ခရမ်းသီးပင်တွင်ကျရောက်တတ်သော ရောဂါများနဲ့ ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနည်း
ခရမ်းသီးပင်တွေကို ပုံမှန်အားဖြင့် ပူနွေးတဲ့ရာသီမှာ စိုက်ပျိုးကြလေ့ရှိပြီး ၎င်းရဲ့ အရသာကောင်းမွန်မှု၊ ပုံသဏ္ဌာန်နဲ့ ခရမ်းရောင်ရင့်ရင့်ရှိတဲ့ အမှတ်အသားတွေက ထူးခြားတဲ့လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ထို့အပြင် ခရမ်းသီးဟာ စားသုံးမှုများတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ မျိုးကွဲတွေလည်း များစွာရှိတာကြောင့် မိမိနှစ်သက်တဲ့ မျိုးကိုရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ မျိုးအပေါ်မူတည်ပြီး အရောင်အသွေးနဲ့ အရွယ်အစားတွေ ကွဲပြားပေမယ့်လည်း ၎င်းတို့ကို စိုက်ပျိုးပြုစုရတာကတော့ အတူတူပဲဖြစ်ပါတယ်။ ခရမ်းသီးပင်တွေဟာ တဖြည်းဖြည်း ကြီးရင့်လာတာနဲ့အမျှ အဖျက်ပိုးမွှားတွေနဲ့ ရောဂါတွေ ကျရောက်ဖြစ်ပွားတဲ့ဒဏ်ကို မကြာခဏခံရလေ့ရှိပါတယ်။ သို့ပေမယ့်လည်း သင့်လျော်တဲ့ ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခြင်းဖြင့် ၎င်းပြဿနာတွေကို အထိုက်အလျောက် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ခရမ်းသီးပင်တွေဟာ အအေးဒဏ်မခံနိုင်တဲ့သီးနှံ ဖြစ်တာကြောင့် ဥယျာဉ်စိုက်ခင်းတွေမှာ စောစီးစွာ ထည့်သွင်းမစိုက်ပျိုးသင့်ပါဘူး။ စိုက်ပျိုးမယ့်မြေဆီလွှာဟာ လုံလောက်တဲ့ အနွေးဓာတ်ရှိပြီး အအေးဓာတ်များနေတာမျိုး မဖြစ်စေဖို့လိုအပ်ပါတယ်။
ခရမ်းသီးအပင်တွေဟာ နေရောင်ခြည်အပြည့်အဝ ရရှိတာကို ကြိုက်နှစ်သက်ပြီး "ရေ"ဆင်းအားကောင်းကာ အော်ဂဲနစ်ဒြပ်ပစ္စည်းတွေနဲ့ ပြုပြင်ထားတဲ့ မြေဆီလွှာကို ပိုပြီးနှစ်သက်ပါတယ်။ ခရမ်းသီးပင်တွေကို စိုက်ပျိုးတဲ့အခါ ၎င်းတို့ကို ပင်ကြား ၂ - ၃ ပေ၊ တန်းကြား ၃ ပေခန့် ခြားထားပြီး စိုက်ပျိုးသင့်ပါတယ်။ ခရမ်းသီးပင်တွေဟာ အဖျက်ပိုးမွှားတွေနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် သင့်တော်တဲ့ ပင်ကြား တန်းကြားအကွာအဝေးသတ်မှတ်ပြီး စိုက်ပျိုးခြင်းအားဖြင့် အဖြစ်များတဲ့ အဖျက်ပိုးနဲ့ ရောဂါပြဿနာတွေကို ကောင်းစွာစီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
ကျရောက်တတ်သော ဖျက်ပိုးများ
ခရမ်းသီးပင်တွေမှာ ပုံမှန်အားဖြင့် ကျရောက်လေ့ရှိပြီး အထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ အဖျက်ပိုးမွှားတွေကတော့ ခေါင်ညွှန့်ထိုးပိုးနဲ့ သီးလုံးဖောက်ပိုးတွေ ဖြစ်ပါတယ်။ ထို့အပြင် အခြားသော လှေးကျိုုင်း၊ ပျပိုး၊ မွှားပင့်ကူ၊ ယင်ဖြူ၊ ရွက်စားဖြုတ်ပိုး စတဲ့ အဖျက်ပိုးမွှားတွေလည်း မကြာခဏ ကျရောက်ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။
အင်းဆက်အဖျက်ပိုးမွှားများကို စီမံခန့်ခွဲခြင်း
"စိုက်ပျိုးနည်းစနစ်အရ ထိန်းချုပ်မယ်ဆိုရင်တော့ မြေဆီလွှာစမ်းသပ်စစ်ဆေးပြီး သင့်တော်တဲ့မြေသြဇာတွေ အသုံးပြုခြင်းဟာ ထိရောက်တဲ့နည်းလမ်းတစ်ခု"ဖြစ်ပါတယ်။
