ပဲဘက်တီးရီးယားရွက်ခြောက်ရောဂါနဲ့ နေလောင်လက္ခဏာခွဲခြားနည်း
ရာသီဥတု အပြောင်းလဲမြန်ခြင်းနဲ့ အယ်လ်နီညိုရဲ့ ရိုက်ခတ်မှုတွေကြောင့် လူ၊ တိရစ္ဆာန်တွေအတွက် ကျန်းမာရေးအဟန့်အတားဖြစ်စေရုံသာမက အပင်တွေအပေါ်လည်း ထိခိုက်မှုတွေရှိလာပါတယ်။
အခုတလော မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံကနေ အမေးများနေကြတဲ့ ပဲရွက်ပြောက်၊ ရွက်ခြောက်လက္ခဏာအကြောင်း ၊ဖြေကြားရင်းနဲ့ ဒီစာစုလေးကို ရေးသားတင်ပြလိုက်ပါရစေ။
မေးခွန်း-၁။
ဆရာ.. ကျနော့ပဲခင်းမှာ အရွက်လေးတွေ ခြောက်လိုက်လာလို့၊ ဘက်တီးရီးယား ရွက်ခြောက်ရောဂါလား ဘယ်လိုဆက်လက်ဆောင်ရွက်သင့်ပါသလဲ?..ဆိုပြီး အပင်ပုံနဲ့တကွမေးလာပါတယ်။
မေးခွန်း-၂
ကျနော့ ပဲခင်းကို ရေသွင်းပေးလိုက်တာ အခုလိုဖြစ်သွားပါတယ်ခင်ဗျာ .. ဆေးဖျန်းလို့ရပါသလား။
ကြုံဖူးတဲ့သူရှိရင် မှတ်ချက်ပေးသွားကြပါဆိုပြီး အပင်ပုံနဲ့တကွ မေးလာပြန်ပါတယ်။ မေးခွန်းရှင်တွေဟာ ဧရာဝတီတိုင်းကပါ။
ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး စဖြေရမယ်ဆို ပဲပင်များ ကြိုက်နှစ်သက်တဲ့ အပူချိန်ကပဲ စရပါမယ်။
- ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်စတဲ့ ပဲအမျိုးအစားတွေက အပူချိန်၁၅°Cနဲ့ ၃၀°C အကြား ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။
- အအေးကြိုက်တဲ့ ပဲပုပ်သီးနှံပင် အပူချိန် ၁၈°- ၂၈°C အကြားဖြစ်ထွန်းနိုင်ပါတယ်။
- ပဲပင်တွေက များသောအားဖြင့် အပူချိန်ကွာခြားချက်များခြင်းဒဏ်ကို ခံနိုင်ရည်နည်းကြပါတယ်။
အထူးသဖြင့် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲပင်တွေမှာ ဒီဇင်ဘာလ နှင်းဖြိုင်ဖြိုင်ကျသော နံက်ခင်းတွေမှာ အပူချိန် ၁၃°Cရှိနေပြီး နေ့လယ်နေပူချိန် ၃၅ °Cထက်ကျော်လွန်ပါက အရွက်တွေမှာ နေလောင်တဲ့ (Sun burn or Ozone damage) လက္ခဏာ တွေ့ရတတ်ပါတယ်။
နောက်တစ်ခုက ဘက်တီးရီးယားရွက်ခြောက်ရောဂါအကြောင်းပါ။ ဒီရောဂါမှာ ၂ မျိုးရှိပါတယ်။
၁။ Common blight ရိုးရိုးရွက်ခြောက်ရောဂါ (Xanthomonas campestris pv phaseoli)
၂။ halo blight ဟေလိုရွက်ခြောက်ရောဂါ (Pseudomonas syringae pathovar phaseolicola).
အရွက်မှာပြတဲ့ ရောဂါလက္ခဏာ
အရွက်ပေါ်မှာ ရေစိုနာလက္ခဏာ စတင်ဖြစ်လာပါတယ်။ ရွက်ကြောများအကြား ဒေါင့်ချွန်ပုံ အစက်အပြောက်တွေ တွေ့ရပါတယ်။
ရောဂါပြင်းထန်လာရင် ဆဲလ်သေကွက် ကျယ်လာပြီး ညိုမဲရောင်အကွက် ကျယ်လာပါတယ်။
ဆဲလ်သေကွက်ရဲ့ ဘေးနှုတ်ခမ်းနားမှာ အဝါရောင်တစ်သျှူးများဖြင့် ဝန်းရံထားလေ့ရှိပါတယ်။ ရေစိုနာနဲ့အဝါရစ်ဟာ ထူးခြားတဲ့ လက္ခဏာပါ။ ကူးစက်မြန်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။

