ကြက်သွန်ဖြူ လည် ဘာကြောင့် လိမ်ရသလဲ?
ကြက်သွန်နီ လည်လိမ်ရောဂါအကြောင်း သိပြီးသားဖြစ်ပေမယ့်ကြက်သွန်ဖြူအရွက် ကွင်းထိုးလည်လိမ်ရခြင်းအကြောင်း သိသူနည်းကြပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ကြက်သွန်နီကိုနေရာအနှံ့စိုက်ကြတာရယ် ရောဂါဖြစ်တာ များလာတာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။
အဓိက အကြောင်းရင်းကတော့ ကြက်သွန်ဖြူ စိုက်ဧက အလွန်နည်းတာကြောင့်ဖြစ်ပါတယ်။
ကြက်သွန်ဖြူလည်လိမ်ရခြင်း အကြောင်းရင်းတွေကတော့
- ဇင့်ချို့တဲ့ခြင်း
- ရွက်ထွင်း/လှေးကျရောက်ခြင်း
- ရောဂါ(မှို/ဘက်တီးရီးယား/ဗိုင်းရပ်/နီမတုတ်) ကျရောက်ခြင်း
- မိုးရွာသွန်းမှုများခြင်း/ရာသီဥတုနဲ့ အပင်ဇီဝကမ္မဖောက်ပြန်ခြင်းစတဲ့ အကြောင်းရင်းများစွာထဲက၊ တောင်သူများ သတိမထားမိသေးတဲ့ အကြောင်းအရာတခုကို ကောက်နုတ်ဖော်ပြချင်ပါတယ်။
ကြက်သွန်ဖြူ မွှား(Garlic mite) Aceria tulipae (Keifer)(Acari: Eriophyoidea) Aceria tulipae ကို tulip လို့ အလွယ်ခေါ်ကြပါတယ်။ ကြက်သွန်ဖြူရော ကြက်သွန်နီမှာပါ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။
မွှားရဲ့ဘဝဖြစ်စဉ်နဲ့အရွယ်အစား
အခြားသော မွှားပင့်ကူနီ(broad mite) မွှားဖြူများနဲ့မတူဘဲ အလွန်သေးငယ်ပြီး အဖြူအကြည်ရောင် မုံလာဥဖြူသဏ္ဌာန်ရှိလို့(Carrot mite)လည်း ခေါ်ကြပါတယ်။
ခြေထောက် ၄ ချောင်းပါရှိပြီး ဦးခေါင်းအနီးမှာ စုပြုံပေါက်တာတွေ့ရပါတယ်။ မိုက်ခရိုစကုပ်နဲ့ ကြည့်မှာမြင်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ အကောင်ကြီးမှာ အရှည် ၂၀၀-၂၅၀ မိုက်ခရွန်နဲ့ အကျယ် ၃၂-၅၅ မိုက်ခရွန်ခန့်သာရှိပါတယ်။
စားသောက်ဖျက်ဆီးပုံ
ကြက်သွန်နီ ဥထိပ် အမြစ်အောက်တွေမှာ နေထိုင်စားသောက်ပြီး သူ့ကြောင့်ထိပ်ပုပ်ရောဂါ၊ ဘက်တီးရီးယား၊ ဖျူဆေရိယန်ရောဂါတွေကို ဖြစ်စေတတ်ပါတယ်။ ကြက်သွန်ဖြူမှာ ကြက်သွန်ဥမွှာလေးတွေရဲ့ အခွံကြားထဲမှာ ရှိနေတတ်ပါတယ်။

သိုလှောင်စဉ်နဲ့ လူတွေ စားသောက်စဉ်မှာ ကြက်သွန်ဖြူဥမှာ အညိုပြောက်လေးတွေ တွေ့ရတတ်ပါတယ်။
စိုက်ခင်းထဲမှာတော့ အရွက်ကြောတလျေှာက်နဲ့ အရွက်အကြားတွေထဲမှာ နေထိုင်စားသောက်ဖျက်ဆီးပါတယ်။
များသောအားဖြင့် စိုက်ပြီး ၂၀-၃၀ရက်သား အရွက်၃-၄ ရွက်အရွယ်မှာ စတင်တွေ့ရတတ်ပါတယ်။
ဖေဖော်ဝါရီနဲ့ မတ်လအတွင်း မွှားကျရောက်မှု အပြင်းထန်ဆုံးကာလို့ အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ဇီဝဗေဒဌာန၏ သုတေသန ဆောင်းပါးမှာဖော်ပြထားပါတယ်။
အပင်ပြလက္ခဏာ
ကြက်သွန်အရွက်တွေရဲ့ တတိယမြောက်အရွက်မှာ အပေါ်ထောင်မတက်နိုင်တော့ဘဲ စက်ဝိုင်းပုံအောက်ပြန်လိမ်ပြီး အခြားအရွက်နဲ့ ကွင်းထိုးလိမ်နေပါတယ်။ ဝက်မြီးပုံ အရွက်လို့လည်း ခေါ်ကြပါတယ်။ အနီးစပ်ဆုံး မြင်လွယ်အောင်ပြောရရင် ကွင်းထိုးဂမုန်းရွက် လိမ်သလိုပါပဲ။ အချိန်မီမနှိမ်နင်းနိုင်ရင် Allesivirus ကြက်သွန်ဖြူ ဗိုင်းရပ်ရောဂါဖြစ်စေပြီး၊ အထွက်နှုန်း ၃၂% အထိ ဆုံးရှုံးနိုင်ပါတယ်။
ဖြစ်တတ်သော ရာသီဥတု
ဆောင်းကြက်သွန်ဖြူစိုက်ခင်းများ၊ တပို့တွဲ၊ တပေါင်းလ နေ့ပူ/ညချမ်း အချိန်အခါမျိုး၊ ၁၅°-၃၅°ဆဲစိယပ်ထိ အပူချိန်မြင့်တဲ့အချိန်မျိုးများနဲ့ နောက်ကျစိုက်ခင်းများတွင် ကျရောက်နိုင်ပါတယ်။
အရွက်အရောင် စိမ်းရာမှ ဝါလာခြင်း၊ အရွက်အဖျားတွန့်လိမ်လာခြင်း၊ အရွက်အချို့ ကွင်းထိုးလိမ်ခြင်းမျိုး ဖြစ်ချိန်တွင် အားဆေးဖျန်းမိရင် ပိုးဆိုးရွားလာတတ်ပါတယ်။
မြေသြဇာကျွေး၊ ပိုးဆေး/မှိုဆေးဖျန်းလို့ လည်း မထူးခြားဘူးဆိုရင် အဲဒီ ကြက်သွန်ဖြူခင်း မွှားကျရောက်နေပါပြီ.
ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
- မြေကွက်တကွက်တည်းမှာ ကြက်သွန်နီ/ကြက်သွန်ဖြူသီးနှံကို နှစ်စဉ်ဆက်တိုက် စိုက်ခြင်းရှောင်ပါ။
- ကြက်သွန်ဖြူ မျိုးဥမွှာလေးများကို မစိုက်မီ ရေနွေး(၅၀°ဆဲစိယပ်)မှာ ၁မိနစ်ခန့် စိမ်စိုက်ပါ။
- အပင်ထူထူ စိုက်ခြင်း ရှောင်ပါ။
- ဆာလဖာ၈၀%WDG+ ပရိုဖီနိုဖော့၊ ပိုင်ရီဒါဘင်၊ ဒိုင်ကိုဖော၊ ပရိုပါဂိုက်ကို အညွှန်းပါအတိုင်းဖျန်းပါ။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all