သင်္ဘောပင်ပေါ်ကပိုးစေးနှဲကို ဘယ်လိုကာကွယ်မလဲ
သင်္ဘောပင်စိုက်ပျိုးတဲ့ တောင်သူများနေဖြင့် မိမိတို့သင်္ဘောခင်းမှာ အဖြူရောင်ပိုးစေးနဲလေးတွေ ကျရောက်တာသတိပြုမိမှာပါ။ ပိုးစေးနှဲတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အဖြူရောင်ဖယောင်းလွှာတွေနဲ့ ဖုံးအုပ်ထားရှိပြီး အပင်ရည်ကို စုပ်ယူစားသောက်တဲ့ သေးငယ်တဲ့အင်းဆက်ပိုးတစ်မျိုး ဖြစ်ပါတယ်။ ပိုးစေးနှဲတွေက လက်ခံပင်တော်တော်များများတွင် ကျရောက်နိုင်ပြီး အများအားဖြင့် အပူပိုင်းနှင့် အပူသမပိုင်းသီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အလှဆင်အပင်များတွင် ကျရောက်ပါတယ်။ သင်္ဘောပင်တွင် ကျရောက်မှုအမြင့်ဆုံးဖြစ်ပါတယ်။
ပိုးစေးနှဲသည် ပင်ရည်များကိုစုပ်ယူ၍ အဆိပ်ပစ္စည်းများ ထိုးသွင်းခြင်း၊ ဗိုင်းရပ်စ်များ ပြန့်နှံ့စေခြင်း၊ အချိုရည်များစစ်ထုတ်၍ ကြပ်ခိုမှိုများဖြစ်စေခြင်းအပြင် အပင်သေသည်အထိ ဖြစ်စေပါတယ်။ ကြပ်ခိုးမှိုများသည် အပင်ကို ဖုံးအုပ်ထားသဖြင့် အစာချက်လုပ်မှုကို ဆိုးရွားစွာလျော့ကျစေပါတယ်။ ကျရောက်မှုများပါက အထွက်နှုန်းကျဆင်းခြင်း၊ အသီးအရည်အသွေးကျဆင်းခြင်းနှင့် အသီးများ ရောင်းတန်းမဝင်ခြင်း၊ ခါးခြင်းဖြစ်စေပါတယ်။ ပိုးစေးနှဲသည် အပင်၏ မြေပေါ်ပိုင်းအစိတ်အပိုင်းများတွင် ကျရောက်ပြီး ခန္ဓာကိုယ်ကို ဖယောင်းလွှာဖြင့် ဖုံးကာထားခြင်းကြောင့် နှိမ်နှင်ရန်ခက်ခဲပြီး မနှိမ်နှင်းပါက အပင်သေစေပါတယ်။ ပိုးစေးနှဲမှ စစ်ထုတ်သော အချိုရည်များသည် ပုရွက်ဆိတ်များကို ဆွဲဆောင်သောကြောင့် ပိုးစေးနှဲကျရောက်လျှင် ပုရွက်ဆိတ်များကိုပါ တွေ့ရမှာဖြစ်ပါတယ်။ ပုရွက်ဆိတ်များသည် ပိုးစေးနှဲကို ၎င်း၏ရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ကပ်ပါးကောင်းများ၊ ဇာတောင်ပိုးများ အန္တရာယ်မှ ကာကွယ်ပေးပြီ အပြန်အလှန်အကျိုးပြုကြပါတယ်။
ဖျက်ဆီးမှုလက္ခဏာများ
ပိုးစေးနှဲများသည် အပင်၏ မြေပေါ်ပိုင်းအစိတ်အပိုင်းများဖြစ်သော အရွက်အောက်မျက်နှာပြင်၊ ပင်စည်နှင့် အသီးများတွင် ဝါဂွမ်းပုံကဲ့သို့ အစုအဝေးလိုက် ကျရောက်ပါတယ်။ ပိုးစေးနှဲ၏ သားလောင်းနှင့် အရွယ်ရောက်ကောင်သည် အပင်အရည်များကိုစုပ်ယူပြီး အပင်ကို အားနည်းစေပါတယ်။ ပင်စည်တွင် ကျရောက်လျှင် အပင်ပုခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်း၊ အပင်သေခြင်း ဖြစ်စေပါတယ်။ အရွက်များတွင်ကျရောက်ပါက အရွက်များဝါလာခြင်း၊ ပုံပျက်လာခြင်း၊ တွန့်လိပ်ခြင်း၊ အရွက်များ စောစောကြွေကျခြင်း ဖြစ်စေပါတယ်။ အသီးများသည် မာကြော၍ အရသာခါးစေပါတယ်။ အသီးတွင် ဆိုးရွားစွာကျရောက်ပါက အသီးပေါ်တွင် အဖြူရောင်ဖယောင်းလွှာ ထူထူဖုံးကာထားသောကြောင့် စားမရသည်အထိ ဖြစ်နိုင်ပါတယ်။
