အမြစ်ပုပ်စေတဲ့ အကြောင်းများနဲ့ ကာကွယ်ကုသခြင်း - ၁
သီးနှံပင်တွေမှာ အမြစ်ပုပ်ခြင်းဟာ အပင်ရဲ့ အမြစ်တွေကို တိုက်ခိုက်နိုင်တဲ့ မှိုနဲ့ အူးမိုက်စိ (omycetes) အမျိုးမျိုးကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ အမြစ်ပုပ်ခြင်းဟာ ရေစိမ့်ဝင်မှုအားနည်းပြီး အစိုဓာတ်မပြတ်ရှိနေတဲ့နေရာမှာ ဖြစ်ပွားနိုင်ချေအများဆုံးရှိပြီး အဓိကအားဖြင့် မြေဆောင်ရောဂါပိုးတွေကြောင့် ဖြစ်ပေါ်လာတာပါ။ သီးနှံပင်ရဲ့ အရွက်တွေ အဝါရောင်ပြောင်းလာတာ (သို့မဟုတ်) ကြီးထွားမှုနှေးကွေးလာတာမျိုးကို သတိပြုမိတယ်ဆိုရင် အပင်တွေဟာ အမြစ်ပုပ်ခြင်းကို ခံရနိုင်ချေများနေပြီလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေမှာ အပင်တွေကို သေချာဂရုမစိုက်နိုင်ဘူးဆိုရင်တော့ အပင်တွေတဖြည်းဖြည်း သေဆုံးသွားမှာ ဖြစ်ပါတယ်။

ကောင်းတဲ့ အချက်တစ်ချက်ကတော့ အမြစ်ပုပ်ခြင်း (root rot) ကို ကုသရတာက အတော်အသင့် လွယ်ကူပါတယ်။ မြေဆီလွှာကို သင့်လျော်တဲ့ စီမံခန့်ခွဲမှုနဲ့ ကုသမှုတွေ ပြုလုပ်ပေးခြင်းဖြင့် အပင်တွေကို တိုက်ခိုက်တဲ့ အမြစ်ပုပ်ခြင်းကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ အမြစ်ပုပ်ခြင်း အမျိုးအစားတွေနဲ့ ၎င်းတို့ကို ဘယ်လိုခွဲခြားပြီး ကာကွယ်နိုင်မလဲဆိုတာကို လေ့လာကြရမှာ ဖြစ်ပါတယ်။
အမြစ်ပုပ်ခြင်း အမျိုးအစားများ
၁။ အာမီလေးရီးယား (Armillaria)
ဒီမှိုအမျိုးအစားဟာဆိုရင် ရွက်ကြွေပင်တွေ၊ အမြဲစိမ်းသစ်ပင်တွေနဲ့ ချုံပုတ်ပင်တွေမှာပါ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ၎င်းမှိုတွေဟာ သစ်ပင်ငုတ်တို (သို့မဟုတ်) အပင်ရဲ့ အမြစ်စနစ်ကဲ့သို့ အပျက်အစီးရှိနေတဲ့ နေရာတွေမှာ အမည်းရောင်ကြိုးကဲ့သို့ မှိုမျှင်တွေအဖြစ်နဲ့ သူ့တို့ကိုယ်သူတို့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ကျန်းမာတဲ့အပင်တွေရဲ့ အနီးမှာ မှိုရောဂါကျရောက်နေတဲ့အပင်တွေ ရှိနေတဲ့အခါ ၎င်းတို့ကိုပါ ကူးစက်လာစေမှာဖြစ်ပါတယ်။
ရောဂါပိုးကူးစက်ပြီးတဲ့နောက်မှာ မှိုတွေဟာ အပင်ရဲ့အမြစ်စနစ်ထဲကို ဝင်ရောက်သွားပြီး အတွင်းဘက်ကနေစတင်ဆွေးမြည့်လာမှာ ဖြစ်ပါတယ်။ အပင်တွေမှာ ရောဂါလက္ခဏာပြဖို့ကတော့ အချိန်အားဖြင့် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒီရောဂါကျရောက်တဲ့အခါ အပင်ရဲ့ အခေါက်နဲ့အသားကြားမှာ မှိုတက်နေတဲ့ အဖြူရောင်အလွှာအဖြစ်နဲ့ Armillaria မှိုတွေကို တွေ့မြင်ရမှာဖြစ်ပြီး ၎င်းတို့ဟာ ကြိုးနဲ့ဆင်တူကာ ပျော့ပျောင်းနေမှာလည်း ဖြစ်ပါတယ်။
