မတ်ပဲ စိုက်ခင်းတွင် ပေါက်ရောက်တတ်သော ပေါင်းပင်များနှင့် ကာကွယ် နှိမ်နှင်းနည်းများ
မြန်မာနိုင်ငံတွင် ယခု မိုးစပါး ရိတ်သိမ်းပြီးချိန်၌ မတ်ပဲသီးနှံကို စိုက်ဧကများစွာ စိုက်ပျိုးကြတော့မည် ဖြစ်ပါသည်။ အထူးသဖြင့် မတ်ပဲကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြပါသည်။ တောင်သူ အများစုသည် မတ်ပဲ စိုက်သည့် ရာသီအတွင်း အပင် အာဟာရကျွေးခြင်း၊ သီးနှံ ကာကွယ်ခြင်း လုပ်ငန်းများကို မဖြစ် မနေ လုပ်ဆောင်ကြရ ပါသည်။ ယခုစာတွင် သီးနှံ ကာကွယ်ရေးပိုင်းမှ ပေါင်းပင်များနှင့် ပတ်သတ်သည်များကို ရေးသား တင်ပြပါမည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့တောင်သူများသည် သီးနှံ ဖျက်ပိုးများနှင့် ရောဂါများကို ကာကွယ် နှိမ်နှင်းရန် အလေးထား ဆောင်ရွက်ကြသော်လည်း ပေါင်းပင်များကို ကာကွယ်နှိမ်နှင်းရန် အလေးထား ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ တောင်သူများသည် ပိုးနှင့်ရောဂါ တို့ကြောင့် သီးနှံများ ပျက်စီးမှုကို မျက်မြင်အားဖြင့် မြင်တွေ့ နိုင်သော်လည်း ပေါင်းပင်များကြောင့် သီးနှံ ထိခိုက်မှုကို မမြင်နိုင်ပေ။ ထို့ကြောင့် ပေါင်းပင်များ၏ အန္တာရာယ်ကို အရေးကြီးသည်ဟု မယူဆကြပါ။ သီးနှံ ရိတ်သိမ်းရာတွင်လည်း အထွက်နှုန်းကို စနစ်တကျ တွက်ချက်လေ့မရှိသောကြောင့်လည်း ပေါင်း၏ ဆိုးကျိုးများကို မသိနိုင်ခြင်းဖြစ်ပါသည်။
အမှန်တကယ်ဆိုရလျှင် ပေါင်းပင်များကို အချိန်မီ အခါမီ မနှိမ်နှင်းပါက သီးနှံအထွက်နှုန်းကို သိသိ သာသာ ကျဆင်းစေပါသည်။ ပေါင်းပင်ကြောင့် သီးနှံ အထွက်နှုန်း ကျဆင်းမှုသည် နိုင်ငံအလိုက် တောင်သူများ၏ ဓနအင်အား နှင့် နည်းပညာ အဆင့်အတန်းပေါ်မူတည်၍ ကွာခြားလေ့ရှိပါသည်။ ဖွံဖြိုး တိုးတက်သော နိုင်ငံများတွင် ဆုံးရှုံးမှု (၅%) နှင့် အလယ် အလတ် ဖွံဖြိုးသော နိုင်ငံများတွင် (၁၀%)သာရှိသော်လည်း ဖွံဖြိုးမှု နောက်ကျသော နိုင်ငံများတွင် ပေါင်းပင်ကြောင့် သီးနှံ အထွက်နှုန်း ဆုံးရှုံးမှုသည် (၂၅%)အထိ မြင့်မားကြောင်း ဖတ်ရှုလေ့လာထားသော သုတေသန စာတမ်းများအရ သိရှိရပါသည်။ ထိ့ုကြောင့် မတ်ပဲတွင် ပေါက်ရောက်တတ်သော ပေါင်းပင်များအကြောင်းကို လက်လှမ်းမီသရွေ့ ရေးသား တင်ပြလိုက်ရပါသည်။
