စပါးဆစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
စပါးကို တိုက်ခိုက်ဖျက်ဆီးတဲ့ စပါးဆစ်ပိုးမျိုးစိတ် (၆) မျိုးရှိပါတယ်။ ၄င်းတို့ကတော့ အဝါရောင်ဆစ်ပိုး၊ အဖြူရောင်ဆစ်ပိုး၊ အစင်းကြားပါဆစ်ပိုး၊ ရွှေရောင်ပန်းဖွားပါဆစ်ပိုး၊ ခေါင်းမဲ ဆစ်ပိုးနဲ့ ပန်းရောင်ဆစ်ပိုးတို့ ဖြစ်ကြပါတယ်။
စပါးဆစ်ပိုးထဲမှာ ပန်းရောင်ဆစ်ပိုးဟာ စီးပွားရေးအရ အရေးပါမှုပိုနည်းပါတယ်။ ၄င်းဟာ အစုံစားဖျက်ပိုးဖြစ်ပြီး စပါးထက် ကြံကိုပိုမိုနှစ်သက်ပါတယ်။
ဖျက်ဆီးပုံလက္ခဏာများ
စပါးဆစ်ပိုးတွေဟာ ပျိုးပင်ကနေ ရင့်မှည့်ချိန်အထိ စပါးပင်ရဲ့ ဘယ်အဆင့်မှာမဆို ဖျက်ဆီးနိုင်ပါတယ်။
၄င်းတို့ဟာ ပင်ပွားများကို စားသောက်ကြပြီး ပင်ပိုင်းကြီးထွားမှုအဆင့်မှာ ဗဟိုပင်ပွားတွေကို အူပုပ်ခြင်း ဒါမှမဟုတ် ခြောက်သွေ့ခြင်းကို ဖြစ်စေကာ မျိုးပွားအဆင့်မှာ နှံဖြူခြင်းကို ဖြစ်စေပါတယ်။
စပါးဆစ်ပိုးလောက်ကောင်တွေဟာ ပင်ပိုင်းကြီးထွားမှုအဆင့်မှာ စပါးပင်ရဲ့အခြေကို ထိုးဖောက်ဝင်ရောက်ပါတယ်။ ပိုမိုအသက်ကြီးတဲ့စပါးပင်တွေမှာ အပေါ်ပိုင်းအဆစ်တွေကတ်ဆင့် ထိုးဖောက်ဝင်ရောက်ပြီး စပါးပင်ခြေဖက်ပို စားသောက်ကြပါတယ်။
အဝါရောင်ဆစ်ပိုးဟာ ရေနက်စပါးရဲ့ ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းကို အဆက်မပြတ် ရေလွှမ်းနေတဲ့ ရေရှိတဲ့ပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။ ဒုတိယလောက်ကောင်အဆင့်ဟာ စပါးရွက်ကိုယ်ထည်မှာ ပြွန်တွေဖြစ်စေဖို့ သူတို့ကိုယ်သူတို့ ရစ်ပတ်ပြီး အလုံပိတ်နေထိုင်ကြကာ နောင်မှာ အရွက်ကနေ ကွာကျကာ ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျပါတယ်။ ၄င်းတို့ဟာ ပင်ပွားတွေဆီကို ကပ်တွယ်ထားကြပြီး ပင်စည်ထဲကို ထိုးဖောက်ဝင်ရောက်ပါတယ်။
အစင်းကြားဆစ်ပိုးဟာ သမပိုင်းတိုင်းပြည်တွေနဲ့ ရေမလွှမ်းတဲ့ ဧရိယာတွေမှာ အပေါများဆုံး ဖြစ်ပါတယ်။ ၄င်းတို့ရဲ့ နောက်ဆုံးလောက်ကောင်တွေဟာ ဆောင်းရာသီအတောအတွင်း သမပိုင်းတွေမှာ ငုတ်ရှိုးနေထိုင်မြဲနေကြပါတယ်။
