မတ်ပဲတွင်ကျရောက်တတ်သော ပိုးမွှားများ
ပဲသည်ဆန်စပါးပြီးလျှင် ဒုတိယအရေးပါသော သီးနှံဖြစ်ပါသည်။ထို့ပြင်မြေဆီလွှာအတွက်လိုအပ်သောနိုက်ထရိုဂျင်ဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံ၏70%သောပဲများကို အိန္ဒိယသို့တင်ပို့ရသောကြောင့် နိုင်ငံခြားဝင်ငွေရသော သီးနှံတစ်ခုဖြစ်ပါသည်။ ထို့သို့သောပဲမျိုးများတွင် မတ်ပဲလည်းတစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မတ်ပဲကိုမြန်မာနိုင်ငံတွင် မိုးအကုန်နှင့်ဆောင်းတွင်းပိုင်းများတွင် စိုက်ပျိုးကြပါသည်။မတ်ပဲကို မြေချဉ်ငန် ဓာတ် 5.5မှ7.5အတွင်းစိုက်ပျိုးနိုင်ပြီးဆားပေါက်မြေများနှင့် ဆပ်ပြာမြေများကိုမူ ခံနိုင်ရည်မဲ့ပါသည်။ မြန်မာနိုင်ငံတွင် မတ်ပဲကိုပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပါသည်။
မတ်ပဲများကိုစိုက်ပျိုးရာတွင် အထွက်ကောင်းသောမျိုးများကိုသုံးပြီး နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပါက လွန်စွာအထွက်ကောင်းမည်ဖြစ်ပါသည်။ သို့သော်ဖျက်ပိုးများ၏ အန္တရာယ်ကိုမကာကွယ်နိုင်ပါကလွန်စွာအထွက်နှုန်းနည်းပါးတတ်ပါသည်။ ထို့ကြောင့်မတ်ပဲတွင် ကျရောက်တတ်သောဖျက်ပိုးများကိုဖော်ပြလိုက်ရပါသည်။
မတ်ပဲတွင်အဓိကကျရောက်တတ်သောဖျက်ပိုးများမှာ-ယင်ဖြူ၊လှေးပိုး၊ပဲပင်စည်ထိုးယင်၊ငမြှောင်တောင်၊ခူမွှေးရှည်၊ပဲတောင့်ထိုးပိုး၊အစက်အပြောက်ပါပဲတောင့်ထိုးပိုး၊ပဲဖျက်ပိုးလိပ်ပြာ၊ပဲစေ့ထိုးပိုးတို့ဖြစ်ပါသည်။
အချို့သောပိုးများကိုစိုက်ပျိုးချိန်တွင်မျိုးစေ့များအား ပိုးသတ်ဆေးဖြင့် လူးနယ်ပြီး ကာကွယ်နိင်သော်လည်း အချို့ပိုးများကိုမူ အကောင်ငယ်စဥ်တွင် ဆပ်ပြာရည်ဖြင့်လည်းကောင်း၊ ရေပန်းအားပြင်းပြင်းဖြင့် ဖျန်းပေးခြင်းဖြင့်လည်းကောင်း ကာကွယ်နိုင်ပါသည်။
ပျက်စီးမှုလက္ခဏာများနှင့်တကွ ကာကွယ်နှိပ်နင်းနည်းလမ်းများမှာ အောာက်ပါအတိုင်းဖြစ်ပါသည်။
ယင်ဖြူ-အပင်ငယ်စဉ်မှစ၍ ကျရောက်ဖျက်ဆီးတတ်ပါသည်။ ၎င်းတို့သည်ပင်ရည်ကို စုပ်စားတတ်သဖြင့် အရွက်များတွန့်သွားတတ်ပါသည်။ ထို့ပြင်၎င်းတို့သည်အဝါရောင်မိုစေ့ရောဂါကို သယ်ဆောင်လာတတ်ပါသည်။ ၎င်းတို့ကျရောက်ပါက ပဲရွက်များမှာအဝါရောင် ရောင်မညီကွက်ကျားများဖြစ်ပေါ်လာပါသည်။ကာကွယ်နိုင်သောဆေးများ-ဆိုင်ရာမီသောက်ဇင်၊အဆီတာမီပရစ်၊အေမီဒါကလိုပစ်+ဆိုက်ပါမီသရင်၊ဒိုင်မီသိုအိတ်။
