နီမတုတ်
နီမတုတ်ကတော့ နာမည်နည်းနည်းရစပြုနေပါပြီနော်။ တစ်ချို့နေရာတွေမှာ အရမ်းနာမည်ကြီးနေပါပြီ။ သူကမြေကြီးထဲမှာနေပြီးတော့ အပင်တွေကိုတိုက်ခိုက်တယ်။ ရောဂါတွေကိုဖြစ်စေနိုင်တယ်။ သူတိုက်ခိုက်လိုက်လို့ အပင်တွေက ညိုးကျပြီး သေသွားတာမျိုးလည်းမဟုတ်ဘူး။ ပုံမှန်လိုပဲ။ ပြတဲ့လက္ခဏာတွေကလည်း အာဟာရချို့တဲ့တာကြောင့်ပဲဖြစ်သလိုလိုတွေ၊ အပူချိန်များလို့ပဲ ညိုးနေသလိုလိုတွေဖြစ်တာဆိုတော့ နည်းနည်းခွဲရခက်တယ်။
နီမတုတ် ဘယ်နှမျိုးလောက်ရှိသလဲ
ရှိတာပေါ့။ နီမတုတ်တွေလို့ဆိုလိုက်ရင် လူတွေကိုအကျိုးပြုတဲ့ နီမတုတ်တွေလည်းရှိတယ်။ ရောဂါဖြစ်စေနိုင်တဲ့ နီမတုတ်တွေလည်းရှိတယ်။ ခုကတော့ ရောဂါဖြစ်စေနိုင်တဲ့ နီမတုတ်တွေအကြောင်း ပြောကြစို့။
မြစ်ဖုနီမတုတ်
မြစ်ဖုနီမတုတ်တွေဟာဆိုရင် အတိုက်ခိုက်ဆုံး နီမတုတ်တွေထဲက တစ်မျိုးပါပဲ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် မြစ်ဖုကိုဖြစ်စေတဲ့ နီမတုတ်မျိုးစိတ်ပေါင်းက နှစ်ထောင်ကျော်တောင်ရှိပါတယ်။ အပင်အမြစ်တွေထဲကို အကောင်ငယ်လေးတွေက ဝင်သွားတယ်။ ဝင်ရောက်နေထိုင်ကြတယ်။ အဲ့တော့ အမြစ်တွေက အဖုတွေဖြစ်လာတယ်။ မလိုအပ်ပဲ အမြစ်တွေက ပိုပြီးတော့ ပွားများလာပါတယ်။ အာလူးလိုမျိုး၊ ခါကြက်ဥလိုအပင်မျိုးတွေဆိုရင် မြစ်ဖုနီမတုတ်တွေကြောင့်မို့ ဈေးကွက်ထဲကိုမဝင်တဲ့ အသီးအနှံတွေဖြစ်သွားကြပါတယ်။ အကောင်ငယ်လေးတွေကနေ အကောင်လေးတွေကြီးလာပြီး နောက်ပိုင်းမှာ ဥတွေဥတယ်။ မြေကြီးထဲမှာလည်း ဥတွေဥပြီးတော့ တစ်ခြားအပင်တွေကအမြစ်တွေကို ထပ်ပြီးတော့ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
မြစ်ဖုနီမတုတ်ကျရောက်ခံရတဲ့ အပင်တွေက မြစ်ဖုတွေကြောင့် ရေနဲ့ အာဟာရတွေကို ပြတ်လပ်သွားပါတယ်။ အမြစ်တွေက ထိုးဖောက်ခံရတဲ့အတွက်ကြောင့်မို့ ရောဂါပိုးမွှားတွေ ဘက်တီးရီးယားတွေ၊ မှိုတွေ စတာတွေ ထပ်ဝင်နိုင်ပါသေးတယ်။ အဲ့လိုနီမတုတ်တွေက သက်တမ်းနည်းနည်းကြာတဲ့ အပင်တွေစိုက်ထားရင် သူတို့ကြိုက်ပါတယ်။ သဲနည်းနည်းဆန်တဲ့မြေတွေကို သူတို့ကြိုက်ပါတယ်။ ပြီးတော့ အပင်တွေက ရေနဲ့အာဟာရတွေကို ရဖို့ခက်ခဲတဲ့ အပင်တွေဆိုရင် သူတို့ဝင်ဖို့ ပိုလွယ်ပါတယ်။
