စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူ တွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
စပါးကို ဖျက်ဆီးတဲ့ စပါးဖြုတ်ပိုးမျိုးစိတ် (၂) မျိုးရှိပါတယ်။ ၄င်းတို့ကတော့ စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူတို့ ဖြစ်ကြပါတယ်။
ဖြုတ်ပိုးအရေအတွက်မြင့်မားတာဟာ စပါးရွက်တွေ အညိုရောင်နဲ့ခြောက်မသွားမီ ကနဦး လိမ္မော်ဝါရောင် ပြောင်းသွားပြီး ဒီအခြေအနေကို အပင်ကိုသေစေတဲ့ ဖြုတ်ညိုကြောင့် အပင်လောင်ကျွမ်းခြင်းလို့ ခေါ်ပါတယ်။
စပါးဖြုတ်ညိုပိုးဟာ Rice Ragged Stunt ဗိုင်းရပ်စ်ရောဂါနဲ့ Rice Grassy Stunt ဗိုင်းရပ်စ် ရောဂါတို့ကိုလည်း သယ်ဆောင်ဖြန့်ဖြူးပါတယ်။ ဘယ်ရောဂါမှ ကုသလို့မရနိုင်ပါဘူး။
ဖြုတ်ပိုးတွေဟာ မိုးရေသောက်နဲ့ ဆည်ရေသောက်လယ်တွေမှာ ပြဿနာဖြစ်နိုင်ပါတယ်။ ၄င်းဟာ လယ်ခင်းထဲမှာ အဆက်မပြတ် ရေမြုပ်နေတဲ့ အခြေအနေတွေ၊ အရိပ်ထူပြီး စိုထိုင်းဆရှိတဲ့ ဧရိယာတွေမှာလည်း တွေ့ရပါတယ်။
စပါးပင်ကြားတန်းကြားစိပ်တာ၊ နိုက်ထရိုဂျင်ဓါတ်အလွန်အကျွံကျွေးတာနဲ့၊ ပိုးသတ်ဆေးကို စိုက်ပျိုးရာသီအစောမှာ ပက်ဖျန်းတာဟာလည်း ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။
အမျိုးအစားခွဲခြားခြင်း
ဒီအင်းဆက်ရှိမရှိကို အောက်ပါအတိုင်းစစ်ဆေးပါ။
• ရွက်လယ်ရိုး ဒါမှမဟုတ် ရွက်အိမ်ထဲကို ထိုးဖောက်အုထားတဲ့ လခြမ်းပုံအဖြူရောင်ဥများ
• အဖြူရောင်မှအညိုရောင်ရှိသော အကောင်ငယ်များ
• စပါးပင်ပွားအခြေအနီးမှာ စားသောက်နေကြတဲ့ အညိုရောင် ဒါမှမဟုတ် အဖြူရောင်ရှိတဲ့ အရွယ်ရောက်ကောင်များ
စပါးခင်းကိုလည်းအောက်ပါအတိုင်းစစ်ဆေးပါ။
• စပါးပင် ဖြုတ်ညိုကြောင့်လောင်ကျွမ်းခြင်း ဒါမှမဟုတ် အဝါရောင်ဖြစ်ခြင်း၊ အညိုရောင်ဖြစ်ခြင်းနဲ့ ခြောက်သွေ့ခြင်း
• မှိုရောဂါနဲ့ ဘက်တီးရီးယားရောဂါတွေက စပါးပင်ထဲကို ဝင်ရောက်နိုင်တဲ့ ဥအုထားတဲ့ အမှတ်အသားရာများ
• ဖျက်ဆီးခံထားရတဲ့ ဧရိယာအခြေတွေမှာ ပျားရည်ချိုးနဲ့ ကြပ်ခိုးမှိုရှိနေခြင်း
• ragged stunt ဗိုင်းရပ်စ်ရောဂါ ဒါမှမဟုတ် grassy stunt ဗိုင်းရပ်စ်ရောဂါရှိနေတဲ့ စပါးပင်များ
ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းဟာ စပါးကြမ်းပိုးနက်ကြောင့်ဖြစ်တဲ့ အပင်လောင်ကျွမ်းခြင်းနဲ့ ဆင်တူပါတယ်။ ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းကို အတည်ပြုဖို့ စပါးပင်ရဲ့ အခြေမှာ ကြပ်ခိုးမှိုရှိမရှိ စစ်ဆေးပါ။
စီးပွားရေးအရအရေးကြီးပုံ
ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်း
