စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးနှံစုပ်ပိုးတွေဟာ စပါးပန်းပွင့်စ စပါးနှံအဆင့်ကနေ နို့ရည်နုစတည်တဲ့အဆင့်အထိ ဖွံ့ဖြိုးနေတဲ့ စပါးစေ့ထဲက အစေ့တွင်းစာတွေကို စုပ်ယူတာကြောင့် အဆံမပြည့်တဲ့စပါးစေ့ ဒါမှမဟုတ် စပါးဖျင်းတွေကို ဖြစ်စေပြီး အရောင်ပျက်စေပါတယ်။ အရွယ်မရောက်တဲ့ စပါးနှံစုပ်ပိုးရော အရွယ်ရောက် စပါးနှံစုပ်ပိုးပါ စပါးစေ့များကိုစားကြပါတယ်။
များပြားတဲ့ စပါးနှံစုပ်ပိုးအရေအတွက်ဖြစ်ရတဲ့ အကြောင်းကတော့ အနီးနားက သစ်တော၊ စပါးခင်းနားက မြောက်မြားစွာသော ပေါင်းတွေ၊ ရေနုတ်မြောင်းနားက မြက်ရိုင်းပင်တွေနဲ့ စပါးစိုက်ချိန် မညီတာကြောင့်ဖြစ်ပါတယ်။ ဒီအင်းဆက်ဟာ မုန်သုန်မိုးစလာရင်လည်း တက်ကြွလာပါတယ်။ ပူနွေးတဲ့ ရာသီဥတု၊ မိုးအုံ့နေတာနဲ့ မကြာခဏ မိုးဖွဲကျတာဟာ ဒီဖျက်ပိုး ပွားများမှုကို အားပေးပါတယ်။
စပါးနံစုပ်ပိုးရဲ့ အရေအတွက်ဟာ မိုးရာသီအကုန်မှာ တိုးလာပါတယ်။ စပါးနှံစုပ်ပိုးကို စပါးစိုက် ဧရိယာအားလုံးမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ မိုးရေသောက်စပါးနဲ့ တောင်ယာစပါးတွေမှာ အတွေ့ရများပြီး စပါးပန်းပွင့်တဲ့အချိန်ကနေ နို့ရည်တည်တဲ့အဆင့်အထိကို ပိုနှစ်သက်ကြပါတယ်။
အရွယ်ရောက်ကောင်တွေဟာ ညနေနှောင်းပိုင်းနဲ့မှာ တက်ကြွကြပါတယ်။ တောက်ပတဲ့ နေရောင်ခြည်အောက်မှာ ၄င်းတို့ဟာ မြက်မျိုးရင်းဝင် အပင်တွေကြားမှာ ပုံးအောင်းနေကြပါတယ်။ ခြောက်သွေ့ကာလတွေမှာ ၄င်းတို့ဟာ တက်ကြွမှု နည်းကြပါတယ်။ ပိုမိုအေးတဲ့ ဒေသတွေမှာ ၄င်းတို့ဟာ မြက်တွေကြားမှာ ဖွံ့ဖြိုးမှု ပိုမိုရှည်ကြာပါတယ်။ ၄င်းတို့ဟာ စပါးပန်းပွင့်တဲ့ အဆင့်မှာ စပါးခင်းတွေထဲကို မဝင်ရောက်မီ လက်ခံပင်မျိုးရင်းတွေပေါ်မှာ မျိုးဆက် ၁− ၂ ဆက် စားသောက်ကြ ပါတယ်။ အကောင်ငယ်တွေကို အရွက်တွေနဲ့ ကိုင်းညွတ်နေတဲ့ စပါးပင်တွေပေါ်မှာ တွေ့ရပါတယ်။ အဲဒီ နေရာမှာ ၄င်းတို့ကို သတိပြုမိလေ့ မရှိကြပါဘူး။ အနှောက်အယှက်ခံရတဲ့အခါ အကောင်ငယ်တွေဟာ စပါးပင်ရဲ့အောက်ဖက်ကို ပြုတ်ကျသွားကြပြီး အရွယ်ရောက်ကောင်တွေကတော့ ခရီးတိုလေးကို ပျံသန်းသွားကြပါတယ်။
အမျိုးအစားခွဲခြားခြင်း
- စားသောက်ဖျက်ဆီးမှုလက္ခဏာအတွက် အောက်ပါတို့ကို စစ်ဆေးပါ။
- သေးငယ်တဲ့ ဒါမှမဟုတ် တွန့်ရှုံ့နေတဲ့ စပါးစေ့များ
- ပုံပျက်နေတဲ့ ဒါမှမဟုတ် စက်ပြောက်ပါတဲ့ စပါးစေ့များ
- အဆန်မပါတဲ့စပါးစေ့များ
- ထောင်မတ်နေတဲ့ စပါးနှံများ
- ၄င်းရဲ့ ဖျက်ဆီးမှုလက္ခဏာတွေက အာဟာရဓါတ်ချို့တဲ့မှုလက္ခဏာ ဒါမှမဟုတ် စပါးပန်း သရစ်ပိုး ဖျက်ဆီးမှုလက္ခဏာနဲ့ ရောထွေးနိုင်ပါတယ်။ ဒီဖျက်ပိုး ဖျက်ဆီးမှုကို အတည်ပြုဖို့ အောက်ပါတို့ကို စစ်ဆေးပါ။
- စပါးရွယ်လယ်ရိုးတစ်လျှောက် ဘဲဥပုံ၊ အရောင်တောက်တောက် နီညိုရောင်ဥများ ရှိခြင်း
- စပါးစေ့များရဲ့ အစေ့တွင်းစာကို စားနေတဲ့ သေးသွယ်ပြီး ညိုစိမ်းရောင်ရှိတဲ့ အကောင်ငယ်များနဲ့ အရွယ်ရောက်ကောင်များ ရှိခြင်း
