Green Way
ပဲတီစိမ်းတွင် ကျရောက်တတ်သော သံချေးမှိုရောဂါ

ပဲတီစိမ်းတွင် ကျရောက်တတ်သော သံချေးမှိုရောဂါ

    ရောဂါလက္ခဏာသည် အများအားဖြင့် အရွက်၏အောက်ဖက်မျက်နှာပြင်ဖက်တွင် နီညိုရောင်စက်ဝိုင်းကွက်များအဖြစ် ပေါ်လာပြီး ပဲသီးများတွင်အကျနည်းပြီး ပင်စည်များတွင် ပြန့်ကျဲကျဲရှိသည်။ 

    အရွက်များတွင် ဆိုးဝါးစွာကျပါက ပဲရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် သံချေးမှိုစုများဖြင့် အပြည့်ဖုံးထားသည်။

    အရွက်များတွန့်ရှုံ့ပြီး အရွက်များကြွေကျခြင်းကြောင့် အထွက်လျော့နည်းစေသည်။

ကာကွယ်နှိမ်နင်းခြင်း 

  • ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။
  • ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
  • ပဲမျိုးရင်းဝင်မဟုတ်သောအပင်များနှင့် သီးလှည့်စိုက်ပါ။

အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းအသုံးပြုပါ။ 

  • အဇိုဆီစထရိုဘင် (Azoxystrobin)
  • ဘီနိုမိုင်းလ် (Benomyl)
  • ပရိုပီကိုနာဇိုးလ် (Propiconazole)
  • တဗျူကိုနာဇိုးလ် (Tebuconazole)
  • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)
  • ကလိုရိုသလိုနေးလ် (Chlorothalonil)
  • ဟက်ဇာကိုနာဇိုးလ် (Hexaconazole)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

6
ကိုဖြိုး

ကိုဖြိုး

4 years ago

zole အုပ်စုထဲက တစ်ခုခု ​ဖျန်းလို့ရပါတယ်ဗျ ဥပမာ ဒိုင်ဖန်နို.

PyaePhyoKyaw

PyaePhyoKyaw

4 years ago

အခုပြောထားတဲ့ zole အုပ်စုတွေနဲ့ အဆင်ပြေတယ်ပေါ့နော်

koYe

koYe

5 years ago

ဘာဆေးဖြန်းရမှာလဲ

မောင်အောင်မျိုးသူ

မောင်အောင်မျိုးသူ

5 years ago

ဖာဥမှိုအတွက်ဆေးကဘာလဲဆရာတို့လင်းပါဦး

Anonymous

Anonymous

5 years ago

အသီးနည်းနေတာ

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....