မြစ်ပုတ်နီမတုတ်
သူကတော့ နှင်းဆီတွေ၊ သီးပင်တွေနဲ့ နှံစားသီးနှံတွေမှာကျရောက်တဲ့ နီမတုတ်တွေဖြစ်ပါတယ်။ သူတို့က အမြစ်တွေထဲကို သူတို့ရဲ့ စတိုင်းလက်စ်လို့ခေါ်တဲ့ ပါးစပ်ထဲက အချွန်လေးကိုသုံးပြီးတော့ ထိုးဖောက်ဝင်ရောက်ပါတယ်။ နောက် အမြစ်ဆဲလ်တွေထဲမှာ လျှောက်သွားတယ်။ ပြီးတော့ အပင်တွေဆီကနေ အာဟာရတွေကို စုပ်ယူစားသုံးတယ်။ သူတို့ ပြန်ထုတ်တဲ့ အရာတွေကြောင့်မို့ အပင်ဆဲလ်တွေက သေသွားတဲ့အပြင်ကို သူတို့က ဥတွေဥထားခဲ့ပါသေးတယ်။
သူတို့ထိုးဖောက်ဝင်ရောက်လိုက်တဲ့ အပေါက်လေးတွေကနေ ညိုမဲပြီး အကွက်လေးတွေဖြစ်သွားပါတယ်။ အဲ့လို အကွက် အပေါက်လေးတွေကနေ တစ်ဖြည်းဖြည်း ညိုမဲပြီး ပုပ်လာတာပါ။ သူတို့ထိုးဖောက်ခံရတဲ့ အပင်အမြစ်တွေအကုန်လုံး အဲ့လို ပုပ်ကုန်ပါတယ်။ အာဟာရနဲ့ ရေတွေ ပြတ်တောက်ကုန်ပါတယ်။ အဲ့လိုဆိုတော့ မြေပေါ်ပိုင်းကအပင်တွေလည်း အားနည်းလာပါတယ်။ အပင်တွေ သေကုန်ပါတယ်။ မြေကြီးမှာ ဘာမှမစိုက်ဘူး။ ခြောက်နေတယ်ဆိုရင် နီမတုတ်တွေကလည်း လှုပ်ရှားမှုမရှိတော့ပဲနဲ့ အမြစ်ဟောင်းတွေထဲမှာ အောင်းနေကြပါတယ်။ အစိုဓာတ်လေးရလာရင် အပင်အမြစ်လေးတွေလည်း ရှိလာတယ်ဆိုရင် သူတို့တွေ ပြန်ပြီးတော့ လှုပ်ရှားလာကြတယ်။ နောက်ထပ်အပင်တွေကို စားသုံးကြတယ်။
ဘာကြောင့်ဖြစ်သလဲ
အပင်တွေမှာ ကပ်ပါးပြုပြီးတော့နေထိုင်ကြတဲ့ နီမတုတ်တွေက မြေကြီးကနေတစ်ဆင့်၊ ရောဂါဖြစ်နေတဲ့ ပြောင်းရွေ့စိုက်တဲ့ အပင်တွေကနေတစ်ဆင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ တစ်ခါလောက် မြေကြီးထဲမှာရောက်သွားတယ်ဆိုရင် ပြန်ထုတ်ဖို့က ခက်ခဲသွားပါတယ်။ အပင်တွေကို မတိုက်ခိုက်အောင်ပဲ လုပ်နိုင်ပါတယ်။ လုံးဝပြုတ်သွားအောင်လုပ်ဖို့က ခက်မှာပါ။ အဖြေတွေတော့ရှိပါတယ်။
ထွန်းဝင်းကျော်
https://www.agric.wa.gov.au/nematodes/nematodes?page=0%2C3
Continue reading related topics, questions and articles.
Topic 1
နီမတုတ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....