လက်ခံပင်များ
ပိုးစေးနှဲသည် စီးပွားရေးအရအရေးပါတဲ့ လက်ခံပင်များဖြစ်သော သင်္ဘော၊ ထောပတ်၊ ရှောက်၊ သရက်၊ ခရမ်းချဉ်၊ ငရုတ်၊ ဝါ၊ ခရမ်းချိုသီး၊ ပဲမျိုးစုံ၊ ကန်စွန်းဥ အပါအဝင် လက်ခံပင်များစွာတွင် ကျရောက်နိုင်ပါတယ်။
ဘဝစက်ဝန်း
သင်္ဘောပိုးစေးနှဲသည် ပူနွေးပြီး ခြောက်သွေ့သောရာသီဥတုတွင် ပို၍ ကျရောက်တတ်ပါတယ်။ အမများသည် အတောင်မရှိဘဲ တစ်နေရာမှတစ်နေရာသို့ တွားသွားခြင်း (သို့) လေဖြင့် ရွေ့လျားပါတယ်။ အမသည် ဥ ၁၀၀ မှ ၆၀၀ အထိ ဥနိုင်ပြီး စိမ်းဝါရောင်ရှိ၍ အဖြူရောင်ဖယောင်းလွှာဖြင့် ဖုံးကာထားပါတယ်။ ဥ ဥသောကာလသည် ၁ ပတ်မှ၂ ပတ်ကျော်ထိ ကြာပါတယ်။ ဥများက ၁၀ ရက်အကြာတွင် ပေါက်ပါတယ်။ အမသည် သားလောင်အဆင့် ၃ ဆင့်ရှိပြီး အဖိုသည် ၄ ဆင့်ရှိပါတယ်။ အဖို၏ ဘဝစက်ဝန်းသည် ၂၇ မှ ၃၀ ရက် ကြာပြီး အမသည် ၂၄ မှ၂၆ ရက် ကြာပါတယ်။ အရွယ်ရောက်အမသည် အဖိုကို လိင်ဖယ်ရိုမုန်းများထုတ်၍ ဆွဲဆောင်ပါတယ်။ အရွယ်ရောက်အမသည် အဝါရောင်အဆစ်များပါသော ပြားသောခန္ဓာကိုယ်ရှိပြီး ၂ မီလီမီတာရှည်လျား၍ ဖယောင်လွှားဖြင့် ဖုံးအုပ်ထားပါတယ်။ အရွယ်ရောက်အဖိုမှာ ပန်းရောင်ရှိ၍ တောင်ပံပါပြီး ၁ မီလီမီတာခန့် ရှိပါတယ်။
ပျံ့နှံသောပုံစံ
ဥမှပေါက်လာသော ပိုးစေးနှဲသားလောင်များသည် ပိုးကျခံရသောအပင်မှ အခြားအပင်များသို့ တွားသွားခြင်းဖြင့် ကျန်းမာသောအပင်များကို ကျရောက်ပါတယ်။ သေးငယ်သောသားလောင်းများသည် လေ၊ မိုးရေ၊ သွင်းရေ၊ ငှက်၊ ပုရွက်ဆိတ်၊ အဝတ်အစားများ၊ လယ်ယာသုံးစက်ကိရယာများမှတစ်ဆင့် အလွယ်တကူပျံနှံ့နိုင်ပါတယ်။ စိုက်ခင်းထဲသို့ လူများဝင်ရောက်သွားလာခြင်းဖြင့်လည်း ပိုးစေးနှဲကိုပျံ့နှံ့စေပါတယ်။ ပိုးစေးနှဲမှထုတ်သော အချိုရည်များသည် ပုရွက်ဆိတ်ကို ဆွဲဆောင်ပြီး ပုရွက်ဆိတ်များသည် ပိုးစေးနှဲကို တစ်ပင်မှတစ်ပင်သို့ သယ်ဆောင်ပါတယ်။ ထို့ပြင် ပုရွက်ဆိတ်သည် ပိုးစေးနှဲ၏ သဘာဝရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး၊ ကပ်ပါးကောင်များရန်မှ ကာကွယ်ပေးပါတယ်။ ဥအိမ်နှင့် သားလောင်းတွင်ကပ်နေသော ဖယောင်းသည် လယ်ယာသုံးပစ္စည်းများ၊ လူများနှင့် ကပ်ငြိ၍ ပျံ့နှံ့နိုင်ပါတယ်။ ပိုးကျရောက်သော အသီးများ၊ အပင်အစိတ်အပိုင်းများကို အခြားစိုက်ခင်းများသို့ သယ်ရွှေ့ခြင်းဖြင့်လည်း ပျံ့နှံ့စေပါတယ်။
ကာကွယ်နှိမ်နင်းနည်း
- ပိုးစေးနှဲကျရောက်မှုကို ကင်းထောက်စစ်ဆေးပါ။
- ပိုးကျသောအကိုင်းအခက်များကို ခုတ်၍ မီးရှို့ဖျက်ဆီးပါ။
- သီးနှံအကြွင်းအကျန်များကို ဖယ်ရှား၍ မီးရှို့ပါ။
