ဂေါ်ဖီအထွက်နှုန်းထိခိုက်စေနိုင်သော စိန်ကွက်ဖလံ
ဂေါ်ဖီစိုက်ပျိုးသော တောင်သူကြီးများခင်ဗျာ ဦးကြီးတို့စိုက်ကွင်းအတွင်း လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးတစ်ကောင်ဖြစ်သည့် စိန်ကွက်ဖလံ ကျရောက်နေပါက မပေါ့ဆသင့်ကြောင်းပါ။ ၎င်းဖျက်ပိုးဟာ ကမ္ဘာအနှံ့ ဂေါ်ဖီစိုက်တောင်သူများထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာပေါင်း (၄- ၅) ဘီလီယံကို ဆုံးရှုံးစေသော ဖျက်ပိုးဖြစ်ပါတယ်။
စိန်ကွက်ဖလံ အဓိကကျရောက်သောသီးနှံများမှာ ပေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ မုန်ညှင်းထုပ်၊ ရေမုန်ညှင်း စသည့်မုန်ညင်းမုန်လာမျိုးရင်းဝင် သီးနှံပင်တို့ပဲ ဖြစ်ပါတယ်။
စိန်ကွက်ဖလံတွင် ကြီးထွားမှုအဆင့်လေးဆင့်ရှိပြီး သားလောင်းအဆင့်ကသာ သီးနှံပင်များကို တိုက်ခိုက်ဖျက်ဆီးသော ကြီးထွားမှုအဆင့်ပါ။ စိန်ကွက်ဖလံ၏ ဥမှပေါက်ခါစသားလောင်းများဟာ အရွက်များကိုထွင်း၍ စားတတ်ပြီး သားလောင်းအရွယ်အစားကြီးလာသောအခါ အရွက်၏ နေရာအနှံ့တွင် အခေါင်းပေါက်များဖြစ်ပေါ် လာသည်အထိ စားသောက်ဖျက်ဆီးပါတယ်။ စိန်ကွက်ဖလံသားလောင်းများ ဖျက်ဆီးစားသောက်ခြင်းကြောင့် အရွက်များတွင် ပြတင်းပေါက်များပုံစံ ဖြစ်ပေါ်လာခြင်းမှာ ၎င်းဖျက်ပိုး၏ ဖျက်ဆီးမှုလက္ခဏာပဲ ဖြစ်တယ်။
စိန်ကွက်ဖလံအမတစ်ကောင်ဟာ (၃-၇) ရက်အတွင်း ဥပေါင်း (၁၀၀-၁၅၀) အထိ ဥနိုင်ပါတယ်။ လုံးလုံးရှည်ရှည် ဥသေးသေးလေးတွေကို အရွက်အောက်မျက်နှာပြင်ဖက်မှာ တစ်လုံးချင်းစီသော်လည်းကောင်း နှစ်လုံး၊ သုံးလုံးစု၍သော်လည်းကောင်း ဥချတတ်ပါ တယ်။ ဥခါစအချိန်၌ ဥအရောင်မှာ အဖြူရောင်ဖြစ်ပြီး ဥသက်တမ်းရင့်လာလျှင် ဝါညိုရောင်ပြောင်းသွား၍ ဥ၏သက်တမ်းမှာ အပူချိန်ပေါ်မူတည်၍ (၃-၈) ရက်ရှိပါတယ်။
သားလောင်းအဆင့်လေးဆင့်ရှိပြီး ဥမှပေါက်ခါစသားလောင်းမှာ မီးခိုးစိမ်းရောင်ရှိ၍ သားလောင်းအရွယ်အစားကြီးလာချိန်တွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်ပြီးသားလောင်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၂ မီလီမီတာ ရှည်လျားပြီး သက်တမ်းမှာ (၁၄-၂၈) ရက်ဖြစ်တယ်။ သားလောင်းသည် အမျှင်များဖြင့် ရုပ်ဖုံးအိမ်ကို ပြုလုပ်၍ ရုပ်ဖုံးအဆင့်ကို ရုပ်ဖုံးအိမ်အတွင်းသာ ပြီးမြောက်စေပါတယ်။
ရုပ်ဖုံးမှာ အစိမ်းရင့်ရောင် သို့မဟုတ် အညိုဖျော့ရောင် ဖြစ်ပါတယ်။ အရှည်မှာ ၁၀ မီလီမီတာရှိ၍ များသောအားဖြင့် ရုပ်ဖုံးအိမ်ကို အရွက်၏ မျက်နှာပြင်အောက်တွင်သာ ကပ်တွယ်ထားပါတယ်။ ရုပ်ဖုံးသက်တမ်းမှာ (၅-၁၀) ရက်အထိ ဖြစ်ပါတယ်။
စိန်ကွက်ဖလံသက်ကြီးကောင်မှာ အညိုရင့်ရောင်ဖြစ်ပြီး ကျောဘက်တွင် စိန်ပုံစံ အကွက်ငယ်သုံးခု ပါပါတယ်။ အရွယ်အစားမှာ ၁၀ မီလီမီတာရှည်၍ အတောင်ဖြန့်ပါက ၁၃ မီလီမီတာ အကျယ်ရှိပါတယ်။ စိန်ကွက်ဖလံ၏ ဘဝစက်ဝန်းမှာ အပူချိန်ပေါ်မူတည် ၍ တစ်လနီးပါးကြာ၍ ညထွက်သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။ ပန်းပွင့်ချိန်တွင် ဆိုးဆိုးရွားရွား ကျရောက်တတ်ပါတယ်။
ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်
- စိုက်ကွင်းသို့နေ့စဉ် သွားရောက်စစ်ဆေးပါ။
- ရာသီဥတုအေးသောအချိန်များတွင် သီးနှံများကို စိုက်ပျိုးပါ။
- အဝါရောင်စေးကပ် ထောင်ချောက်များကို ကွင်းအတွင်းထားပေးပါ။
- သီးလှည့်စိုက်ပျိုးပေးပါ။
- ဂေါ်ဖီရွက် (သို့မဟုတ်) မုန်ညှင်းဖြူ စသောအပင်များကို စိုက်ကွင်းဘောင်ပတ်လည်တွင် ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုးပါ။
- စိုက်ကွင်းကို အစက်ချရေသွင်းနည်းစနစ်မဟုတ်ဘဲ ရေဖျန်းပိုက်ခေါင်းများ အသုံးပြု၍ ရေသွင်းပေးပါ။
- တတ်နိုင်ပါက ဖန်လုံအိမ် (သို့မဟုတ်) ပိုက်များကာမိုး၍ သီးနှံကို စိုက်ပျိုးပါ။
- ဖျက်ပိုးအရေအတွက်နည်းနေချိန်တွင် သားလောင်းများကို လက်ဖြင့်ကောက်ယူပါ။
- စိုက်ကွင်းပတ်ဝန်းကျင်ရှိ မုန်ညှင်းမုန်လာမျိုးနွယ်ဝင် ပေါင်းပင်များကို ရှင်းလင်းပါ။
- ဓာတုပိုးသတ်ဆေးသုံးပါက ဆေးတစ်မျိုးတည်းကိုသာ မသုံးပါနှင့်။
- တမာ၊ ငရုတ် စသောအပင်များမှ ထုတ်လုပ်ရရှိသည့် ပိုးသတ်ဆေးများကို အသုံးပြုပါ။
လှိုင်ပြည့်ဖြိုး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မောင်လှိုင်ပြည့်ဖြိုး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....