Virus)
ရောဂါလက္ခဏာများ
• ကနဦးတွင် အရွယ်ငယ်များတွင် ပြန့်ကျဲနေသောအဝါရောင်အစက်များ ပေါ်လာကြသည်။ အစက်များသည် တဖြည်း ဖြည်းအရွယ်အစားကြီးမားလာကြကာ အချို့အရွက်များ လုံး၀ဝါသွားကြသည်။
• ရောဂါကျအရွက်များတွင်လည်း ဆဲလ်သေလက္ခဏာများကိုတွေ့ရသည်။
• ရောဂါကျအပင်များ ပုသွားကြကာ ရင့်မှည့်မှုနောက်ကျကာ ပန်းနှင့်ပဲသီးတောင့်အနည်းငယ်သာ ထုတ်လုပ်သည်။
• ရောဂါကျပဲပင်များ၏ ပဲသီးတောင့်များ အရွယ်အစားသေးသွားကြကာ အဝါရောင်ပြောင်းသွားပြောင်းသွားကြသည်။
• ဤရောဂါကိုယင်ဖြူ (Bemisia tabaci) က သယ်ဆောင်ဖြန့်ဖြူးခြင်းဖြစ်သည်။
ကာကွယ်နှိမ်နင်းခြင်း
• ကန်သင်းဘေးတွင် နှံစားပြောင်းစိုက်ပါ။
• တစ်ဧကလျှင် အဝါရောင်ကော်ထောင်ချောက် ၅ခု တပ်ဆင်ပါ။
• (၄၅) ရက်သားအထက်ရှိသော ရောဂါကျပဲပင်များကိုနှုတ်ပစ်ပါ၊၊
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- တမာဆီ (Neem Oil)
၇။ ဖားဥမှိုရောဂါ (Powdery Mildew : Erysiphe polygoni)
ရောဂါလက္ခဏာများ
• ပဲပင်၏မည်သည့်အရွယ်တွင်မဆိုရောဂါကျရောက်သည်။
• ရောဂါစကျသည်နှင့်အရွက်များပေါ်တွင်အဖြူရောင်ပေါင်ဒါအမှုန့်များကိုတွေ့ရသည်။
• သေးငယ်သောအဖြူရောင်ပေါင်ဒါအကွက်ကလေးများအရွက်များပေါ်တွင်ပထမဦးစွာပေါ်လာသည်။
• ရောဂါကျရောက်နေသောအရွက်များသည်ခရမ်းရောင်သို့ပြောင်းသွားပြီးနောင်တွင်သေသွားသည်။
• ရောဂါကျရောက်မှုပြင်းထန်ပါကပင်စည်များ၊ ရွက်နုများနှင့်ပဲသီးတောင့်များတွင်အဖြူရောင်ပေါင်ဒါမှုန့်ဖြင့်ဖုံးအုပ်ထားသည်။
ကာကွယ်နှိမ်နင်းခြင်း
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
-ကာဘင်ဒါဇင် (Carbendazim)
-တမာစေ့ခွံစစ်ကျရည် (Neem Seed Kernel Extract)
-ယူကလစ်ရွက်စစ်ကျရည် (Eucalyptus Leaf Extract)
၈။ မြစ်ပုပ်နှင့်ရွက်ခြောက်ရောဂါ (Root Rot and Leaf Blight :Rhizoctoniasolani)
ရောဂါလက္ခဏာများ
• ရောဂါလက္ခဏာများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်သေးငယ်ပြီး ရေစိုနာကွက်ရှိကာ စိမ်းဖျော့ရောင်ရှိသောဒဏ်ရာများကို ပဲရွက်များပေါ်တွင်ဖြစ်ပေါ်လာသည်။
• ရွက်အိုများပေါ်တွင် ဖြစ်ပေါ်လာသော အစက်အပြောက်များသည် တဖြည်းဖြည်းနှင့် အရေအတွက်ရောအရွယ်အစားပါ ကြီးလာပြီး နီညိုရောင်ပဲရွက်များအဖြစ်ပြောင်းလာကာ ရွက်နုများသို့ ကူးစက်သွားသည်။
• မှိုမျှင်များကြောင့်ဖြစ်ပေါ်လာသော ပန်းရောင်ပင့်ကူအိမ်တွင် မြောက်မြားစွာသော အဖြူရောင်ဖျော့တော့ခြင်းကို တွေ့ ရသည်။
• တိုက်ခိုက်ခံရသောပဲရွက်များ ကြွေကျသွားသည်။ ပဲကိုင်းအရေအတွက်နည်းလာသည့် အကျိုးရလဒ်အဖြစ် ပဲအထွက် သိသိသာသာ ကျဆင်းသွားသည်။
ကာကွယ်နှိမ်နင်းခြင်း
• မျိုးစေ့အား ထရိုင်ဂိုဒါးမားမှို (Trichoderma)ဖြင့် ဆေးဘူး၊ ဆေးအိတ်ပါအညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။
• ဇင်ဖော့စ်ဖိတ် (Zinc phosphate) အား ထောက်ခံနှုန်းထားအတိုင်း မြေခံထည့်ပါ။
• တမာကြိတ်ဖတ်အား ထောက်ခံနှုန်းထားအတိုင်း မြေခံထည့်ပါ။
• မြေဆွေး သို့မဟုတ် သဲနှင့်အတူ ထရိုင်ဂိုဒါးမားမှို(Trichoderma)ကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာ အတိုင်း မြေကြီးတွင်ထည့်ပါ။
• အောက်ပါပိုးသတ်ဆေးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါအညွှန်းအတိုင်း အသုံးပြုပါ။
- ကာဘင်ဒါဇင် (Carbendazim)
၉။ သံချေးမှိုရောဂါ (Rust: Uromyces phaseoli)
ရောဂါလက္ခဏာများ
• ရောဂါလက္ခဏာသည် အများအားဖြင့် အရွက်၏အောက်ဖက်မျက်နှာပြင်ဖက်တွင် နီညိုရောင်စက်ဝိုင်းကွက်များ အဖြစ် ပေါ်လာပြီး ပဲသီးတောင့်များတွင် အကျနည်းပြီး ပင်စည်များတွင်ပြန့်ကျဲကျဲရှိသည်။
• အရွက်များတွင် ဆိုးရွားစွာကျပါက ပဲရွက်၏မျက်နှာပြင်နှစ်ဖက်စလုံးတွင် သံချေးမှိုစုများဖြင့် အပြည့်ဖုံးထားသည်။
• အရွက်များတွန့်ရှုံ့ပြီး အရွက်များကြွေကျခြင်းကြောင့် အထွက်လျော့နည်းစေသည်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Thi Ri Aung
4 years agoသိမ်းထားချင်တာရယ် တခြားသူဗဟုသုတ ရစေချင်လို့ FBမှာ share ချင်လို့ပါ။share လို့မရဖြစ်နေလို့
ကံထူး
5 years agoကျွနွ်တော်အတက်အွသုံးဝင်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020