အရွက်ပေါ်က တွန့်လိမ်ကောက်ကွေးနေတဲ့ လမ်းကြောင်းများ
ကိုယ်စိုက်ထားတဲ့ အပင်လေးတွေမှာ လမ်းကြောင်းလေးတွေဖြစ်နေတယ်။ ပြီးတော့ အဲ့လမ်းကြောင်းမှာ အစိမ်းရောင်ခြယ်ပစ္စည်း (ကလိုရိုဖိးလ်) မရှိတော့ပဲအရောင်လေး ပြယ်နေမယ်ဆိုရင်တော့ သေချာတယ် ရွက်ထွင်းပိုး (Leaf Miner) ရှိနေတယ်လို့ ဖော်ပြနေတာပါပဲ။
ရွက်ထွင်းပိုးလို့ဆိုလိုက်ရင်တော့ သူတို့က သားလောင်းကောင် အဆင့်တွေဖြစ်ပါတယ်။ ကြီးလာရင် ကျိုင်းကောင်လည်းဖြစ်ချင်ဖြစ်မယ်။ ယင်အမျိုးအစားတွေထဲက တစ်ကောင်ကောင်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲ့သားလောင်းကောင်လေးတွေက အရွက်ထဲမှာ နေကြတာပါ။ အရွက်အပြင်လွှာရဲ့ အောက်ထဲမှာနေကြတာပါ။ ဆိုတော့ အရွက်ရဲ့ တစ်သျှူးလေးတွေက သူတို့ကို ကာကွယ်ပေးထားသလိုဖြစ်နေပါတယ်။ ဆိုတော့အကောင်းဆုံးကတော့ နည်းလမ်းတစ်ခုတည်းထက်စာရင် ဘက်စုံပိုးမွှားရောဂါစီမံခန့်ခွဲတဲ့စနစ် (Integrated Pest Management- IPM) ကို သုံးတာက အကောင်းဆုံး ကာကွယ်နှိမ်နင်းလို့ရမှာဖြစ်ပါတယ်။
အကောင်ကြီးမဖြစ်ခင် ဘဝတစ်ဆစ်ချိုးဖြစ်တဲ့ ဒီသားလောင်းကောင်လေးတွေဟာဆိုရင်တော့ ခရင်ရောင်၊ အဝါရောင်ဖက်ရောတဲ့ အစိမ်းရောင်ကနေ အစိမ်းရောင်အထိ သူတို့မျိုးကွဲတွေအပေါ်လိုက်ပြီး အရောင်လေးတွေရှိနိုင်ပါတယ်။ မြင်ဖို့ခက်တယ်ဆိုတာက သူတို့က အရွက်ထဲမှာလည်းနေတယ်။ ပြီးတော့ အရွက်ထဲက အပေါ်လည်းမရောက် အောက်လည်းမဆင်းဆိုတော့ အပေါ်ဖက်ကနေကြည့်လည်း မြင်နိုင်ဖို့ခက်သလို အရွက်ရဲ့ အောက်ဖက်ကနေ ကြည့်ရင်လည်း မြင်နိုင်ဖို့ ခဲယဉ်းတာဖြစ်ပါတယ်။
ပြီးတော့ သူတို့က အရွက်ရဲ့ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီးလ်ကို ကိုက်စား ထွင်းစားတာမျိုးလိုပါတယ်။ ဆိုတော့ သူတို့စားသွားတဲ့နောက်မှာ ကလိုရိုဖီးလ်းမရှိတော့တဲ့ လမ်းကြောင်းတွေ ဖြစ်လာပြီးတော့ သူတို့ရဲ့ စွန့်ပစ်ခဲ့တဲ့ မစင်အမဲတုံးလေးတွေပဲကျန်ခဲ့ပါတယ်။ တွန့်လိမ်ကောက်ကွေးနေတဲ့ လမ်းကြောင်းလေးတွေဖြစ်နေသလိုမျိုး၊ မဟုတ်ရင် အကွက်လိုက်မျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လက္ခဏာ (၂)မျိုးလုံး တွေ့ရမှာဖြစ်ပါတယ်။

ရွက်ထွင်းပိုး ဘယ်နှစ်မျိုးလောက်ရှိသလဲ?