ခြုံငုံကြည့်ရင်တော့ အပင်ခြေရင်းကို မှိုမျှင်တွေ ဖုံးလွှမ်းသွားမယ်ဆိုရင် အပင်သေဆုံးနိုင်ချေရှိနေပြီ ဖြစ်ပါတယ်။
Armillaria မှိုရဲ့ အဖြစ်များတဲ့ လက္ခဏာများ
- အရွက်အညိုရောင်ပြောင်းခြငး
- ကိုင်းဖျားခြောက်ခြင်း
- နူနာပုံစံဖြစ်လာခြင်း
- အရွက်များ ညှိုးနွမ်းခြင်း
- အရွက်များ ကြွေကျခြင်း
၂။ ဖျူစေရီယမ် (Fusarium)
အပင်အတော်များများမှာ ဖြစ်ပွားလေ့ရှိတဲ့ Fusarium မှိုတွေကတော့ မြေဆီလွှာကနေသာမက လေထဲကနေပါ သယ်ဆောင်ပျံ့နှံ့နိုင်တဲ့ မှိုရောဂါ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီမှိုတွေဟာ သေဆုံးနေသော (သို့မဟုတ်) ဆွေးမြည့်ပျက်စီးနေသော အော်ဂဲနစ်ပစ္စည်းတွေပေါ်မှာ အဆွေးစားသက်ရှိ (saprophytes) အဖြစ်နဲ့ ရှင်သန်နေထိုင်နိုင်ပြီး အချို့သောမှိုမျိုးကွဲတွေဆိုရင်တော့ ခုခံအားကျဆင်းနေတဲ့တိရစ္ဆာန်တွေနဲ့ လူတွေကိုပါ ကူးစက်နိုင်တာ ဖြစ်ပါတယ်။
Fusarium မှိုတွေဟာ ပူနွေးပြီး စိုစွတ်တဲ့ အခြေအနေမှာ ကောင်းစွာရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဆောင်းရာသီလို အချိန်ကာလမှာဆိုရင်တော့ ဆဲလ်နံရံ ၂ ထပ်ပါဝင်တဲ့ နားနေအဆင့်စပိုး (chlamydospores) အဖြစ်နဲ့ ရှင်သန်နိုင်တာ ဖြစ်ပါတယ်။ ရာသီဥတု ပူနွေးလာတဲ့အချိန်မှာဆိုရင်တော့ chlamydospores တွေဟာ အညှောက်ပေါက်လာပြီး mycelium လို့ခေါ်တဲ့ ကျယ်ပြန့်သောမှိုအစုအဝေးအဖြစ်နဲ့ တွေ့ရှိရမှာ ဖြစ်ပါတယ်။
ထို့နောက် ၎င်းတို့ဟာ အပင်ရဲ့ အမြစ်တစ်သျှူးတွေနဲ့ ထိတွေ့ပြီးတဲ့နောက်မှာ အပင်တွေဆီကို ကျူးကျော်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
Fusarium ရဲ့ အဖြစ်များသော လက္ခဏာများ
- ကြီးထွားမှုရပ်တန့်သွားခြင်း
- အရွက်များဝါခြင်း
- အပင်ညှိုးနွမ်းခြင်း
- ရွက်ကြောများ အရောင်ပြောင်းခြင်း
- အရွက်များ ညှိုးနွမ်းခြင်း
၃။ ပိုင်သီယမ် (Pythium)
Pythium ဟာ အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဆွေးစား အူးမိုက်စိ (omycete) ဖြစ်ပါတယ်။ မြေဆီလွှာမှာရော ရေထဲမှာပါ ရှင်သန်နေထိုင်နိုင်တဲ့ ရေမှိုတွေဆိုပြီးတော့လည်း လူသိများတာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ကြီးထွားမှုနဲ့ အာဟာရရရှိတဲ့ပုံစံတွေဟာ မှိုတွေနဲ့ ဆင်တူနေတာလည်း ဖြစ်ပါတယ်။