နေလောင်ဒဏ်ရာဖြစ်တဲ့ပုံကတော့ (Sun burn/Ozone damage)
ပဲပင်တွေက ညမှာအေးပြီး၊ မနက်ခင်း နှင်းကျရင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးအနေအထားဖြစ်ပြီး ဒီအချိန်မှာ ရုတ်တရက် အပူချိန်မြင့်လာလျှင်ဖြစ်စေ (ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျရောက်လျှင်ဖြစ်စေ) နေရောင်ခြည် အများဆုံးထိသောနေရာတွေမှာ ဆဲလ်သေကွက်တွေ ပေါ်လာပါတယ်။
နေပူချိန်မှာ Sulphur 80%တွေ ဆေးပူတွေ ဖျန်းမိရင် အရွက်လောင်တဲ့ လက္ခဏာမျိုး(မီးလောင်ဒဏ်ရာလို) အရွက်လောင်တဲ့ပုံစံ အတူတူပါပဲ။
(ဆိုတော့ အပူချိန် ၈၀°F =27°C အခြေအနေမှာ ဓာတုဆေးများ ဖျန်းခြင်း မလုပ်သင့်ပါ)
ပုံမှာ ပြထားပါတယ်။

နေပူလောင်နာနဲ့ ဘက်တီးရီးယား ရွက်ခြောက်ကွာခြားချက်က
- ရေစိုနာ မဖြစ်ဘဲ တိုက်ရိုက် ကောက်ရိုးရောင် ဖြစ်စေပါတယ်။
- အဝါရစ် အနားသတ်မတွေ့ရပါဘူး။
- တစ်ပင်မှတစ်ပင် မကူးစက်ပါဘူး။
ပြန်လည်ကုစားနည်း(Remedial treatment)
ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ဖြစ်ပါက
Xanthomonas sp အတွက်
- ကော့ပါးဟိုက်ဒြောက်ဆိုဒ်+ ကာဆူကာမိုင်စင်
- ကော့ပါးဟိုက်ဒြောက်ဆိုဒ် + ဘစ်စမာသိုင်ယာဇိုး
Pseudomonas sp ကတော့ ကုသဖို့ခက်ပါတယ်။
တက်ထရာဆိုက်ကလင်း၊ အောက်ဆီတက်ထရာ၊ စထရက်တိုမိုက်စင် ကလိုရိုဒ် လိုမျိုးဆေးတွေသုံးလို့ရပါတယ်။

နေလောင်/ဆေးလောင်ဒဏ်ရာကြောင့် ဖြစ်ပါက...
- ဓာတု မြေသြဇာကျွေးခြင်း၊ ဓာတုအားဆေး၊ ဟော်မုန်းဆေးဖျန်းခြင်း မလုပ်သင့်ပါ။
- နေ့လယ်ချိန် ရေဖျန်းခြင်း၊ ရေသွင်းခြင်း ရှောင်ပါ။
- နံနက်၊ ညနေချိန်ဓာတုမဟုတ်သော အမိုင်နိုအားဆေး သို့မဟုတ် သဘာဝ အပင်ဟော်မုန်းအားဆေး(PGR)ဖျန်းပေးသင့်ပါတယ်။
- Green houseမှာဆိုပါက ယာယီအရိပ်ဖန်တီးခြင်း
- မြေဖုံးပစ္စည်းအသုံးပြုခြင်း
- Drip irrigation ဖြင့် ရေပေးခြင်းပြုလုပ်နိုင်ပါတယ်။
ကဲ ဒါဆိုမိတ်ဆွေရဲ့ပဲခင်းမှာ အရွက်နားလေးတွေခြောက်နေရင် ဘက်တီးရီးယား ရွက်ခြောက်ရောဂါလား နေလောင်ဒဏ်ရာရနေလား ဆိုတာ ခွဲခြားသိနိုင်လောက်ပြီလို့ ယူဆပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
Bo Htet
1 year agoမတ်ပဲပင်အူတိုင်ညိုမဲပြီးပဲပင်သေတာဘာဆေးသုံးသင့်လည်းခင်ဗျ
Min Maung
1 year agoမစိုက်ရသေးပါ
Min Maung
1 year agoမက်ပဲအပင်ပေါက်ခါစ သေတာ ဘာလုပ်ရလဲ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all