စပါးဘက်တီးရီးယားရွက်စင်းရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ရောဂါလက္ခဏာများ
ရောဂါကျစပါးပင်တွေမှာ စပါးရွက်တွေ အညိုရောင်သန်းတာနဲ့ ခြောက်သွားတာကို တွေ့ရပါတယ်။ ဆိုးဝါးပါက အလင်းမှီစုအစာချက်လုပ်တဲ့ဧရိယာ ဆုံးရှုံးသွားတာကြောင့် စပါးအထွက်ကို လျော့နည်းစေပါတယ်။
တွေ့ရှိရသည့်နေရာ
ဒီရောဂါကို အပူချိန်မြင့်ပြီး လေထုစိုထိုင်းဆမြင့်တဲ့ ဧရိယာတွေမှာ တွေ့ရပါတယ်။ ဒီရောဂါဟာ မျိုးစေ့နဲ့ ရောဂါကျရိုးပြတ်တွေကတစ်ဆင့် နောက်စပါးစိုက်ရာသီအထိ ကူးစက်နိုင်ပါတယ်။ ဒီရောဂါကို စပါးရွက်တွေမှာ၊ ရေထဲမှာ ဒါမှမဟုတ် စပါးရိတ်ပြီး ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေမှာ တွေ့ရပါတယ်။
အထူးသဖြင့် ဒီရောဂါကို အာရှတိုက်ရဲ့ သမပိုင်းနဲ့ သမနွေးပိုင်းဒေသတွေ၊ မက်ဒါဂက်စ်တာ အပါအဝင် အာဖရိကတိုက်၊ တောင်အမေရိကတိုက်နဲ့ သြစတေးလျတိုက်တို့မှာ အတွေ့ရများပါတယ်။ ဒီရောဂါဟာ စပါးပင်ပွားအများဆုံးထွက်ချိန်ကနေ စပါးနှံစထွက်ချိန်အထိ အစောပိုင်းအဆင့်တွေမှာ ကျရောက်နိုင်ပါတယ်။ အရွယ်ရောက် စပါးပင်တွေကတော့ ဒီရောဂါကနေ အလွယ်တကူ နလံပြန်ထူနိုင်ပြီး စပါးအထွက် နည်းနည်းသာ ဆုံးရှုံးပါတယ်။
ရောဂါခွဲခြားနည်း
• ရောဂါလက္ခဏာတွေဟာ ကနဦးအနေနဲ့ ရွက်ကြောတွေကြားမှာ သေးငယ်တဲ့ ရေစိုနာကွက်ပုံစံ အတန်းလိုက်ဒဏ်ရာတွေ အဖြစ်ပေါ်လာကြပါတယ်။ ဒီစင်းကြောင်းတွေဟာ ကနဦးက စိမ်းရင့်ရောင်ရှိကြပြီး နောင်မှာ ညိုနုရောင်ကနေ မီးခိုးဝါရောင်ပြောင်းသွားကြပါတယ်။
• ဒဏ်ရာတွေဟာ အလင်းကို ဆန့်ကျင်ပြီး ကိုင်ကြည့်ပါက အလင်းဖောက်နိုင်ပါတယ်။
• စပါးရွက်တစ်ရွက်လုံး အညိုရောင်ပြောင်းသွားနိုင်ကာ ရောဂါပြင်းထန်ရင် သေသွားပါတယ်။
• စိုထိုင်းတဲ့အခြေအနေမှာဆိုရင် ဘက်တီးရီးယားဆဲလ် အစုအဝေးတွေပါနိုင်တဲ့ ဘက်တီးရီးယားစိမ့်ထွက်ရည်ရဲ့ အဝါရောင်အစက်များကို စပါးရွက်တွေရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရပါတယ်။

ဒီရောဂါကို ရွက်ညိုပြောက်ရှည်ရောဂါနဲ့ ရောထွေးနိုင်ပါတယ်။ ဒီရောဂါဟုတ်မဟုတ် အတည်ပြုဖို့ အောက်ပါတို့ကို စစ်ဆေးပါ။
• စပါး ဘက်တီးရီးယားရွက်စင်းရောဂါ ဒဏ်ရာတွေဟာ ရွက်ညိုပြောက်ရှည်ရောဂါရဲ့ ဒဏ်ရာတွေထက် ပိုပြီး ပါးလေ့ရှိပါတယ်။
• ရွက်ညိုပြောက်ရှည်ရောဂါဒဏ်ရာတွေဟာ အလင်းမဖောက်နိုင်သလို ဘက်တီးရီးယားစိမ့်ထွက်ရည် မထွက်ပါဘူး။
