ခရမ်းချဉ် ပျပိုးကျရောက်မှု
ပျပိုး အကောင်ငယ်များနှင့် အကောင်ကြီးများသည် အရွက်ဖူးများနှင့် အရွက်များအောက်ဘက်မျက်နှာပြင်မှ သစ်ရည်များကို စုပ်ယူပြီး စုဝေးစားသောက်မှုကြောင့် အရွက်များ တွန့်ခြင်း၊ လိန်ခြင်းများ ဖြစ်ပေါ်စေသည်။ အပင်ကြီးထွားမှု ရပ်တန့်စေသည်။ ပျပိုးများသည် သူ၏ ခန္ဓာကိုယ်မှ စစ်ထုတ်လိုက်သော အချိုရည်များ ပေါ်တွင် ရှင်သန်ကြီးထွားလာသည့် အမဲရောင်မှို (Sootymould) ကြပ်ခိုးမှိုများကိုတွေ့ရသည်။ ထိုကြပ်ခိုးမှိုများ တည်ရှိမှုကြောင့် အသီး၏ အရည်အသွေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ ခြောက်သွေ့သော ရာသီဥတုတွင် အဓိကဆိုးရွားစွာ ကျရောက် ဖျက်ဆီးသည်။ ပျပိုးသည် ဗိုင်းရပ်(စ်)များကို သယ်ဆောင်ကာ အပင်အား ဗိုင်းရပ်(စ်) ရောဂါများကို ဖြစ်စေသည်။
ကာကွယ်နှိမ်နှင်းနည်းများ
- ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပျိုးပါ။
- ပျပိုး ကျရောက်နေသော အရွက်နှင့် အကိုင်းများကို ဖျက်ဆီးပါ။
- စားဖိုပြာကို ဇကာချ၍ ပြာနုနု ရယူကာ အပင်များကို ပက်ဖြူးပေးပါ။
- ပင်ကြွင်းပင်ကျန်းများ၊ ပေါင်းမြက်များအား မီးရှို့ဖျက်ဆီးပါ။
- ငရုတ်သီးမှည့် ၁၂ တောင့်ကို ထုထောင်း၍ တမာစေ့ကြိတ်ရည်တွင် ရောစပ်၍ သမအောင်မွှေပေးပါ။ ပြီးလျှင် ပိတ်ပါးစဖြင့် စစ်ချ၍ ညှစ်ယူပြီး ပက်ဖျန်းပါ။
- စိုက်ဘောင်များအား မီးခိုးရောင် ပလတ်စတစ်များ ဖုံးအုပ်ထားခြင်းဖြင့်နေရောင်မှ အလင်းပြန်ခြင်းကြောင့် ပျပိုးကျရောက်မှုမှ ကာကွယ်နိုင်သည်။
- ဆပ်ပြာရည် ၃၀ မီလီလီတာကို ရေ ၅ လီတာဖြင့် ရောစပ်ကာ ဆပ်ပြာဖျော်ရည်အဖြစ် ပက်ဖျန်း ကာကွယ်နိုင်သည်။
- ပျပိုးများ ကျရောက်လာပါက တမာပိုးသတ်ဆေး (၄၀-၆၀ စီစီ/ရေ ၁ ဂါလန်) နှုန်း (သို့) (အဘာမက်တင်-Abamectin) နှုန်းနှင့်(၅) ရက်တစ်ကြိမ်ပက်ဖျန်းနိုင်သည်။
- ဆိုးရွာစွာကျရောက်ပါက ( ဒိုင်မီသိုအိတ်- Dimethoate), (အဆီဖိတ်Acephate),(ကလိုပိုင်ရီဖော့စ်-Chlopyrifos), (ဆိုက်ပါမီသရင်-Cypermenthrin), (ဒိုင်ယာဇီနွန် - Diazinon), (အီမီဒါကလိုပရဒ် - Imidacloprid), (မာလာသီယွန်-Malathion) စသောဆေးများ အသုံးပြု ပက်ဖျန်း နိုင်ပါသည်။
ကိုးကား- ခရမ်းချဉ် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ
Continue reading related topics, questions and articles.
Topic 1
ခရမ်းချဉ်ပျပိုး
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....