မတ်ပဲတွင်ပေါက်သော အဓိက ပေါင်းများ
(၁) ဟင်းနုနွယ်ဆူးပေါက် (၂) ကြက်မောက်ဖြူ (၃) တပင်ရွှေထီး (၄) ဝက်ကျွတ်(၅) ဟင်းဂလာ (၆) ကျွဲကျောင်းမင်ဆေး (၇) စာကလေးဇီးဖြူ ၊ တောဇီးဖြူ (၈) သဲပုရစ် (၉) လိပ်ရင်ဘတ် (၁၀) ကုလားမြက်စေ့ (၁၁) မြက်မုံညှင်းဥနက် (၁၂) ဝမ်းဘဲစာမြက် (၁၃) လေးခွမြက် (၁၄) လက်သဲခွမြက်












ပေါင်းပင်များကို အဘယ်ကြောင့် နှိမ်နှင်းသင့်သနည်း
(၁) သီးနှံ အထွက်နှုန်းကို ထိခိုက်စေခြင်း
(၂) ပိုးမွှားရောဂါများ ပြန့်ပွား ကူးစက်မှုတွင် အထောက်အကူ ဖြစ်စေခြင်း
(၃) သီးနှံပင်ထက် ပိုမို အားသာသော ပေါင်းပင်များ၏ အမြစ်ဖွဲ့စည်းမှု ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုတို့ကြောင့် အစာနှင့်ရေကို ပေါင်းပင်များက လုယူ စားသုံးနိုင်ခြင်း
(၄) ပဲမျိုးနွယ်ဝင် အပင်များသည် အပင်ပေါက် ကြီးထွားခြင်း ဖြစ်စဉ်၌ အလွန် နှေးကွေးလေ့ရှိပါသည်။
ထိ့ုအပြင် မြန်မာတောင်သူများသည် မတ်ပဲကို စိုက်ဘောင်များဖြင့် ပင်ကြား၊ တန်းကြား စနစ်တကျ စိုက်လေ့မရှိပါ။ ကြဲပက်၍ သာစိုက်လေ့ရှိသည်။ မျိုးစေ့နှုန်းထားများ၍ အပင်ကြပ်ခြင်း၊ ပေါင်းပင်များ၏ လွှမ်းမိုးမှုကြောင့် လောင်းရိပ်မိခြင်း၊ အစာနှင့်ရေကို လုယူ စားသုံးမှုခံရခြင်း စသည့်အကြောင်းများကြောင့် ပဲပင်၏ ဖွံဖြိုး ကြီးထွားမှုကို များစွာ ထိခိုက်စေပါသည်။ သက်တမ်းတို၍ စောစော ရင့်မှည့်သော မတ်ပဲမျိုးတွင် ထိခိုက်မှု ပိုများပါသည်။
မည်သည့်အချိန်တွင်ပေါင်းနှိမ်နှင်းမည်နည်း
စိုက်ပျိုးသည့် မတ်ပဲ မျိုးပေါ်မူတည်၍ အပင်ပေါက်ပြီး ရက်(၃၀)မှ ရက်(၄၀)အတွင်း ပန်းစမပွင့်မီ နှိမ်နှင်းရပါမည်။ ထိုကာလသည် ပဲနှင့်ပေါင်းတို့ အဓိက ယှဉ်ပြိုင်သော ကာလဖြစ်ပါသည်။ ပန်းပွင့်ချိန်မှ ပေါင်းနှိမ်နှင်းခဲ့သည်ရှိသော် ပေါင်းပင်များ သေသည်မှလွဲ၍ ပဲအထွက်နှုန်းအတွက် ထူးခြားသော ကောင်းကျိုး မရနိုင်ပါ။ လူကြောင့်သော်လည်းကောင်း၊ ဆေးကြောင့်သော်လည်းကောင်း ပန်းပွင့်များ ထိခိုက် နိုင်ပါသည်။