- ပိုးစေနှဲ၏ လက်ခံပင်များဖြစ်သော ပေါင်းများ၊ ခေါင်ရမ်းကဲ့သို့အပင်များကို စိုက်ခင်းအနီးအနားမှ ဖယ်ရှာပါ။
- ပိုးကျသောအခင်းမှ အပင်အစိတ်များကို တခြားအခင်းသို့ ရွှေ့ပြောင်းခြင်း ရှောင်ရှားပါ။
- ရေလွှမ်းခြင်းရှောင်ရှားပါ။
- ပိုးစေးနှဲကျရောက်မှုနည်းပါက ပိုးကျသောအကိုင်းအခက်များကို အရက်ပြန်ဆွတ်ထားသော ဝါဂွမ်းဖြင့် ပွတ်တိုက်ခြင်း၊ ရေပြင်းပြင်းဖြင့် ထိုးပေးခြင်း၊ ပိုးကျသောအပင်အစိတ်အပိုင်းများကို ဖယ်ရှားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
- ပိုးစေးနှဲ၏ သဘာဝရန်သူများဖြစ်သော လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုးများကို ကွင်းထဲတွင် ထိန်းသိမ်းပေးပါ။
- ပုရွက်ဆိတ်များမှ ပိုးစေးနှဲကို သယ်ဆောင်ခြင်းမှ ကာကွယ်ရန် ပုရွက်ဆိတ်များ ရွေ့လျားခြင်းကို ကာကွယ်ပါ။ ပုရွက်ဆိတ်အုံများကို ဖျက်ဆီးပါ။
- လယ်ယာသုံးကိရိယာများကို အခြားသီးနှံခင်းများတွင် အသုံးမပြုခင် သေချာစွာသန့်ရှင်းပါ။
- ပုရွက်ဆိတ်နှင့် ပိုးစေနှဲသားလောင်းကောင်လေးများ ရွေ့လျားမှုကို ကာကွယ်ရန် ပင်စည်၊ အကိုင်းအခက်များပေါ်တွင် စေးကပ်စေသောပစ္စည်းများ၊ alkathene sheet များထားခြင်း၊ ကလိုပိုင်ရီဖော့စ် 20 EC ကို ဖျန်းပေးခြင်း ပြုလုပ်ပါ။
- သဘာဝပိုးသတ်ဆေးအနေဖြင့် တမာပိုးသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။
- ဆိုးရွားစွာ ကျရောက်ပါက အဆီဖိတ်၊ ဒိုင်မီသိုအိတ်၊ ကလိုပိုင်ရီဖော့စ်၊ ပရိုပီနိုဖော့စ် ၊ အင်မီဒါကလိုပရစ် စသော အဆိပ်ပစ္စည်းများပါဝင်တဲ့ ပိုးသတ်ဆေးကို ဆေးထုပ်တွင်ပါသောအညွှန်းအတိုင်း တစ်လှည့်စီသုံးပေးပါ။
Reference
https://en.m.wikipedia.org/wiki/Paracoccus_marginatus
https://www.ir4project.org/fc/acetamiprid-papaya-2020/
https://icar.org.in/files/Papaya%20MealybugNCIPM.pdf
https://www.cabi.org/wp-content/uploads/papaya-mealybug-technical-brief-2-1.pdf
လိူင်ဝေဖြိူး
2 years agoသဘော်ပင် စိုက်မြေကိုဘယ်လိုပြုပြင်ရင်ကောင်းမလဲဆရာဒို
utinhtwe
3 years agoအဲဒီပိုးမျိုးတွေကသင်္ဘောပင်တော်တော်များများမှာကျရောက်ပါတယ်အကောင်းဆုံးဆေးကိုညွှန်ကြားပေးပါခင်ဗျာ ဒက်တောဆေးရည်ကိုရေရောပြီးဖျန်းရင်ရောရနိုင်လားခင်ဗျညွှန်ကြားပေးစေလိုပါသည်ခင်ဗျား
လွင်လွင်ဦး
3 years agoခုနှစ်သဘော်ပင်တွေရောဂါကျတာဘာကြောင့်လဲ
လွင်လွင်ဦး
3 years agoဘယ်လိုဆေးမျိုးသုံးနိုင်လဲ
လွင်လွင်ဦး
3 years agoရောဂါကကုသလိုရလား
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from အေးပွင့်ဖြူ
See all
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....