လှေးပိုး-၎င်းတို့သည်ပန်းပွင့်ချိန်တွင်ကျရောက်မှူများပြီး အပင်၏အရွက်၊အညွန့်၊အဖူးများ၏ပင်ရည်ကိုစုပ်ယူစားသုံးတတ်ပါသည်။အရွက်များတွင် ငွေရောင်အစက်အပြောက်များကိုတွေ့ရတတ်ပြီးနောက်ပိုင်းတွင်အရွက်များ မဲသွားတတ်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ဒိုင်မီသိုအိတ်၊ဒိုင်ရာဇီနွန်၊ကလိုပိုင်ရီဖို့စ်။
ပဲပင်စည်ထိုးယင်-၎င်းတို့သည်အပင်ပေါက်ပြီးသုံးရက်ခန့်လောက်မှစ၍ ကျရောက်တတ်ပါသည်။ပေါင်းမြက်များမှအဓိကလာရောက်တတ်ပြီး မြေကြီးနှင့်နီးစပ်ရာပင်စည်ထဲသို့ ထိုးဖောက်ဝင်၍နေထိုင်စားသောက်ကြပါသည်။ ကျရောက်ပါကအရွက်များဝါလာပြီးအပင်မှာညှိုးခြောက်သွားတတ်ပါသည်။ပင်စည်တွင်ဖုဖောင်းနေတတ်ပြီးအက်ကွဲကြောင်းများဖြစ်ပေါ်တတ်ပါသည်။ပင်လုံးပြန့်ပိုးသတ်ဆေးများသုံးခြင်း၊မြေကြီးအားကောက်ရိုးဖြင့်ဖုံးခြင်းများဖြင့်လည်း ကာကွယ်နိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ကာဘိုဖျူရမ်၊အဆီဖိတ်၊သိုင်ရာမီသောက်ဇင်။
ငမြှောင်တောင်-ပိုးလောက်ကောင်ငယ်သည်အရွက်များကို ခြစ်စားပြီးအကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကြပါသည်။ ၎င်းတို့ကျရောက်ပါက အပင်များမှာနွားစားထားသကဲ့သို့ဖြစ်တတ်ပါသည်။ နေ့အချိန်တွင်ခိုအောင်းနေတတ်ပြီး ညအချိန်တွင်သာကျရောက်ဖျက်ဆီးတတ်သောပိုးတစ်မျိုးဖြစ်ပါသည်။ ဖီရော်မုန်းထောင်ချောက်များ၊တမာပိုးသတ်ဆေးများကိုသုံးပြီးနှိမ်နင်းနိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-ဆိုက်ပါမီသရင်၊ကလိုပိုင်ရီဖို့စ်။
ပဲတောင့်ထိုးပိုး-လောက်ကောင်သည်အရွက်၊အဖူး၊အပွင့်များကိုချည်မျှင်ဖြင့်လုံးထွေးကာစားသောက်တတ်ပါသည်။ပိုးပေါက်ဖြစ်နေသောသီးတောင့်အားခွဲကြည့်ပါကအထဲတွင်ဖျက်ဆီးစားသုံးနေသောလောက်ကောင်အားတွေ့နိုင်ပါသည်။ပိုးပေါက်ဖြစ်နေသောပဲတောင့်များအားဖျက်ဆီးပစ်ခြင်းဖြင့်လည်းကာကွယ်နိုင်ပါသည်။ကာကွယ်နိုင်သောဆေးများ-အင်မီဒါကလိုပရစ်၊အဆီတာမီပရစ်၊အဆီဖိတ်၊ကလိုပိုင်ရီဖို့စ်။