အထူးသဖြင့် ဟင်းသီးဟင်းရွက်အပင်တွေမှာ နိုက်ထရိုဂျင် ဓာတ်မြေသြဇာတွေကို အလွန်အကျွံသုံးစွဲခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဓာတ်ဟာ အပင်ပိုင်းကြီးထွားမှုကို အားပေးပြီး အဖျက်ပိုးမွှားတွေကို ပိုမိုဆွဲဆောင်စေနိုင်တာကြောင့်ပါ။ ထို့အပြင် အဖျက်ပိုးမွှားတွေ ခိုအောင်းနိုင်တဲ့ ပေါင်းပင်တွေကို ၎င်းတို့ ပန်းမပွင့်မီနဲ့ မျိုးစေ့ မချမီအချိန်မှာ ကြိုတင်ရှင်းလင်းပေးသင့်ပါတယ်။ လိပ်ခုံးကျိုင်း (ladybugs) ကဲ့သို့သော သဘာဝ အကျိုးပြုသားရဲအင်းဆက်တွေ စိုက်ခင်းပတ်ဝန်းကျင်မှာ ရှိနေခြင်းဟာ ပျပိုးနဲ့ ဆက်စပ်နေတဲ့ ခရမ်းသီးပင်ရဲ့ ပြဿနာတွေကို နည်းပါးအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် စိုက်ခင်းထဲရှိနေတဲ့ အဖျက်ပိုးမွှားတွေကို လက်နဲ့ကောက်ယူဖယ်ရှား ဖျက်ဆီးတာမျိုးလည်း လုပ်လို့ရပါတယ်။ ဒီနည်းလမ်းကတော့ အထူးသဖြင့် hornworms နဲ့ ကော်လိုရာဒိုအာလူးကျိုင်းကဲ့သို့သော အရွယ်အစားကြီးမားပြီး လှုပ်ရှားမှုနှေးကွေးတဲ့ အင်းဆက်တွေအတွက် ထိရောက်တဲ့နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ အဖျက်ပိုး ကျရောက်နေတဲ့ ခရမ်းသီးတွေနဲ့ အပင်တွေကို စိုက်ခင်းထဲကနေဖယ်ရှားပြီး ဖျက်ဆီးသင့်ပါတယ်။
အဖျက်ပိုးတွေ ကျရောက်တဲ့အခါ သဘာဝနည်းလမ်းအနေနဲ့ဆိုရင် ဆေးရွက်ကြီးပိုးသတ်ဆေးရည်၊ ဆပ်ပြာပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး စတာတွေကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ ဆေးတွေကို အသုံးပြုမယ်ဆိုရင် နံနက်စောစော (သို့မဟုတ်) ညနေနှောင်းပိုင်းမှာ အသုံးပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
ဇီဝနည်းလမ်းနဲ့ သဘာဝအတိုင်း ထိန်းချုပ်ချင်တယ်ဆိုရင်တော့ စိုက်ခင်းပတ်ဝန်းကျင်မှာ အကျိုးပြုအင်းဆက်တွေ နေထိုင်နိုင်ဖို့အတွက် လုပ်ဆောင်ထားပေးသင့်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ အပင်တွေရဲ့အနီးအနားမှာ ဇကွဲပန်း၊ စမုန်စပါး၊ စမုန်နက်၊ နံနံပင်၊ ရို့စ်မေရီ စတဲ့အပင်တွေဟာ ပျပိုး၊ ရွက်ဖြတ်ပိုး၊ ကျောက်ကြမ်းပိုး၊ Leaf Footed Bug စတဲ့ အဖျက်ပိုးတွေကို ဖမ်းယူစားသောက်ပေးတဲ့ ကပ်ပါးပြုနကျယ်တွေ လာရောက်နိုင်အောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။
အဖျက်ပိုးတွေ ကျရောက်တဲ့အခါ သင့်တော်တဲ့ ဓာတုဆေးဝါးတွေကို ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျ အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းပိုးသတ်ဆေးတွေဟာ အကျိုးပြုအင်းဆက်တွေကိုပါ သေစေနိုင်တာကြောင့် စိုက်ခင်းမှာ ဆိုးဆိုးရွားရွားကျရောက်မယ့် အခြေအနေမရှိသေးဘူးဆိုရင် မလိုအပ်ဘဲအသုံးမပြုသင့်ပါဘူး။
ဖြစ်ပွားတတ်သော ရောဂါများ