မည်သည့်နည်းများဖြင့် နှိမ်နှင်းမည်နည်း
ယေဘုယျ အားဖြင့်ပေါင်းနှိမ်နှင်းနည်း (၅)မျိုးခန့်ရှိသော်လည်း ကျွန်တော်တို့တောင်သူ နယ်ပယ်တွင် အောက်ဖော်ပြပါ နည်း(၂)မျိုးကို တွဲဖက် ဆောင်ရွက်ခြင်းသည် အဆင်ပြေဆုံးဖြစ်မည် ထင်ပါသည်။
(၁) လက်ပေါင်းလိုက်ခြင်း[ ပဲပင်ပေါက်ပြီး (၁၅)ရက်သားတွင် တစ်ကြိမ်၊ (၃၀-၄၀)ရက်သားတွင် တစ်ကြိမ် ပေါင်းနှုတ် ပေးရပါမည်။ သို့သော် ယနေ့ခေတ် အခြေအနေတွင် လုပ်သား ရှားပါးခြင်းကြောင့် ပေါင်းနှင့်သီးနှံ၏ ယှဉ်ပြိုင် ကာလအတွင်း အချိန်မီ ပြီးစီးအောင် ပေါင်းနှိမ်နင်းနိုင်ခြင်း၊ လုပ်အားခ ကုန်ကျစရိတ် များပြားခြင်းများ ကြုံတွေ့ နိုင်ပါသည်]
(၂) ဓာတုဆေးဖြင့်နှိမ်နှင်းခြင်း
(က) ပေါင်းမပေါက်မီ ကြိုတင် နှိမ်နှင်းခြင်း( pre-emergence herbicide)
(ခ) ပေါင်းပေါက်ပြီးမှ နှိမ်နှင်းခြင်း (post-emergence herbicide)
ကြိုတင်နှိမ်နိင်းခြင်းအတွက် အသုံးပြုနိုင်သော ပေါင်းသတ်ဆေး နမူနာ တစ်ခု ဖော်ပြပေးပါမည်။
ဥပမာ-Pandimethalin (ပန်ဒီမီသလင်း)
အသုံးပြုရမည့်နှုန်းထား- ၁ဧကအတွက် ဆေး(၁)လီတာ သုံးရပါမည်။
အသုံးပြုပုံ - ပဲမျိုးစေ့ချပြီး (၃)ရက်အတွင်း ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံး (၁)ပုံးလျှင် ဆေး(၁၀ဝ)စီစီ နှုန်း ဖျော်စပ်၍ (၁)ဧကလျှင် ဆေးဖျန်းပုံး(၁၀)ပုံးဖြင့် မြေပြင်ပေါ်တွင် စိုရွှဲနေအောင် ပက်ဖျန်း ပေးရပါမည်။
သတိပြုရန်- ဤဆေးသုံးစွဲချိန်တွင် မြေအစိုဓါတ် အလုံအလောက် ရှိနေရပါမည်။
မြေစိုင် မြေခဲများ မရှိစရန် ထယ်ရေး ညက်ရန် လိုအပ်ပါသည်။ ဤဆေးသည် ပေါင်း မျိုးစေ့များကို သာသတ်ပေးနိုင် ပါသည်။ ပေါင်းပင်၏ အဆစ်၊ အမြစ်၊ အငုတ်တို့ကို မသတ်နိုင်ပါ။ ထို့ကြောင့် အပင် အကြွင်း အကျန်များမှ ပေါက်လာသော ပေါင်းများရှိပါက ထပ်မံ၍ လက်ပေါင်း တစ်ကြိမ်လိုက်ခြင်း(သို့) ပေါင်းပင်ပေါက်ပြီးမှ ဖျန်းရသော ပေါင်းသတ်ဆေး(၁)မျိုးမျိုးဖျန်းခြင်း များပြုလုပ်ရန် လိုအပ်ပါသည်။