ပဲဖျက်ပိုးလိပ်ပြာ- ပိုးလောက်ကောင်များသည် ပဲတောင့်အတွင်းသားကို စားသောက်တတ်ပြီးလက္ခဏာအနေဖြင့် အပေါက်ငယ်လေးများကို တွေ့ရတတ်ပါသည်။ ပန်းပွင့်များ၊အဖူးများ၊သီးတောင့်စိမ်းများတွင်တွေ့ရတတ်ပါသည်။ပဲတောင့်များအပေါ်တိုက်ရိုက်ကျရောက်ပါကအထွက်နှုန်းအားလွန်စွာထိခိုက်စေပါသည်။ ကာကွယ်နိုင်သောဆေးများ-ဒယ်တာမီသရင်။
ခူမွှေးရှည်-လောက်ကောင်သည်အစိမ်းရောင်တစ်သျှူးသားများကို စားသောက်ပါသည်။ ကျရောက်ပါကအစိမ်းရောင်များပျောက်ပြီးအမှေးပါးသာ ကျန်နေတတ်ပါသည်။ အရွက်များကြွေတတ်ပြီးပင်စည်သာ ကျန်နေတတ်ပါသည်။ အကောင်ကြီးများသည် တစ်ပင်မှတစ်ပင်သို့ ကူးပြောင်းစားသောက်ကြပါသည်။ကာကွယ်နိုင်သောဆေးများ-ဆိုက်ပါမီသရင်၊ကလိုပိုင်ရီဖို့စ်။
ပဲစေ့ထိုးပိုး-ရိတ်သိမ်းပြီးနောက်ကျရောက်တတ်သောပိုးဖြစ်ပါသည်။ပဲစေ့များတွင်ဝိုင်းစက်သောအပေါက်များပြုလုပ်ပြီးအတွင်း၌ ဝင်၍စားသောက်ဖျက်ဆီးကြပါသည်။ လက္ခဏာအနေဖြင့်ပဲစေ့များပေါ်တွင် အဖြူရောင်ဥများ၊အကောင်ကြီးများကို တွေ့မြင်ရတတ်ပါသည်။ နေလှန်းခြင်း၊အဆိပ်ငွေ့မှိုင်းတိုက်ခြင်း၊မဖောက်ထုံးပါးပါးဖြူးပေးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ ကာကွယ်နိုင်သောဆေးများ-အလူမီနီယမ်ဖော့စဖိတ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မတ်ပဲလှေးပိုး
Topic 3
မတ်ပဲငမြှောင်တောင်
Applicable farm inputs (Ad)
kyaw
4 years agoသိလိုပါတယ်
ဟိန်းလင်းထက်
4 years agoပဲပင်စည်ထိုးပိုးကျတာနက်ဆေးတန်းဖျန်းရင်အပင်တွက်ကောင်းပါ့မလားဗျ
Cherry Cherry
5 years agoပဲစောင်းလျားအပင်အောက်ခြေတွေဝါလာတယ်အရွှက်တွေလိပ်ကုန်တယ်အပင်ကိုခါလိုက်ရင်အဖြူရောင်ပိုးကောင်းလေးတွေတွေ့ရတယ် ဘာဆေးနဲ့ကာကွယ်ကုသလို့ရနိင်မလဲဖြေပေးကျပါဗျာ
ko phyo
5 years agoယင်ဖြူကြလျှင်ဘယ်လိုဆေးအုပ်စုတေ သုံးသင့်ပါသလဲ ခဗျာ
hlsmyosee
5 years agoအသီးအပွင့်ဘယ်ဆေးပက်ရမှလဲ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nyan Thant Zin
See all
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....