- မနှစ်မြို့ဖွယ်ကောင်းတဲ့ အနံ့ရှိခြင်း
စီးပွားရေးအရအရေးပါပုံ
စပါးနို့ရည်တည်တဲ့အဆင့်မှာ အကောင်ကြီးကော အကောင်ငယ်ပါ စပါးစေ့တွေကို စားကြ ပါတယ်။ ၄င်းတို့ဟာ စပါးရဲ့ ဆိုးဝါးတဲ့ဖျက်ပိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံမှာ အထွက်နှုန်း ၃၀% အထိ ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း
- သီးနှံပလပ်ကာလအတောအတွင်း စပါးနှံစုပ်ပိုး မျိုးပွားမှုကို ကာကွယ်ဖို့ စပါးခင်းထဲနဲ့ ပတ်လည် ဧရိယာက ပေါင်းပင်များကို ဖယ်ရှားပါ။
- မြေသြဇာနဲ့ ရေကို ညီမျှစွာကျွေးပါ။ စပါးစိုက်ချိန်ညီခြင်းဟာလည်း ဒီဖျက်ပိုးပြဿနာကို လျော့နည်းစေပါတယ်။
- မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေနှောင်းပိုင်းမှာ စပါးနှံစုပ်ပိုးကို ပိုက်ကွန်နဲ့ ဖမ်းတာဟာ လုပ်အားကုန်ပေမဲ့ စပါးနှံစုပ်ပိုးအရေအတွက်နည်းနေတဲ့အချိန်မှာ ထိရောက်နိုင်ပါတယ်။
- ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်ကြတဲ့ နဂျီအချို့၊ နှံကောင်တွေနဲ့ ပင့်ကူတွေဟာ စပါးနှံစုပ်ပိုးရဲ့ အရွယ်ရောက်ကောင်တွေနဲ့ဥတွေကို စားကြပါတယ်။ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲရင် ဒီဖျက်ပိုး အများကြီး ဖြစ်လာတတ်ပါတယ်။
ဓါတုပိုးသတ်ဆေးအသုံးပြုခြင်း
ပိုးသတ်ဆေးကို အသုံးမပြုမီ အကြံဉာဏ်၊ လမ်းညွှန်ချက်နဲ့ သတိပေးချက်တွေ ရဖို့ သီးနှံကာကွယ်ရေး ကျွမ်းကျင်သူနဲ့ ဆက်သွယ်ပါ။
ပန်းစပွင့်တဲ့အချိန်မှာ စပါးခင်းမှာ ကင်းထောက်စစ်ဆေးမှုစတင်ကြီး နို့ရည်ခဲတဲ့အဆင့်အထိ ဆက်လက်လုပ်ဆောင်ပါ။ ရွှေ့ပြောင်းစပါးခင်းကို ကန့်လန့်ဖြတ် လမ်းလျှောက်ပြီး စပါးမြုံ (၂၀) မှ စပါးနှံစုပ်ပိုးကို မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေခင်း နှောင်းပိုင်းမှာ ရေတွက်ပါ။ အရွယ်ရောက်ကောင်တွေဟာ စပါးပင်ကို သင်မရောက်မီ ပျံသန်းသွားလေ့ရှိတာကြောင့် အရွယ်မရောက်သေးတဲ့ အကောင်တွေကိုပဲ ရေတွက်နိုင်မှာဖြစ်ပါတယ်။ စပါးပင်မြုံ (၁၀) မြုံမှာ စပါးနှံစုပ်ပိုး (၁၀) ကောင်ထက် ကျော်မှသာ တိုက်ရိုက်ကာကွယ်နှိမ်နင်းမှုလုပ်ပါ။
ပိုးသတ်ဆေးရွေးချယ်မှုဟာ ရနိုင်တဲ့ဆေးဖျန်းကိရိယာအသုံးပြုတာ၊ ပိုးသတ်ဆေး ကုန်ကျ စရိတ်၊ ပိုးသတ်ဆေးပက်ဖျန်းသူရဲ့ အတွေ့အကြုံ ဒါမှမဟုတ် စပါးခင်းထဲမှာ ငါးရှိမရှိ စတဲ့ များစွာသော အချက်များအပေါ်မူတည်ပါတယ်။ ပိုးသတ်ဆေးအသုံးပြုခြင်းကို လူ့ကျန်းမားရေးနဲ့ ပတ်ဝန်းကျင်အန္တရာယ်အပေါ် ချိန်ဆကာ သုံးစွဲပါ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
ကျော်ဇင်ဦး
4 years agoဘယ်လိုပိုးသတ်ဆေးမျိုးသုံးသင့်ပါလဲခင်ဗျ
ဦးစည်သူလွင်
5 years agoစပါးအနှံဖြူတာဘာကြောင့်လဲဗျ
Wai lynn
5 years agoဘာဆေးသုံးရင်အဆင်ပြေမလဲဆရာ
Anonymous
5 years agoအဲတာကိုဘယ်လိုကာကွယ်ရမလဲ
nay dun aung
5 years agoဘလို ပိုက်ကွန်နဲ့ဖမ်းရတာလဲ ခဗျာ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....