စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးရွက်လိပ်/ရွက်ခေါက်ပိုးလောက်ကောင်တွေဟာ သူတို့ကိုယ်သူတို့ စပါးရွက်နဲ့ပတ်လည်ကို လိပ်လိုက်ပြီး ငွေခြည်မျှင်တွေနဲ့အတူ ရွက်အနားသားတွေကို တွယ်ကပ်နေကြပါတယ်။

၄င်းတို့ဟာ လိပ်/ခေါက်နေတဲ့အရွက်အတွင်းကို စားသောက်ကြပြီး စပါးရွက်ပြားပေါ်မှာ အရှည်လိုက်ရှိတဲ့ အဖြူရောင်နဲ့ အလင်းဖောက်နိုင်တဲ့ စင်းကြောင်းများကို ဖြစ်စေပါတယ်။

မြေသြဇာအလွန်အကျွံသုံးစွဲခြင်းဟာ လျင်မြန်စွာမျိုးပွားခြင်းကို အားပေးပါတယ်။ စပါးခင်းထဲနဲ့ ကန်သင်းပတ်လည်က မြက်မျိုးနွယ်ဝင်ပေါင်းတွေရှိတာ၊ စိုထိုင်းဆမြင့်မားတာ၊ စပါးခင်းဘေးမှာ အရိပ်ဧရိယာတွေရှိတာဟာ ဒီဖျက်ပိုးဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။
ရေသွင်းစနစ်နဲ့ စပါးစိုက်ဧရိယာချဲ့ထွင်တာ၊ စပါးဧရိယာအများကြီးစိုက်တာနဲ့ ပိုးသတ်ဆေး အသုံးပြုမှုများတာဟာ ဒီဖျက်ပိုးပေါများမှုကို တိုးစေတဲ့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
စပါးရွက်လိပ်/ရွက်ခေါက်ပိုးကို စပါးစိုက်ပတ်ဝန်းကျင်မှာ တွေ့ရပြီး မိုးရာသီအတောအတွင်း ပိုမိုပေါများစွာတွေ့ရပါတယ်။ ၄င်းတို့ကို အများအားဖြင့် အရိပ်ရဧရိယာတွေနဲ့ မြေသြဇာအလွန်အကျွံသုံးတဲ့ စပါးခင်းတွေမှာ တွေ့ရပါတယ်။ အပူပိုင်းစပါးစိုက်ဧရိယာတွေမှာ သူတို့ဟာ တစ်နှစ်ပတ်လုံး တက်ကြွနေကြပြီး သမပိုင်းနိုင်ငံတွေမှာ သူတို့ဟာ မေလကနေ အောက်တိုဘာလအထိ တက်ကြွကြပါတယ်။ အရွက်ရောက်ကောင်တွေဟာ ညထွက်ကောင်တွေဖြစ်ကြပြီး နေ့ဖက်မှာ ကပ်ပါးပြုမှုက ကင်းလွတ်အောင် အရိပ်အောက်မှာ နေကြပါတယ်။ ဖလံတွေဟာ နှောက်ယှက်ခံရတဲ့အခါ အကွာအဝေး အနီးလေးဆီကို ပျံသန်းသွားပါတယ်။
အမျိုးအစားခွဲခြားခြင်း
စပါးပင်တွေမှာ အောက်ပါလက္ခဏာတွေကို စစ်ဆေးပါ။
• ဖျက်ဆီးခံထားရတဲ့ စပါးရွက်တွေပေါ်ရှိ အလျားလိုက် အလင်းဖောက်နိုင်တဲ့ အဖြူရောင်သန်းတဲ့ စင်းကြောင်းများ
• ပြွန်ပုံစံခေါက်/လိပ်နေတဲ့ စပါးရွက်များ
• တစ်ခါတစ်ရံ စပါးရွက်ဖျားများက စပါးရွက်ရဲ့ အခြေပိုင်းကို ခိုင်မြဲစွာ ကပ်တွယ်နေခြင်း
• ဆိုးဝါးစွာဖျက်ဆီးခံထားရတဲ့ စပါးခင်းတွေမှာ ခေါက်/လိပ်နေတဲ့ စပါးရွက်တွေနဲ့အတူ မီးကျွမ်းသလို ဖြစ်နေခြင်း
ဒါ့အပြင် ပင်ပွားထွက်ချိန်နဲ့ ပန်းပွင့်ချိန်အတောအတွင်း အင်းဆက်တွေရှိမရှိ စစ်ဆေးပါ။ အခြားဖျက်ဆီးမှုလက္ခဏာတွေမှာ အောက်ပါတို့လည်းပါဝင်ပါတယ်။
• အချပ်အပြားအဝိုင်းပုံစံ ဘဲဥပုံဥတွေကို တစ်လုံးချင်းအုခြင်း
• အငယ်ဆုံး ပွင့်အာမှုမရှိသေးတဲ့ စပါးရွက်တွေရဲ့အခြေမှာ လောက်ကောင်ငယ်များက စားသောက်နေခြင်း
• စားသောက်နေတဲ့ လောက်ကောင်တွေနဲ့ အလုံပိတ်ထားတဲ့ ခေါက်/လိပ်နေတဲ့ စပါးရွက်များရှိခြင်း