ပန်းရောင်ဆစ်ပိုးကို ကြံ ဒါမှမဟုတ် စပါးနဲ့မျိုးရင်းတူမြက်မျိုး စိုက်ပျိုးထားတဲ့ ကုန်းမြင့်စပါးမှာ တွေ့ရပါတယ်။ ဆောင်းရာသီ ဒါမှမဟုတ် ခြောက်သွေ့ရာသီအတောအတွင်း တစ်ဆင့်ခံလက်ခံပင်တွေရှိတာဟာ ပန်းရောင်ဆစ်ပိုးအား ဖွံ့ဖြိုးဖို့၊ မျိုးပွားဖို့နဲ့ အသက်ရှင်ဖို့ အားပေးပါတယ်။ အခြားစပါးဆစ်ပိုးတွေနဲ့မတူတာက ပန်းရောင်ဆစ်ပိုးဟာ ဥတွေကို ရွက်အိမ်နဲ့ ပင်စည်ကြားကို အုပါတယ်။
နိုက်ထရိုဂျင်ဓါတ်များတဲ့ စပါးခင်းတွေမှာ စပါးဆစ်ပိုးအရေအတွက်ပွားများမှုကို အားပေး ပါတယ်။ အစောစိုက်စပါးခင်းထက် နောက်ကျစိုက်စပါးခင်းမှာ စပါးဆစ်ပိုးဖျက်ဆီးမှု ပိုမိုများပါတယ်။ စပါးခင်းထဲက စပါးရိုးပြတ်တွေမှာ စပါးဆစ်ပိုးလောက်ကောင် ဒါမှမဟုတ် ရုပ်ဖုံးတွေ အခြေချနေထိုင်ပါတယ်။
အမျိုးအစားခွဲခြားခြင်း
အောက်ပါ ဖျက်ဆီးပုံလက္ခဏာများကို စပါးခင်းထဲမှာ စစ်ဆေးပါ။
• ပင်ပိုင်းကြီးထွားမှုအဆင့်တွေမှာ အူပုပ်တွေ ဒါမှမဟုတ် သေနေတဲ့ပင်ပွားတွေကို ပင်ခြေကနေ အလွယ်တကူနုတ်ယူနိုင်ပါတယ်။
• စပါးနှံတွေထွက်တဲ့ မျိုးပွားအဆင့်အတောအတွင်း နှံဖြူတွေဟာ အဖြူရောင်သန်းနေကြပြီး အဆံမပြည့်ဘဲရှိကြပါတယ် ဒါမှမဟုတ် စပါးခွံကြီးဖြစ်နေပါတယ်။
• စပါးပင်စည်တွေနဲ့ ပင်ပွားတွေပေါ်မှာ သေးငယ်တဲ့ အပေါက်ရာလေးတွေ တွေ့ရပါတယ်။
• ဖျက်ဆီးခံထားရတဲ့ ပင်စည်ထဲမှာ မစင်တွေ တွေ့ရပါတယ်။
အူပုပ်နဲ့ နှံဖြူလက္ခဏာတွေဟာ တစ်ခါတလေမှာ ကြွက်၊ စပါးဂုတ်ကျိုးနဲ့ ကြမ်းပိုးနက် ဖျက်ဆီးပုံနဲ့ ရောထွေးနိုင်ပါတယ်။
စပါးဆစ်ပိုးဖျက်ဆီးပုံကို အတည်ပြုဖို့ အူပုပ်အတွက် ပင်ပိုင်းကြီးထွားမှုအဆင့်တွေနဲ့ နှံဖြူ အတွက် မျိုးပွားအဆင့်တွေမှာ မျက်မြင်စစ်ဆေးပါ။ ပင်စည်တွေကို နုတ်ယူနိုင်ပြီး စပါးဆစ်ပိုးဖျက်ဆီးမှုကို အတည်ပြုဖို့အတွက် လောက်ကောင်နဲ့ ရုပ်ဖုံးတွေကို ခွဲစိတ်ကြည့်နိုင်ပါတယ်။
စီးပွားရေးအရအရေးပါပုံ
ရွက်အိမ်ကတစ်ဆင့် လောက်ကောင်တွေ အလွန်အမင်း ထိုးဖောက်ဝင်ရောက်ခြင်းဟာ စပါးပင်ကို ပျက်စီးစေနိုင်ပါတယ်။ ၄င်းရဲ့ ဖျက်ဆီးမှုဟာ မျိုးပွားမဲ့ပင်ပွားအရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။ နောက်ကျဖျက်ဆီးခံရပါက စပါးပင်တွေမှာ နှံဖြူတွေကို တွေ့ရပါတယ်။
• အဝါရောင်ဆစ်ပိုးဟာ အစောစိုက်စပါးမှာ အထွက် ၂၀% ခန့် နဲ့ နောက်ကျစိုက် စပါးတွေမှာ ၈၀% ဆုံးရှုံးစေနိုင်ပါတယ်။
