ပဲတောင်ရှည်တွင်ကျရောက်တတ်သော ပိုးမွှားများ (၂)
ပဲပျပိုး

ဖျက်ဆီးပုံလက္ခဏာများ
- အရွက်များ၊ ပန်းခိုင်များနှင့် ပဲသီးငယ်များအား အနက်ရောင်ပျပိုးများကို တွေ့ရသည်။
- ပုရွက်ဆိတ်အနက်များ ရွေ့လျားမှုနှင့်အတူ ပျားရည်ချိုးစစ်ထုတ်မှုကို တွေ့ရသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာ
ပိုးမမည်နှင့် အရွယ်ရောက်ကောင် – ဝမ်းဗိုက်ပိုင်းတွင် ဆူးချွန်နှင့်အတူ အနက်ရောင်ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း ပက်ဖျန်းပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
- ထရိုင်ယာဇိုဖော့စ် (Triazophos)
- အင်ဒိုဇာကာ့ဘ် (Indoxacarb)
- အီမာမက်တသ်ဘန်ဇိုအိတ် (Emamectin benzoate)
- တမာစေ့ခွံစစ်ကျရည် (Neem Seed Kernel Extract)
- တမာဆီ (Neem oil)
ပဲတောင့်ရှည်သီးတောင့်ထိုးပိုး

ဖျက်ဆီးပုံလက္ခဏာများ
- အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။
- လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။
- ဖျက်ဆီးခံရသောပဲတောင့်ရှည်မှ ဒဏ်ရာများသည် လုံးဝန်းသောအပေါက်များဖြစ်ကြသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာ
လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင်ဦးခေါင်းပါရှိသည်။ အဆစ် အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အစက်ပါရှိသော အစုံနှစ်စုံရှိသည်။
အရွယ်ရောက်ကောင် - ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
အပင်တစ်ပင်လျှင် လောက်ကောင်သုံးကောင်တွေ့ရှိရပါက အောက်ပါပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
- လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda cyhalothrin)
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- တမာဆီ (Neem oii)
ရွက်စားဖြုတ်ပိုး

ဖျက်ဆီးပုံလက္ခဏာများ
- အရွက်များ ပြောက်ကြားဖြစ်သွားကြပြီး အဝါရောင်သန်းသွားကြသည်။
- အရွက်များ၏အောက်ဖက်မျက်နှာပြင်တွင် အစိမ်းရောင်အင်းဆက်များကို တွေ့ရသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာများ
အကောင်ကြီးများသည် ရှည်မျောမျောဖြစ်ကာ တက်ကြွပြီး သပ်ပုံရှိကြကာ အစိမ်းရောင် ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
အောက်ပါပိုးသတ်ဆေးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း ပက်ဖျန်းပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 2
ပဲတောင့်ရှည် ပျပိုး
ဦးအောင်ဝင်း
5 years agoဖော်ပြပါ ပဲပျပိုး ပိုးသတ်ဆေးတွေကအလွယ်တကူဝယ်လို့မရလို့ ဘယ်လိုဆေးတွေဖြန်းလို့ရပါသေးလဲဆရာ...
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020