ပေါင်းပင်ပေါက်ပြီးမှ ပေါင်းသတ် ဆေးဖြန်းခြင်းကို ပဲပင်၏ သက်တမ်း(၁၅-၃၀) ရက်အတွင်း ဆောင်ရွက်ရပါမည်။ မတ်ပဲခင်းထဲတွင် သုံးနိုင်သော အသုံးပြုနိုင်သော ပေါင်းသတ်ဆေးနမူနာ(၂)ခု ဖော်ပြပေးပါမည်။
ဥပမာ -Fluazifop-p-butyl (ဖလူရာဇီဖော့-ပီ-ဗြူတိုင်)
မှတ်ချက်။ မြက်မျိုးနွယ် ဝင်ပေါင်းများကိုသာ သေစေနိုင်သည် ရွက်ပြန့်ပေါင်းများကို မနိုင်ပါ။
ဆေးနှုန်းထားကို ပါဝင်သည့် ဆေးအဆိပ် ရာခိုင်နှုန်းအလိုက် သုံးစွဲသည့် ဆေးဗူးအညွှန်းပေါ်တွင် ဖတ်ရှုပါ။
ဥပမာ- Fomesafen (ဖော်မီဆာဖန်)
မတ်ပဲခင်းအတွင်းရှိ ရွက်ပြန့်ပေါင်းများနှင့် အချို့မြက်ပေါင်းများကို နှိမ်နှင်းနိုင်သည်။
ဆေးနှုန်းထားကို ပါဝင်သည့် ဆေးအဆိပ်ရာခိုင်နှုန်းအလိုက် သုံးစွဲသည့်ဆေးဗူးအညွှန်းပေါ်တွင် ဖတ်ရှုပါ။
မှတ်ချက်။ ဤဆေးသည် ပဲတီစိမ်း၊မတ်ပဲ၊ပဲပုတ် သီးနှံများတွင်သာ သုံးစွဲနိုင်သည်။ အခြား ပဲမျိုးများတွင် မသုံးရပါ။
ဆေးနှုန်းထားကို ပါဝင်သည့် ဆေးအဆိပ် ရာခိုင်နှုန်းအလိုက် သုံးစွဲသည့် ဆေးဗူးအညွှန်းပေါ်တွင် ဖတ်ရှုပါ။ အထူး တိုက်တွန်းလိုသည်မှာ မိမိပဲခင်းရှိ ပေါင်း အမျိုးအစားများကို သေချာ ခွဲခြား လေ့လာပါ။ ပေါက်ရောက်သည့် ပေါင်းနှင့် ကိုက်ညီမည့် ပေါင်းသတ်ဆေးကို ရွေးချယ်ပါ။ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။ ကောင်းစွာ နားမလည်ပါက တတ်သိ နားလည်သူထံတွင် မေးမြန်းပါ။ ပေါင်းသတ်ဆေးကို လွဲမှားစွာ သုံးစွဲမိပါက အလွန်ဆိုးကျိုးများစွာ ရရှိစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပေါင်းသတ်ဆေးများကို စနစ်တကျ လေ့လာပြီး သုံးစွဲကြရန် တိုက်တွန်းအပ်ပါသည်။
နန်းဝင်းအောင်
Continue reading related topics, questions and articles.
Topic 1
မတ်ပဲပေါင်းကာကွယ်နှိမ်နင်းခြင်း
ဒေါ်မာမာ ဌေး
3 years agoဟုတ်ကဲ့ပါရှင် ကျမလည်းသိချင်ပါတယ်
Kyaw Kyaw
3 years agoဟုတ်ကဲ့ဗျ ဖော်မီဆာဖန် ပေါင်းသတ်ဆေးနှင့် ပိုးသတ်ဆေး အားဆေးတို့တွဲသုံးလို့ရပါသလားဗျ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....