စပါးဖြုတ်ပိုးတွေကို ဘာကြောင့်မနိုင်ကြတာလဲ..
တောင်သူပညာပေးဆွေးနွေးပွဲခရီးစဉ်မရှိတုန်း မိတ်ဆွေ (စင်ကာပူအခြေစိုက် စိုက်/ဆေး ကုမ္ပဏီ)က စပါးဖြုတ်ပိုး ဆေးယှဉ်ပြိုင်စမ်းသပ်ကွက် ဒေတာကောက်ဖို့ အကူအညီတောင်းလာလို့ စပါးကွင်းထဲ ရောက်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ဖျက်ပိုးစာရင်းထဲမှာ စပါးဖြုတ်ပိုး (Plant hopper) လည်း ပါဝင်နေတာပါ။

ဖြုတ်ပိုးကျလို့ ကျမှန်းမသိလိုက်တာရော၊ ကျမှန်းသိသွားတော့လည်း ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်မှု မရှိတာရောကြောင့် စပါးအထွက် ဆုံးရှုံးကြတာမျိုးကို တောင်သူအတော်များများ ခံစားဖူးမယ်ထင်ပါတယ်။
ဖြုတ်ပိုးတွေကို အကြမ်းဖျင်းအားဖြင့်..
- ၁။ဖြုတ်စိမ်း (Leaf hopper)
- ၂။ဖြုတ်ကျောဖြူ (White back plant hopper)
- ၃။ ဖြုတ်ညို (Brown plant hopper) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
အခု လောလောဆယ်တော့ ဖြုတ်စိမ်း(leaf hopper) ကို ခဏထားပြီး..စပါးခင်းတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာတွေကို ဦးစားပေး တင်ပြချင်ပါတယ်။
ဖြုတ်ကျောဖြူ
- စပါးပင် ငယ်စဉ်ကတည်းကနေ အပင်ရင့်မှည့်ချိန်ထိ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။
- စပါးခင်း ရေငတ်နေရင်တောင် ချမ်းသာမပေးဘဲ စပါးပင်ရဲ့ အစာကြောစည်းထဲက သစ်ရည်တွေကို စုပ်ပါတယ်။ ပင်စည်ထဲက သစ်ရည်စုပ်မှတော့ စပါးပင် အားယုတ်ပြီပေါ့ဗျာ။
ဘယ်လိုတွေဖြစ်မလဲဆိုတော့...
- အပင်တန့်နေမယ်၊
- အရွက်ဖျားတွေ ခြောက်လာမယ်၊
- အရွက်တွေ ဝါလာမယ်၊
- တဖြည်းဖြည်း ရေငတ်သလို တကွင်းလုံး ခြောက်သွားမယ်။
ဖြုတ်ညို
- ဖြုတ်ညိုမှာလည်း ရိုးရိုးဖြုတ်ညို (Brown plant hopper)နဲ့ ဖြုတ်ညိုလေး (Small brown plant hopper) ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။
- သေချာကြည့်ပါ။ ၂ မျိုးလုံး ပြိုင်တူကျရောက်တတ်ပါတယ်။
- စပါးသက်တမ်း ထက်ဝက်လည်း ကျော်ပြီ..၊ ကောက်ကွက်လည်းထူတယ်၊ ရေလည်းလှောင်တဲ့ စပါးခင်းမျိုးဆိုရင် ဖြုတ်ရှိနေပြီလို့သာမှတ်..။
ဖြုတ်ညိုတွေက တနေရာတည်းမှာ မိသားစုလိုက် ပွားရင်း၊ စားရင်း၊ ရေစပ်ရဲ့ အထက်နားကနေပြီး အပင်အစာရည်ကို ဝိုင်းစုပ်ကြခြင်းအားဖြင့်..
- အကွက်လိုက် အရွက်ဖျားဝါမယ်
- အကွက်လိုက် အရွက်ခြောက်မယ်
- အရွက်ဖုံးတွေ ပုပ်လာမယ်
- အမဲရောင်ကြပ်ခိုးတွေကြားမှာ မှိုဖြူမျှင်တွေ တွေ့ရမယ်..
- အနှံတွေ မအောင်တော့ဘဲ စပါးခင်းတွေ အရွက်ခြောက်လောင်(Hopper burn)ပြီး သေသွားနိုင်တယ်။
ဖြုတ်ဆေးတွေနဲ့ မနှိမ်နင်းနိုင်တော့ဘူးလား..?
ပိုးသတ်ဆေးကုမ္ပဏီတွေမှာ ဖြုတ်ပိုးသတ်ဆေးတွေ ရှိပါလျက်နဲ့ ဘာကြောင့် ဖြုတ်ပိုးတွေကို မနိုင်ကြတာလဲ.?