ခရမ်းသီးပင်တွေကို ထိခိုက်စေနိုင်တဲ့ ရောဂါများစွာရှိပါတယ်။ အဖြစ်အများဆုံး ရောဂါအချို့ကတော့ ထိပ်ပုပ်/ဖင်မဲပုပ်ရောဂါ၊ ဘက်တီးရီးယားပင်ညှိုးရောဂါ၊ ဗာတီစီလီယမ် ပင်ညှိုးရောဂါ၊ မှိုဖြူပင်ခြေပုပ်ရောဂါ၊ ဖိုမော့စ်စစ်ပင်စည်ခြောက်ရောဂါ၊ လောင်မီးရောဂါနဲ့ ရွက်ခြောက်ရောဂါ စသည်ဖြင့် ရောဂါအမျိုးအစားများစွာ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ခရမ်းသီးမှာကျရောက်တတ်တဲ့ ရောဂါအများစုကို သီးလှည့်စိုက်ပျိုးခြင်း၊ ပေါင်းပင်နှိမ်နင်းခြင်း၊ သင့်တော်တဲ့ အကွာအဝေးနဲ့စိုက်ပျိုးခြင်း၊ မျှတစွာရေလောင်းပေးခြင်း စသည်တို့ဖြင့် ရောဂါဖြစ်ပွားမှုတွေကို ကာကွယ်လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ရောဂါကျရောက်မှုကို စီမံခန့်ခွဲခြင်း
သီးလှည့်စိုက်ပျိုးခြင်းဟာ ဘက်တီးရီးယား ပင်ညှိုးရောဂါ၊ မှိုဖြူပင်ခြေပုပ်ရောဂါနဲ့ လောင်မီးရောဂါကဲ့သို့ မြေဆီလွှာထဲမှာ ရှင်သန်နေထိုင်နိုင်တဲ့ ရောဂါပိုးတွေကို စီမံခန့်ခွဲရာမှာ အရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ရောဂါတွေ ဖြစ်ပွားတာကို ရှောင်ရှားနိုင်ဖို့အတွက်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်သီး စတဲ့ Solanaceae မျိုးရင်းဝင်အပင်တွေ စိုက်ပျိုးခဲ့တဲ့ နေရာတွေကို ရှောင်ရှားပြီး စိုက်ပျိုးသင့်ပါတယ်။ ယင်းအစား သခွားသီး၊ သခွားမွှေး၊ ဖရဲသီး၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ မြိတ်စားကြက်သွန်စတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရောဂါကျရောက်မှုတွေကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
ထို့အပြင် စတင်စိုက်ပျိုးကတည်းက သင့်တော်တဲ့ ပင်ကြား တန်းကြား အကွာအဝေးနဲ့ စိုက်ပျိုးထားမယ်ဆိုရင် အပင်များကြား လေ၀င်လေထွက်ကောင်းစေကာ မိုးရွာသွန်းပြီးနောက် အရွက်တွေရဲ့ ခြောက်သွေ့မှုကိုလည်း မြန်ဆန်စေပြီး ရောဂါဖြစ်ပွားမှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အရွက်မှာကျရောက်တဲ့ ရောဂါတွေနဲ့ အသီးပုပ်တာမျိုးတွေကို လျှော့ချရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ သင့်တော်တဲ့ တန်းကြားအကွာအဝေးကတော့ ၃ ပေ ဖြစ်ပြီး ပင်ကြားကတော့ ၂ ပေခန့် ဖြစ်ပါတယ်။
ရောဂါအမျိုးမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် သင့်တော်တဲ့ ရေစီမံခန့်ခွဲမှုဟာလည်း အရေးကြီးပါတယ်။ အစက်ချနည်းနဲ့ ရေလောင်းခြင်းဟာ အရွက်နဲ့ အသီးမှာ ကျရောက်တတ်တဲ့ ရောဂါတွေကို လျှော့ချနိုင်တာ ဖြစ်ပါတယ်။ ရေအစက်ချနည်းနဲ့ လောင်းဖို့အဆင်မပြေရင်တော့ အပင်ခြေရင်းကိုပဲ ရေတိုက်ရိုက်လောင်းသင့်ပြီး အရွက်များကို တတ်နိုင်သမျှ မစိုအောင် ရှောင်ရှားသင့်ပါတယ်။
Ref: https://www.gardeningknowhow.com/
https://hgic.clemson.edu/factsheet/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Aung naing win
11 months agoရက်ခြောက်ရောဂါဖြစ်နေလို့ဗျာ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026