တကယ်တော့ မျိုးစိတ်နဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးရအရေးကြီးတာနဲ့ အများဆုံးတွေ့ရတဲ့ ရွက်ထွင်းပိုးတွေကို အမျိုးအစားခွဲလိုက်ရင်တော့ (၄)မျိုးရှိပါတယ်။
- ဟင်းနုနွယ် ရွက်ထွင်းပိုး Pegomya hyoscyami မျိုးစိတ်ဖြစ်တဲ့ ဒီရွက်ထွင်းပိုးလေးတွေက မုန်လာဥပုံစံဖြစ်ပြီးတော့ ခြေ၊ လက်မပါသလို ခေါင်းပိုင်းဆိုရင်လည်း သိသာထင်ရှားနေတာမျိုးမရှိပါဘူး။ သူတို့ က ယင် ဖြစ်လာပြီးတော့ တစ်လက်မရဲ့ လေးပုံ တစ်ပုံပဲရှိမှာပါ။ အကောင်ကြီးယင်ဟာဆိုရင် အမွှေးထူ၊ ခဲကနေ အညိုအထိရှိပါတယ်။ ဒီကောင်ရဲ့ သားလောင်းတွေဟာဆိုရင်တော့ ဟင်းနုနွယ်၊ ခရမ်းချဉ်၊ သခွား၊ နံနံ လိုမျိုး ဟင်းသီးဟင်းရွက် အစုံမှာ စားသောက်ဖျက်ဆီးနိုင်ပါတယ်။
- ဟင်းသီးဟင်းရွက်စားတဲ့ နောက်တစ်မျိုးဖြစ်တဲ့ Lironyza sativae ကတော့ ဆလင်ဒါပုံစံရှိပြီးတော့ အဝါရောင်ဖက်သွားတဲ့အစိမ်း အရောင်မျိုးရှိပါတယ်။ သူတို့လည်းပဲ ခြေ၊ လက်တွေမရှိသလို ထင်ရှားတဲ့ ခေါင်းပိုင်းလည်းမရှိပါဘူး။ အရွယ်ရောက်လာရင်တော့ တစ်လက်မရဲ့ ၁၅ ပုံ ပုံမှ တစ်ပုံလောက်ပဲရှိတဲ့ အနက်ရောင် ဒါမှမဟုတ် အဝါရောင် ယင်လေးတွေဖြစ်လာပါတယ်။ သူကကျတော့ ဟင်းသီးဟင်းရွက်တော်တော်များများကို စားသောက်နိုင်ပါတယ်။ ပဲမျိုးစုံ၊ ဂေါ်ဖီအုပ်စု၊ ကြက်သွန်နီ နဲ့ မုန်လာဥလို့ အမြစ်စား သီးနှံတွေမှာ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။
- နောက်တစ်မျိုးကတော့ မြွေလိမ်မြွေကောက်သွားတတ်တဲ့ ရွက်ထွင်းအမျိုးအစား - Liriomyza trifilii ဖြစ်ပါတယ်။ အပူပိုင်းဒေသ နဲ့ သမပိုင်းဒေသ အပြင်ကို ဖန်လုံအိမ် (green house) နဲ့စိုက်တဲ့ ဟင်းသီးဟင်းရွက် တော်တော်များများမှာကျရောက်ဖျက်ဆီးတတ်တဲ့ မဲမဲယင်လေးတွေနဲ့ အဝါရောင်ယင်လေးတွေပဲဖြစ်ပါတယ်။
