စပါးရွက်စားယင် (ရွက်ဗွေလောက်) ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးရွက်စားယင်ရဲ့ စားသောက်ဖျက်ဆီးမှုကြောင့် အဝါရောင်စက်ပြောက်တွေ၊ အဖြူရောင် ဒါမှမဟုတ် အလင်းဖောက်နိုင်တဲ့ အပေါက်တွေနဲ့ ပင်အပ်ရာပေါက်တွေကို ဖြစ်စေပါတယ်။ 
လောက်ကောင်ဟာ ပွင့်အာမှုမရှိသေးတဲ့ စပါးရွက်တွေ ဒါမှမဟုတ် ဖွံ့ဖြိုးနေတဲ့စပါးရွက်တွေရဲ့ ကြီးထွားနေတဲ့နေရာတွေက တစ်ရှူးတွေကို ၄င်းရဲ့ မာကျောတဲ့ ပါးစပ်ချိတ်ကို အသုံးပြုပြီး စားပါတယ်။ စပါးရွက်တွေ အိုမင်းရင့်ရော်လာတဲ့အခါ ပျက်စီးမှုက သိသာလာပါတယ်။ အရွယ်ရောက် လောက်ကောင်ဟာ စပါးပင်ခြေက အသစ်ဖွံ့ဖြိုးနေတဲ့ စပါးပင်ပွားရဲ့ ဖွံ့ဖြိုးနေတဲ့ စပါးရွက်တွေပေါ်ကို စားသောက်ရတာကို ပိုနှစ်သက်ပါတယ်။
စပါးပင်ပိုင်းကြီးထွားမှုအဆင့်အတွင်း စပါးခင်းထဲမှာ ရေသေရှိနေတာ၊ တစ်နှစ်ပတ်လုံး လက်ခံပင်တွေရှိတာနဲ့ ပျိုးပင်ငယ်တွေကို ရွှေ့ပြောင်းစိုက်ပျိုးတာဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးမှုကို အခွင့်အရေးပေးပါတယ်။
ဒီဖျက်ပိုးဟာ ရေစပ်စပ်မှာနေထိုင်တဲ့ ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းကို ရေသွင်းစပါးခင်းတွေမှာ အတွေ့ရများပြီး စပါးပင်ရဲ့ ပင်ပိုင်းကြီးထွားမှုအဆင့်ရဲ့ ဗဟိုအလံရွက်ပေါ်ကို စားသောက်ပါတယ်။ ၄င်းကို တောင်ယာစပါးမှာ မတွေ့ရပါဘူး။ ၄င်းဟာ ရေအိုင်တွေ၊ စမ်းချောင်းတွေနဲ့ ရေကန်တွေ ဒါမှမဟုတ် အေးနေတဲ့ရေနဲ့ အပြိုင်းပြိုင်းထနေတဲ့ အပင်တွေကို နှစ်ခြိုက်ကြပါတယ်။
ဒီဖျက်ပိုးဟာ တိုက်ရိုက်စိုက်စပါးနဲ့ ပျိုးခင်းတွေကို မကြိုက်ပါဘူး။ အရွယ်ရောက်ကောင်ဟာ နေ့ဖက်မှာ တက်ကြွကြပြီး ရေအနီးရှိ စပါးရွက်တွေပေါ်မှာ နားနေပါတယ်။ ၄င်းဟာ ရေပေါ်မှာ ပေါလောပေါ်နေကြပါတယ် ဒါမှမဟုတ် ပေါလောပေါ်နေတဲ့ အပင်တွေပေါ်မှာ နေကြပါတယ်။ နေ့လည်ခင်းမှာ ၄င်းတို့ဟာ အပင်တွေပေါ်မှာ ကြာရှည်စွာရှိနေပါတယ် ဒါမှမဟုတ် ထောင်မတ်နေတဲ့ အပင်တွေပေါ်မှာ တွယ်ကပ်နေပါတယ်။ ၄င်းဟာ ထူထဲစွာပေါက်နေတဲ့ အပင်တွေကို နှစ်သက်ပြီး ပျိုးခင်းပတ်လည်က ဟင်းလင်းပွင့်ရေသေကို နှစ်သက်ပါတယ်။ ဥကပေါက်ကာစ လောက်ကောင်တွေဟာ ၁၀ − ၁၂ ရက်အကြာမှာ လောက်ကောင်ဖွံ့ဖြိုးမှုပြည့်တဲ့ ပွင့်အာမှုမရှိသေးတဲ့ ဗဟိုစပါးရွက်တွေပေါ်မှာ စားသောက်ကြပါတယ်။