ဖြုတ်ပိုးတွေစားသောက်ခြင်းကြောင့် စပါးပင်တွေ အဝါရောင်သန်းသွားပါတယ်။ အကောင် အရေအတွက်များပါက စပါးပင်တွေ လောင်ကျွမ်းခြင်း ဒါမှမဟုတ် လုံးဝခြောက်သွားခြင်းကို တွေ့ရပါတယ်။ ဒီအဆင့်မှာ စပါးသီးနှံဆုံးရှုံးမှုဟာ ၁၀၀% ဖြစ်နိုင်ပါတယ်။
ရင့်မှည့်ကာနီး စပါးပင်တွေမှာ စပါးဖြုတ်ညိုပိုးအကောင်ငယ် ၄၀၀ − ၅၀၀ ဖျက်ဆီးခံရပါက အပင်လောင်ကျွမ်းနိုင်ပါတယ်။ ၁၉၇၀ နှစ်များနဲ့ ၁၉၈၀ နှစ်များက စပါးဖြုတ်ညိုပိုးကို အာရှတိုက်ရဲ့ စပါးထုတ်လုပ်ရေးကို ခြိမ်းခြောက်တဲ့ ဖျက်ပိုးအဖြစ် ယူဆထားပါတယ်။
စပါးပင်တစ်ပင်မှာ ဖြုတ်ကြောဖြူ အကောင်ငယ် ၄၀၀ − ၅၀၀ ဒါမှမဟုတ် အကောင်ကြီး၂၀၀ ရှိရင် စပါးပင်တွေကို လုံးဝဆုံးရှုံးစေနိုင်ပါတယ်။ ဖြုတ်ကြောဖြူ ရုတ်တရက် အဆမတန် ကျရောက်ခြင်းကို ၁၉၇၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ၁၉၇၉ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ၁၉၈၂၊ ၁၉၈၄ နှင့် ၁၉၈၅ ခုနှစ်တို့တွင် အိန္ဒိယနိုင်ငံတို့မှာ တွေ့ရသည်။
ကာကွယ်နှိမ်နင်းခြင်း
ပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ဖြုတ်ပိုးရုတ်တရက်အဆမတန် ကျရောက်ခြင်းဟာ သဘာဝ ရန်သူတွေကို ပျက်စီးစေပါတယ်။
စပါးဖြုတ်ပိုးရုတ်တရက်အဆမတန်ကျရောက်ခြင်းကို ကြိုတင်ကာကွယ်ဖို့ အောက်ပါအချက်များကို ဆောင်ရွက်ပါ။
• စပါးခင်းနဲ့ စပါးခင်းပတ်လည်က ပေါင်းများကို ဖယ်ရှားပါ။
• သဘာဝရန်သူများကိုသေစေတဲ့ ပိုးသတ်ဆေး မဆင်မခြင်သုံးစွဲခြင်းကို ရှောင်ရှားပါ။
• ဖြုတ်ပိုးခံနိုင်ရည်တဲ့ စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများအတွက် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေကို ဆက်သွယ်ပါ။
• စပါးပင်စည်တစ်ပင်မှာ ဖြုတ်ညိုတစ်ကောင်ရှိရင် ဆေးဖျန်းဖို့အချိန်ကျပါပြီ။
• စပါးဖြုတ်ညိုပိုးတွေကို ပျိုးခင်းမှာ နေ့စဉ်၊ စပါးခင်း၊ ပင်စည်ပေါ်နဲ့ ရေမျက်နှာပြင်ပေါ်မှာ အပတ်စဉ် ကြည့်ပါ။ ပျိုးခင်း (ဒါမှမဟုတ် တိုက်ရိုက်အစေ့ချစပါးခင်း) ရဲ့ ဘေးဖက်တစ်ဖက်စီကို စစ်ဆေးပါ။ စပါးပင်သက်ပိုကြီးတဲ့အပင်တွေအတွက် စပါးဖြုတ်ညိုပိုးတွေ ရေထဲကို ပြုတ်ကျစေဖို့ အပင်ကို ဆုပ်ကိုင်ပြီး အနည်းငယ်ကွေးကာ စပါးပင်ခြေနားကို ခါချပါ။ ရွှေ့ပြောင်းစိုက်တဲ့ စပါးအတွက် စပါးခင်းကို ကန့်လန့်ဖြတ် ဖြတ်သန်းစဉ် စပါးပင်မြုံ ၁၀ ခုမှ ၂၀ ရဲ့ ပင်ခြေကို ကြည့်ပါ။ နို့ရည်တည်တဲ့အဆင့်မှာ စပါးဖြုတ်ညိုပိုးကိုဖြစ်စေ ဖြုတ်ကြောဖြူကို ဖြစ်စေ ကင်းထောက်စစ်ဆေးစရာမလိုပါ။