• မစင်များရှိခြင်း
စီးပွားရေးအရအရေးပါပုံ
ရွက်ခေါက်/လိပ်ပိုးတွေကြောင့်ဖြစ်တဲ့ ဖျက်ဆီးမှုဟာ စပါးအလံရွက် တစ်ဝက်ထက် ဖျက်ဆီးခြင်းခံရတဲ့အခါနဲ့ ပင်ပွားတစ်ခုစီက နောက်ထပ် အငယ်ဆုံးစပါးရွက်နှစ်ခုတို့ကို ဖျက်ဆီးခံရတဲ့အခါ အရေးကြီးပါတယ်။
ပင်ပိုင်းကြီးထွားမှုအဆင့်တွေမှာ စပါးပင်တွေဟာ ယေဘုယျအားဖြင့် ပြန်လည်နလံထလာ နိုင်ပြီး မျိုးပွားအဆင့်တွေမှာ ဖျက်ဆီးခံရပါက ဖျက်ဆီးမှုက စီးပွားရေးအရ အရေးကြီးပါတယ်။ အလံရွက်တွေပေါ်ကို စားသောက်မှုမြင့်မားလာပါက အထွက်ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။
စပါးစိုက်ရာသီအစောဆုံးမှာ ပိုးသတ်ဆေးအသုံးပြုမှုဟာ စီးပွားရေးအရ ပြန်ရချက်မရှိပါဘူး။ ဒါပေမဲ့ သဘာဝ ဇီဝထိန်းချုပ်လုပ်ငန်းစဉ်များရှိ ဂေဟဆိုင်ရာအဟန့်အတားတွေကို ဖြစ်စေနိုင်ပြီး စပါးဖြုတ်ပိုးလို ဒုတိယအရေးကြီးဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို တိုးစေပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
စပါးရွက်လိပ်/ရွက်ခေါက်ပိုး အဆမတန်ပေါများလာမှုကို ကာကွယ်ဖို့
• စပါးရွက်လိပ်/ရွက်ခေါက်ပိုးခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပျိုးပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် ဒေသအလိုက် မြို့နယ်စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။
• စပါးနဲ့မတူတဲ့ အခြားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ ဒါမှမဟုတ် ဘာမှမစိုက်ဘဲထားတဲ့ကာလ ကြာရှည်ပါစေ။
• လမိုင်းထားခြင်းကို ရှောင်ရှားပါ။
• ဖြစ်နိုင်ပါက စပါးရိတ်သိမ်းပြီးတဲ့နောက်မှာ စပါးခင်းကို ရေလွှမ်းပြီး ထယ်ထိုးပါ။
• စပါးခင်းနဲ့ ကန်သင်းပေါ်က မြက်မျိုးနွယ်ဝင်ပေါင်းတွေကို ဖယ်ရှားပါ။
• အပင်စိပ်စိပ်စိုက်ခြင်းကို လျှော့ချပါ။
• မြေသြဇာနှုန်းထားကို မျှတစွာ သုံးစွဲပါ။
အစောပိုင်း စပါးကြီးထွားစဉ်ကာလအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို မထောက်ခံပါ။ အာရှတိုက်က တောင်သူများစွာဟာ လိုအပ်တဲ့ ဘေးကင်းတဲ့ ဆေးဖျန်းကိရိယာမရှိတာကြောင့် မသုံးစွဲသင့်ပါ။ ဆေးဖျန်းသင့်မဖျန်းသင့်ကို ဆုံးဖြတ်ဖို့ နီးစပ်ရာ သီးနှံကာကွယ်ရေးပညာရှင်ရဲ့ လမ်းညွှန်မှုကို ခံယူပါ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Topic 1
စပါးရွက်လိပ်ပိုး (စပါးခေါက်ပိုး)
Applicable farm inputs (Ad)
soe chit oo
7 months agoဘယ်လိုပိုးသတ်ဆေးများသုံးရမလည်းဗျ
YanNaing
5 years agoနည်းနည်းများနေလို ဘာဆေးပါတ်ရမလဲးဆရာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020