အမျိုးအစားခွဲခြားခြင်း
အောက်ပါဖျက်ဆီးမှု လက္ခဏာများရှိမရှိ စစ်ဆေးပါ။
• အဖြူရောင် ဒါမှမဟုတ် အလင်းဖောက်နိုင်တဲ့ အကွက်များ
• ပင်အပ်ရာအပေါက်များ
• ဖျက်ဆီးခံထားရတဲ့ စပါးရွက်တွေဟာ လေတိုက်ပါက အလွယ်တကူ ကျိုးပဲ့သွားခြင်း
• အတော်အတန် ပုံပျက်နေတဲ့ စပါးရွက်များ
• ထွက်လာတဲ့ စပါးရွက်ရဲ့ အတွင်းပိုင်းအနားသားပေါ်က ရှင်းလင်းတဲ့ ဒါမှမဟုတ် အဝါရောင် စက်ပြောက်များ
• စပါးပင်ပုသွားခြင်း
• စပါး ပင်ပွားနည်းသွားခြင်း
ဒီအင်းဆက်ရှိ မရှိ အောက်ပါအတိုင်းစစ်ဆေးပါ။
• စပါးရွက်မှာ ကပ်နေတဲ့ ရှည်မျောမျော အဖြူရောင်ဥများ
• မပွင့်အာသေးတဲ့ စပါးရွက်တွေရဲ့တစ်ရှူးတွေကို စားနေတဲ့ အလင်းဖောက်နိုင်တဲ့အရောင်ကနေ နို့နှစ်ဖြူနုရောင်ရှိတဲ့ ခြေထောက်မပါရှိတဲ့ လောက်ကောင်ငယ်များ
• စပါးပင်ရဲ့ အခြေမှာ အသစ်ဖွံ့ဖြိုးနေတဲ့ စပါးပင်ပွားရဲ့ ဖွံ့ဖြိုးနေတဲ့ စပါးရွက်တွေကို စားသောက် နေကြတဲ့ အဝါရောင် အရွယ်ရောက်လောက်ကောင်များ
စီးပွားရေးအရအရေးကြီးပုံ
စပါးပင် စရွှေ့ပြောင်းစိုက်ချိန်မှာ ဒီဖျက်ပိုးက စဖျက်ဆီးပါတယ်။ ၄င်းဟာ ရေမျက်နှာပြင်ပေါ်က အလင်းပြန်တဲ့ နေရောင်ခြည်ကိုကြည့်ပြီး စပါးခင်းရှိရာကို ရှိဖွေပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
စပါးရွက်စားယင်အတွက် စိုက်ပျိုးနည်းနဲ့ ကာကွယ်နှိမ်နင်းနည်း မရှိပါဘူး။
နဂျီသေးတွေဟာ ဒီဖျက်ပိုးရဲ့ ဥတွေနဲ့ လောက်ကောင်တွေကို ကပ်ပါးပြုပါတယ်။ ဒိုလီကိုပိုးဒစ်ယင်ကောင်တွေဟာ ဒီဖျက်ပိုးရဲ့ဥတွေကို စားသောက်ကြပြီး အီဖီဒရစ်ယင်ကောင်တွေကတော့ ဒီဖျက်ပိုးရဲ့ အရွယ်ရောက်ကောင်တွေကို စားကြပါတယ်။
ဒီဖျက်ပိုးဖျက်ဆီးမှုကို စပါးပင်တွေက ပြန်လည်အစားဖြည့် နလံထူနိုင်ကြောင့် ပိုးသတ်ဆေးသုံးဖို့ မထောက်ခံပါဘူး။ အများအားဖြင့် စပါးပင်ရဲ့ ပင်ပွားအများဆုံးဖြစ်တဲ့အချိန်အတောအတွင်း ဖျက်ဆီးမှုလက္ခဏာတွေ ပျောက်ကွယ်သွားတတ်ပါတယ်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
Continue reading related topics, questions and articles.
Topic 1
စပါးရွက်စားယင်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....