Pythium ဟာ လိုတာထက် ရေပိုလျှံနေတဲ့ မြေဆီလွှာ (saturated soil) မှာ ကြီးထွားဖွံ့ဖြိုးလာပြီး မြေဆီလွှာ အပူချိန် ၄၁ ကနေ ၅၉ ဒီဂရီဖာရင်ဟိုက်ကြားမှာ အတက်ကြွဆုံးဖြစ်ပါတယ်။ အညှောက်ပေါက်ပြီး ၃ ရက်မှ ၅ ရက်အတွင်းမှာ မျိုးစေ့တွေကို စတင်ကူးစက်နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ oomycete တွေဟာ ဆောင်းရာသီလိုကာလမျိုးမှာ အူးစပိုး (oospore) အဖြစ်နဲ့ ၎င်းရဲ့ နှစ်စဉ်ဘဝစက်ဝန်းကို စတင်ပြီး အေးမြစိုစွတ်တဲ့ မြေဆီလွှာအခြေအနေ ရောက်ရှိတဲ့အခါ ကြီးထွားလာတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ၎င်းတို့ဟာ အပင်တွေကို ကျူးကျော်ဖို့ရာ အဆင်သင့်ဖြစ်နေတဲ့ ရွေ့လျားနိုင်တဲ့ အမျှင်ငယ်ပါဝင်သော ဇူးစပိုး (flagellated zoospores) အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Oomycete မှိုတွေရဲ့ စပိုးတွေကို zoospore လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
Zoospore ပေါ်မှာရှိနေတဲ့ အမျှင်ငယ် (flagella) တွေဟာ အနီးဆုံးမှာရှိနေတဲ့ လက်ခံအပင်ဆီကို ကျူးကျော်ဝင်ရောက်ဖို့အတွက် အရှိန်ပြင်းပြင်းနဲ့ ကူးခတ်သွားလာနိုင်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
Zoospores တွေဟာ ပျိုးပင်များ (သို့မဟုတ်) အမြစ်များကဲ့သို့ ပျက်စီးနေတဲ့ အပင်တစ်သျှူးတွေကို စုစည်းပြီး အပင်ရဲ့ အမြစ်တစ်သျှူးတစ်လျှောက် ပျံ့နှံ့သွားစေ မဲ့ မှိုမျှင် (mycelium) အဖြစ်နဲ့ ဆဲလ်တွေကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
ရောဂါကူးစက်ပြီးတဲ့နောက်မှာ ၎င်းတို့ဟာ sporangia လို့ခေါ်တဲ့ မျိုးပွားနိုင်တဲ့ စပိုးအိတ်တွေကို ထုတ်ပေးမှာဖြစ်ပြီး ရောဂါပြဿနာဖြစ်စေတဲ့ ဘဝစက်ဝန်းကို ပြန်လည်စတင်စေမှာ ဖြစ်ပါတယ်။
Pythium ရဲ့ အဖြစ်များသော လက္ခဏာများ
- မြစ်အုံပုပ်ခြင်း
- ကြီးထွားမှု နှေးကွေးခြင်း
- အရွက်များဝါခြင်း
- အစေ့ပုပ်ခြင်း
- အပင်ညှိုးနွမ်းခြင်း
၄။ ရိုင်ဇိုတိုးနီးယား (Rhizoctonia)
Rhizoctonia solani ဟာ အပင်မျိုးစိတ်များစွာကို ကူးစက်နိုင်တဲ့ အပြင်းထန်ဆုံးသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီမှိုဟာ ၃၆ ဒီဂရီဖာရင်ဟိုက်အထိ နိမ့်ပါးတဲ့ အပူချိန်ထိ ရှင်သန်နိုင်ပြီး ပူနွေးစိုစွတ်တဲ့ အခြေအနေတွေမှာဆိုရင် ပြင်းထန်စွာ တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။
Fusarium၊ Pythium စတာတွေနဲ့ မတူတဲ့အချက်ကတော့ Rhizoctonia solani ဟာ ဆောင်းရာသီမှာ မှိုမျှင် (mycelium) အဖြစ်နဲ့ ရှင်သန်နေထိုင်နိုင်တာ ဖြစ်ပါတယ်။ မြေဆီလွှာမှာ အပူချိန်ပူနွေးလာတာနဲ့အမျှ mycelium တွေဟာ ကြီးထွားလာပြီး အပင်ရဲ့ အမြစ်တွေနဲ့ စတင်ထိတွေ့မှာ ဖြစ်ပါတယ်။ hyphae လို့ သိကြတဲ့ mycelium ရဲ့ အလွန်သေးငယ်တဲ့ အမျှင်တွေဟာ အပင်တစ်ရှူးတွေရဲ့ မျက်နှာပြင်တစ်လျှောက်မှာ အဖုများကိုဖြစ်ပေါ်စေပြီး ရောဂါကျရောက်တာ ဖြစ်ပါတယ်။