• အဖြူရောင်ဆစ်ပိုးဟာ မိုးရေသောက်လယ်တွေမှာ အရေးကြီးတဲ့ ဖျက်ပိုးတစ်မျိုးဖြစ်ပါတယ်။ ၄င်းဟာ ကာကွယ်နှိမ်နင်းလို့မရနိုင်အောင်အထိ ပွားများလာနိုင်ပြီး စပါးခင်းတွေကို ဖျက်ဆီးနိုင်ပါတယ်။
• အစင်းကြားဆစ်ပိုးဟာ အာရှတိုက်မှာ အရေးအပါဆုံး စပါးဆစ်ပိုးထဲက အကောင်တစ်ကောင် ဖြစ်ပါတယ်။ ၄င်းရဲ့ဖျက်ဆီးမှုဟာ ဆိုးဝါးတဲ့အခါ အထွက်ဆုံးရှုံးမှု ၁၀၀% အထိ ရှိပါတယ်။
• ရွှေရောင်ပန်းဖွားပါဆစ်ပိုးဟာ အထွက် ၃၀% ခန့် ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
• စပါးဆစ်ပိုးခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
• ပျိုးခင်းနဲ့ ရွှေ့ပြောင်းစိုက်တဲ့အချိန်တွေမှာ ဥမြုံတွေကို လက်နဲ့ကောက်ယူဖျက်ဆီးပါ။
• စပါးပင်အောက်ခြေမှာရှိတဲ့ ဥတွေကို ရေနှစ်သတ်ဖို့ သွင်းရေအမြင့်ကို အခါအားလျော်စွာ ပုံမှန်မြှင့်ပေးပါ။
• ရွှေ့ပြောင်းမစိုက်ပျိုးမီ ပျိုးခင်းကနေ စပါးခင်းထဲကို ဆစ်ပိုးဥတွေပါလာတာ လျော့ကျစေဖို့ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။
• အချိန်ကိုက်စိုက်ပြီး တစ်ပြိုင်တည်းစိုက်ကာ ရိုးပြတ်က လောက်ကောင်တွေကို ဖယ်ရှားဖို့ မြေမျက်နှာပြင်ကနေ စပါးကိုရိတ်ကာ ရိုးပြတ်တွေနဲ့ စပါးမျိုးရိုင်းတွေကို ဖယ်ရှားပြီး စပါးခင်းထဲမှာ ထယ်ထိုးရေလွှမ်းပါ။
• ရွှေ့ပြောင်းစိုက်ပြီး (၁) လခန့်မှစတင်ကာ တစ်ကွင်းတစ်စပ်တည်း အပတ်စဉ် မီးထောင်ချောက် ထွန်းပါ။
• ထရိုင်ခိုဂရားမားနဂျီ၊ ပုရွက်ဆိတ်၊ လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူတို့လို ဇီဝထိန်းချုပ်သက်ရှိတွေကို ထိန်းသိမ်းဖို့ အဝါရောင် ဒါမှမဟုတ် အဖြူရောင်ပွင့်တဲ့ ရုံးပတီ၊ နေကြာ၊ ခွေးသေးပန်း၊ ဘိစပ်ပင် စတာတွေကို စိုက်ပါ။
• နိုက်ထရိုဂျင်မြေသြဇာကို အကြိမ်ကြိမ်ခွဲပြီး ထောက်ခံနှုန်းထားအတိုင်း အချိန်ကိုက် အသုံးပြုပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)
◦ အဆီဖိတ် (Acephate)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Topic 1
စပါးဆစ်ပိုး
Applicable farm inputs (Ad)
Thura
1 year agoဆရာခင်ဗျာ စပါးဆစ်ပိုးအတွက် ပိုးသတ်ဆေးတခြား Ai သုံးလို့ရသေးလားခင်ဗျာ။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....