- ရှောက်သံပရာ ရွက်ထွင်း- Phyllocnistis citrella ကတော့ အာရှမှာ အများဆုံးတွေ့ရပါတယ်။ အရေးကြီးတဲ့ ဖျက်ပိုးလို့တောင် ရှောက်၊ သံပရာ မျိုးရင်းဝင်စိုက် တောင်သူတွေက သတ်မှတ်ထားကြပါတယ်။ လ တိုတိုပဲရှိပေမဲ့လို့ ဖျက်ဆီးမှုကြီးလို့ပါ။ အကောင်ကြီးကတော့ တစ်လက်မရဲ့ (၄)ပုံ တစ်ပုံသာရှိပြီးတော့ အဝါဖျော့ရောင်ရှိပါတယ်။ ဒီ ရှောက်၊ သံပရာ ရွက်ထွင်းပိုးတွေက သူတို့ရဲ့ ပိုးရုပ်ဖုံးအဆင့်ကိုလည်း အပင်ပေါ်မှာပဲ အရွက်တွေကိုလိပ်ပြီး အထဲမှာ ကုန်ဆုံးလေ့ရှိပါတယ်။
ရွက်ထွင်းပိုးတွေရဲ့ ဘဝစက်ဝန်း
ဆောင်းခိုတဲ့အကောင်တွေဖြစ်ပြီးတော့ အရွက်ကျန်တွေ၊ စိုက်ခင်းထွက် အမှိုက်အကျန်တွေမှာ ဆောင်းခိုလေ့ရှိပါတယ်။ ရာသီဥတုတစ်ဖြည်းဖြည်းပူလာတဲ့အချိန်မှ ပြန်ထွက်လာကြပါတယ်။ မိတ်လိုက်ပြီးတာနဲ့ အမက အရွက်အောက်ခြေမှာ ဥ ဥချဖို့ အလုပ်တွေ ရှုပ်ပါတော့တယ်။ အရွက်သစ် တွေရဲ့ အောက်ဖက်နားမှာ ဥ ကြတာများပါတယ်။ အရွက်ကြီး အရွက်ဟောင်းတွေက ကြာရင် ရင့်ပြီးတော့ ပေါက်လာမဲ့အကောင်တွေအတွက် အစားအစာ ပိုမိုခက်ခဲမှာစိုးလို့ဖြစ်ပါတယ်။
ဥ အဆင့်ကတော့ ပူနွေးတဲ့ ရာသီမျိုးမှာဆိုရင်တော့ ရက်အနည်းငယ်ပဲဖြစ်ပြီးတော့ ဥ ကနေပေါက်တာနဲ့ သားလောင်းအဆင့်က အရွက်ကို အပေါ်လွှာကို ကိုက်ဖြတ်ပြီး အထဲကိုဝင်ပြီး ကိုက်စားပါတယ်။ တစ်ချို့ ရွက်ထွင်းပိုးတွေက သူတို့ သားလောင်းအဆင့်တစ်ခုလုံးကို အရွက်တစ်ရွက်ထဲမှာပဲ ကုန်ဆုံးပါတယ်။ တစ်ချို့ကတော့ မြေကြီးပေါ်ပြုတ်ကျပြီး ပိုးရုပ်ဖုံးအဆင့် ကို မြေကြီးထဲမှာ လုပ်ကြပါတယ်။ တစ်နှစ်ကို မျိုးဆက်အသစ် အတော်များများထုတ်လုပ်နိုင်ပြီးတော့ သားလောင်းကောင်တွေများများနဲ့ သီးပင်စားပင်တွေကို ပျက်စီးစေပါတယ်။
နောက်တစ်ပိုင်းမှာတော့ သူတို့တွေကို ဘယ်လိုထိန်းချုပ်ကာကွယ်ရမလဲဆိုတာကို ဆက်လက်ပြောပြပေးသွားပါ့မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မြေပဲရွက်ထွင်းပိုး
Min Oo
1 year agoဘာဆေးသုံးရမလဲဗျ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026