ပဲပုပ်အထွက်နှုန်းထိခိုက်စေနိုင်သည့် ဖျက်ပိုးများ
ပဲပုပ်ကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါတယ်။ တောင်ပေါ်ဒေသတို့တွင် မိုးကိုအမှီပြု၍ မေ၊ ဇွန်လ တို့တွင် စိုက်ပျိုးလေ့ရှိပြီး၊ မိုးစပါးသီးနှံအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်လည်း သီးထပ်အနေဖြင့် ရေသွင်းစိုက်ပျိုးကြပါတယ်။ မြန်မာနိင်ငံ အလယ်ပိုင်းဒေသတွေမှာ သြဂုတ်လဆန်းနှင့် စက်တင်ဘာလဆန်းတွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် အောက်တိုဘာလအတွင်း စိုက်ပျိုးကြပါတယ်။ ပဲပုပ်သည် နေ့တာတိုရန်လိုအပ်သော သီးနှံဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးချိန်တူညီမှုမရှိပါ။ တစ်ဧကအထွက်နှုန်းမှာ တင်း(၂၀)ကျော်ထိ ထွက်ရှိနိုင်ပြီး အထွက်နှုန်းကောင်းရန်အတွက် ပိုးမွှားရောဂါအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်ရန်မှာ အရေးကြီးလှပါတယ်။
ပဲပုပ်မှာ အဓိကကျရောက်တဲ့ ပိုးမွှားတွေကတော့ ရွက်စုံစားခူမွေးရှည်၊ ရွက်စုံစားကျိုင်း၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်ထွင်းပိုး၊ ယင်ဖြူ၊ ပင်စည်ထိုးယင်၊ ပဲကြမ်းပိုးစိမ်းနှင့် သီးလုံးဖောက်ပိုးတို့ဖြစ်ကြပါတယ်။
မြေအောင်းပိုးနှင့် ပင်စည်ထိုးယင်များ ကျရောက်နိုင်သဖြင့် စိုက်ကြောင်းထဲ၌ မြေအောင်းပိုးသတ်ဆေးများ ကြိုတင်ထည့်ခြင်းနှင့် မျိုးစေ့ကိုလူးနယ်ဆေးများနှင့် လူးနယ်ပြီးမှသာလျှင် စိုက်ပျိုးသင့်ပါတယ်။ ရွက်စားပိုးများအတွက် ထိသေစားသေပိုးသတ်ဆေးနှင့် သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ယင်ဖြူနှင့် ပဲကြမ်းပိုးစိမ်းများအတွက် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြင့် ကာကွယ်နိုင်ပါတယ်။
ထိသေပိုးသတ်ဆေးအနေဖြင့် ဖန်လိုအိတ်၊ မာလာသီယွန်၊ အင်ဒိုဆာလာဖန်၊ ကလိုပိုင်ရီဖော့စ်၊ လန်ဒါဆိုင်ဟောလိုသရင်၊ သဘာဝဆေးအနေဖြင့် တမာပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးအနေဖြင့် ဒိုင်မီသိုအိတ်၊ ဒိုင်ယာဇီနွန်၊ အင်မီဒါကလိုပရစ်၊ အဆီတာမီပရစ်နှင့် အဆီဖိတ်တို့ကို အသုံးပြုနိုင်ပါသည်။
တောင်ပေါ်ဒေသတွေမှာ ဖားဥမှိုရောဂါ၊ သံချေးရောဂါနှင့် ဒေါင်းနီးရွက်ခြောက်ရောဂါများကျရောက်တတ်ပြီး မြေပြန့်ဒေသတွေမှာဆိုရင် ဘက်တီးရီးယားရွက်ခြောက်ရောဂါများသည် ရင့်မှည့်ချိန်တွင် ကျရောက်တတ်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။
ရောဂါများကို နောက်ဆောင်းပါးမှာ အသေးစိတ်ပြန်လာပါမယ်ရှင့်။
ကိုးကား- Commerce Journal (စီးပွားရေးသတင်းဂျာနယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မဆုယဉ်လင်း
See all