• စပါးပင်ကို ဖြုတ်ညိုတိုက်ခိုက်ခံရပါက ညအချိန်တွင် အလင်းရောင်ထောင်ချောက် (ဥပမာအားဖြင့် အရောင်ဖျော့နံရံ အနီး ဒါမှမဟုတ် ရေခွက်အပေါ်က လျှပ်စစ်မီးလုံး ဒါမှမဟုတ် ရေနံဆီမီးအိမ်) ကို အသုံးပြုပါ။ ပျိုးခင်းဒါမှမဟုတ် စပါးခင်းအနီးမှာ အလင်းရောင်ထောက်ချောက်ကို မထားပါနဲ့။ အလင်းရောင်ထောင်ချောက်ထဲမှာ စပါးဖြုတ်ညို ရာပေါင်းများစွာကိုရပါက စပါးပျိုးခင်း ဒါမှမဟုတ် စပါးခင်းကို ချက်ချင်းစစ်ဆေးပြီး နောက် သီတင်းပတ်အနည်းငယ်အထိ နေ့တိုင်း ကင်းထောက်စစ်ဆေးပါ။ လယ်သမားတွေအနေနဲ့ နေ့တိုင်းစစ်ဆေးနိုင်ပါက အလင်းရောင်ထောင်ချောက်မလိုပါ။
စပါးဖြုတ်ပိုးတွေကို နှိမ်နင်းခြင်း
လက်အား သို့မဟုတ် ရူပနည်းဖြင့်ကာကွယ်နှိမ်နင်းနည်း
• ပျိုးခင်းကိုတစ်နေ့တာ ရေလွှမ်းပါက ပျိုးပင်ထိပ်ဖျားက ဖြုတ်ညိုတွေကို နှိမ်နင်းနိုင်ပါတယ်။
• အထူးသဖြင့် အခြောက်စိုက်စပါးပျိုးခင်းမှာ အချို့ စပါးဖြုတ်ညိုပိုးတွေကို ဖယ်ရှားဖို့ အင်းဆက်ဖမ်းပိုက်ဖြင့် ခါရမ်းဖမ်းပါ။ စပါးဖြုတ်ညိုပိုးအရေအတွက်များပါက စပါးပင်ခြေက ဖြုတ်ညိုပိုးများကို အင်းဆက်ဖမ်းပိုက်ဖြင့် ခါရမ်းဖမ်းပါက မဖယ်ရှားနိုင်ပါ။
ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
• သဘာဝရန်သူအလုံအလောက်ရှိပါက ဖြုတ်ညိုကြောင့်အပင်လောင်ကျွမ်းခြင်းနည်းပါတယ်။ စပါးပင်ဟာ အပင်လောင်ကျွမ်းခြင်းကြောင့် ဖျက်ဆီးခံထားရပြီဆိုရင်တောင် သဘာဝရန်သူအရေအတွက်က ဖြုတ်ညိုပိုးအရေအတွက်ထက် များပါက ပိုးသတ်ဆေး ဖျန်းစရာမလိုပါ။ စပါးဖြုတ်ညိုပိုးရဲ့ သဘာဝရန်သူထဲမှာ ပင့်ကူတွေ၊ မီးရစ်ဒ်ကြမ်းပိုးတွေနဲ့ ဥစားကပ်ပါးကောင်တွေပါဝင်ကြပါတယ်။
ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
စပါးဖြုတ်ညိုပိုး ဒါမှမဟုတ် ဖြုတ်ကြောဖြူအတွက် အောက်ဖော်ပြပါအချက်အလက်များကို တွေ့မှသာ ပိုးသတ်ဆေးပက်ဖျန်းပါ။
• စပါးပင်စည်တစ်ခုလျှင် ဖြုတ်ပိုးပျမ်းမျှအရေအတွက် တစ်ကောင်ထက်ပိုခြင်း
• ပျမ်းမျှအားဖြင့် သဘာဝရန်သူထက် ဖြုတ်ပိုးအရေအတွက်က ပိုများနေခြင်း
• ပျိုးခင်းကိုရေလွှမ်းတာဟာ ရွေးချယ်စရာမဟုတ်ပါ။
အောက်ပါပိုးသတ်ဆေးများကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။
• ဒိုင်မီသိုအိတ် (Dimethoate)
• ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)
• အဆီဖိတ် (Acephate)
• အဆီတာမီပရစ်ဒ် (Acetamiprid)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Topic 1
စပါးဖြုတ်ပိုး
Applicable farm inputs (Ad)
Htet Myat
4 years agoကြက်ခိုးမှီုဆိူတာဘယ်လိုလည်းဗျမသိလိုပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....