ရောဂါတိုးနေတဲ့ ရွက်စင်းကြောင်းတွေကို ဖြတ်ကြည့်ပြီး ဖန်ခွက်ထဲထည့်ကြည့်တဲ့အခါ စပါးရွက်ကနေ စိမ့်ထွက်လာလေ့ရှိတဲ့ ဘက်တီးရီးယားဆဲလ် အစုအဝေးကို တွေ့မြင်နိုင်ပြီး နောက် ငါးမိနစ်အကြာမှာ ၄င်းတို့ဟာ ရေကို နောက်ကျိစေပါတယ်။
စပါးဘက်တီးရီးယားရွက်စင်းရောဂါကို စပါးဂုတ်ကျိုးရောဂါနဲ့လည်း ရောထွေးနိုင်ပါတယ်။
စပါးဂုတ်ကျိုးရောဂါနဲ့ စပါးဘက်တီးရီးယားရွက်စင်းရောဂါတို့ဟာ အထူးသဖြင့် ဒဏ်ရာတွေဟာ စပါးရွက် တစ်ရွက်တည်းမှာတွေ့ရရင် အစောပိုင်း ရောဂါကျတဲ့ အဆင့်တွေမှာ တူညီပုံပေါက်ပါတယ်။ ရောဂါကိုခွဲခြားဖို့ ဇီဝဓါတုနည်း၊ ရောဂါဗီဇနည်း ဒါမှမဟုတ် ရောဂါဖြစ်စေသက်ရှိရဲ့အရည်ကို စစ်ဆေးနည်း စတဲ့ စမ်းသပ်ချက်တွေနဲ့ ခွဲခြားနိုင်ပါတယ်။
စီးပွားရေးအရ အရေးပါပုံ
ဒီရောဂါကြောင့် စွတ်စိုတဲ့ရာသီမှာ စပါးအထွက် ၈ − ၁၇% နဲ့ ခြောက်သွေ့ရာသီမှာ ၁ − ၃% ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
• ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးကို စိုက်ပါ။
• စပါးမျိုးစေ့များကို ရေနွေးနဲ့ စိမ်ပါ။
• လက်ခံပေါင်းပင်တွေကို ဖယ်ရှားပြီး စပါးခင်းကို သန့်ရှင်းနေပါစေ။ စပါးရိုးပြတ်တွေ၊ ကောက်ရိုးတွေ၊ ရောဂါ တစ်ဆင့်လက်ခံပင်တွေကို ထယ်ထိုးမြေမြှုပ်ပါ။
• အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အချိုးညီသုံးစွဲပါ။
• စပါးခင်းနဲ့ ပျိုးခင်းမှာ ရေထုတ်ကောင်းမွန်ပါစေ။
• ဆိုးဝါးစွာရေလွှမ်းခံရပါက စပါးခင်းထဲက ရေကို ထုတ်ပစ်ပါ။
• မြေကြီးနဲ့ စပါးပင်ကြွင်းပင်ကျန်က ဒီဘက်တီးရီးယားကို သေစေဖို့ ပလပ်ကာလအတွင်း စပါးခင်းကို အခြောက်ခံထားပါ။
• ဒီရောဂါ ဆိုးဆိုးဝါးဝါးကျပါက အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
• ကာစူဂါမိုက်ဆင် (Kasugamycin)
• ဗစ်စ်မာသိုင်ယာဇိုးလ် (Bismerthiazol)
• ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)
• ကော့ပါးဟိုက်ဒြောက်ဆိုဒ် (Copper hydroxide)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Topic 1
စပါးဘက်တီးရီးယားရွက်စင်းရောဂါ
Applicable farm inputs (Ad)
ZawZawHtike
5 years agoကျွန်တော်လယ် ပထမရွက်စင်း ရွက်ခြောက်ဖြစ်ပါတယ် ဆေးကတော.ကါဆူကာဖျန်းပါတယ်တစ်ပတ်လောက်ကြာတော.ဂုတ်ကျိုးစဖြစ်တာတွေရပါတယ် ကါစူဂါမိုက်ဆင်ဝယ်လို့မရလို့ ရိုက်လိုင်းသုံးချင်လို့အစဥ်ပြေပါမလား ဆရာဖြေကြားပေးပါ ကျေးဇူးတင်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020