၎င်းဟာ ရောဂါဖြစ်ပွားဖို့ နေရာများစွာကို ဖန်တီးပေးပြီး ရောဂါပိုးဝင်တဲ့နေရာ အများအပြားရှိတာကြောင့် ရောဂါကျရောက်နေတဲ့ အပင်တစ်သျှူးတွေရဲ့ အစိတ်အပိုင်းတွေဟာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
Rhizoctonia solani ရဲ့ အဖြစ်များသော လက္ခဏာများ
- ခါးရိခြင်း
- ပင်စည်ပေါ်မှာ အနာဖြစ်ပေါ်ခြင်း
- ပင်စည်နဲ့ အမြစ်အုံပုပ်ခြင်း
- အပင်ညှိုးနွမ်းခြင်း
- ကြီးထွားမှု ရပ်တန့်သွားခြင်း
၅။ အမည်းရောင် အမြစ်ပုပ်ရောဂါ (Thielaviopsis Basicola)
Thielaviopsis Basicola မှိုဟာ အမည်းရောင် အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်စေပြီး ၎င်းရဲ့ ရောဂါလက္ခဏာတွေဟာ အခြားသော အမြစ်ပုပ်ခြင်းပုံစံတွေနဲ့ မကြာခဏ ရောထွေးလေ့ရှိပါတယ်။ ရောထွေးလေ့ရှိတဲ့ လဏ္ခဏာတွေကတော့ အာဟာရချို့တဲ့ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ အရွက်များ အဝါရောင်ပြောင်းလာခြင်းတို့ ဖြစ်ပါတယ်။
အမည်းရောင် အမြစ်ပုပ်ခြင်းဟာ အပင်ရဲ့အမြစ်ပေါ်မှာ အမည်းရောင်အနာတွေကို ဖြစ်ပေါ်လာစေပြီး ၎င်းတို့ဟာ အပင်ရဲ့ရေသောက်မြစ်ကနေ ဘေးဘက်အမြစ်တွေအထိ ပျံ့နှံ့သွားပြီး နူနာ (canker) ပုံစံမျိုးဖြစ်ပေါ်လာမှာပါ။ အဆိုပါအမည်းရောင် စပိုးတွေဟာ အမြစ်အုံနဲ့ ပင်စည်များအထိ ပျံ့နှံ့နိုင်ပြီး တစ်သျှူးများ သေဆုံးကာ အရွက်များကို ညှိုးနွမ်းစေမှာ ဖြစ်ပါတယ်။
Thielaviopsis Basicola ရဲ့ အဖြစ်များသော လက္ခဏာများ
- အာဟာရချို့တဲ့ခြင်း
- ကြီးထွားမှုနှေးကွေးခြင်း
- အရွက်များဝါခြင်း
- အမြစ်ပေါ်မှာ အမည်းရောင်အနာများ ပေါ်လာခြင်း
- နူနာပုံစံ ဖြစ်ပေါ်လာခြင်း
( အပိုင်း - ၂ မှာတော့ အမြစ်ပုပ်ခြင်းကို ကာကွယ်နိုင်မဲ့ နည်းလမ်းအချို့ကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်)
ဇင်ထူးနိုင်
Ref:https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
အမြစ်ပုပ်ခြင်း
ဇွဲခန့် ပိုင်
3 years agoပုံနဲ့တကွ တင်ပေးရင်ပိုအဆင်ပြေပါတယ်.ကိုယ့်ခြံ ထဲဘယ်လို မြစ်ပုတ်ရောဂါကျနေလဲ ရှင်းရှင်းလင်းလင်းသိရတာပေါ့၊အခုပြောပြတဲ့ အရာတွေက အဟာရ ချို့တဲ့တဲ့ ပုံစံတွေနဲ့ ဆင်ပါတယ်၊ကျယ်ပြန့်တဲ့အတွက် မှန်းရခက်ခဲပါတယ်၊အနာတခြား ဆေးတခြားဖြစ်မှာလဲ စိုးရိမ်ပါတယ်၊ကျေးဇူးပါဗျ။
U NYUNT NGWE
3 years agoဘယ်လိုကုသရပါမလဲ၊ငရုပ်ပင်မှာတွေ့ရပါတယ်
S2MO
3 years agoအပိုင်းနှစ်မျှော်
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026