တောင်သူတယောက်အနေနဲ့ အင်မတန် သင့်လျော်တဲ့ မေးခွန်းပါ။
ဒီမေးခွန်းလေးကို ဖြေချင်လို့လည်း ဒီဆောင်းပါး ရေးဖြစ်တာပါ။
မေးခွန်းမဖြေခင်...
အခု စာရေးသူ ရောက်ရှိနေတဲ့ ကုမ္ပဏီတခုရဲ့ ဖြုတ်သတ်ဆေး၊ ယှဉ်ပြိုင်စမ်းသပ်ကွက် ဒေတာကောက်ယူခြင်းအကြောင်းကို ပြန်ဆက်ကြရအောင်..။
ဘာကြောင့် ဖြုတ်ပိုးဒေတာ ကောက်ရတာလဲ??
ဒီနေရာမှာ အလျဉ်းသင့်လို့ ETL အကြောင်းပြောပါရစေ..
ပိုးသတ်ဆေးတမျိုးမျိုး ဖျန်းတော့မယ်ဆိုရင်...
ETL(economic threshold level)လို့ခေါ်တဲ့ စီးပွားထိခိုက်မှုအဆင့်သတ်မှတ်ချက်ကို အရင်သိရပါတယ်။
ဥပမာ...ဖြုတ်ညို ရဲ့ ETL အဆင့် ဆိုရင်..
- (ပင်ပွားတပင်မှာ ဖြုတ် ၁ကောင်ရှိမယ်၊ သားရဲပင့်ကူမရှိ)
- (ပင်ပွားတပင် ဖြုတ် ၂ ကောင်၊ သားရဲပင့်ကူ ၁ ကောင်)
အာ့လိုမျိုးတွေ့နေရပြီဆိုတဲ့ အနေအထားမျိုးပေါ့..။
ဒါကြောင့် စပါးခင်းထဲမှာ ဆေးမဖျန်းခင် ဖြုတ်ပိုးအရေအတွက်ကို ဒေတာ မှတ်တမ်းယူရတာ ဖြစ်ပါတယ်။
မှတ်တမ်း အသေးစိတ်ကိုတော့ မရေးတော့ပါဘူး။ စာဖတ်သူ ပျင်းနေမှာ စိုးလို့ပါ။
အခုစမ်းသပ်ကွက်ထဲမှာတော့...
စျေးကွက်ထဲမှာရှိတဲ့ ဖြုတ်သတ်ဆေးတွေထဲက အသင့်တော်ဆုံး (ai) ၅ မျိုး အတွက်ရယ်၊ ဆေးစမ်းမယ့် အေအိုင်ရယ်၊ ဗလာကွက်အတွက်ရယ်။
စုစုပေါင်း အကွယ်ငယ် ၇ ကွက် ပြုလုပ်ထားပါတယ်။
ဒီနေ့ ဒေတာကောက်ခြင်းဟာ တတိယအကြိမ်ဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ခံ မိတ်ဆွေက ပြောပါတယ်။
တတိယအကြိမ်ဆေးဖျန်းပြီးအခြေအနေကို အကြမ်းဖျဉ်းပြောရရင်..
- ဆေးမဖျန်းမီ ကောက်ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၆၅.၆
- ပ/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှ ဖြုတ်ကောင်ရေ = ၂.၆
- ဒု/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၂.၇
- တ/အကြိမ် ဆေးဖျန်းပြီး ရုံတရုံ ပျမ်းမျှဖြုတ်ကောင်ရေ = ၂.၁
ဆိုပြီး တွေ့ရပါတယ်။
ဒီစာရင်းက ကုမ္ပဏီဖြုတ်သတ်ဆေးတခုရဲ့ ဖြုတ်ကာကွယ်နိုင်စွမ်းကို ပြသတာပါ။
ဆိုတော့... ဒီရလဒ် အဖြေအတွက် ကောက်ချက်ဆွဲရမယ်ဆိုရင်..
သာမန်တောင်သူတဦးအနေဖြင့်...
- ဖြုတ်ပိုးအမျိုးအစား ခွဲခြားမသိခြင်း
- ဖြုတ်ပိုး စတင်ကျရောက်နေသည်ကို မသိနိုင်ခြင်း (စတင်ကျရောက်ချိန် တပတ်အတွင်း အပင်မဝါသေးလို့၊ အပင်ခြေဖြဲမကြည့်ရင် မသိနိုင်ပါဘူး)
- အပင်ထူ၊ ကောက်ကွက်ထူရင် ပိုးရှိတဲ့နေရာကို ဆေးမရောက် မထိရောက်ခြင်း
- မှန်ကန်တဲ့ဆေးအုပ်စု ဖျန်းပေမယ့် နှုန်းထားမှန်ပေမယ့်... တကြိမ်ဖျန်းရုံနဲ့...အပြတ်မရှင်းနိုင်ခြင်း
- ကုန်ပစ္စည်းစျေးနှုန်းကြီးလို့ အကြိမ်ကြိမ် ဖျန်းဖို့ မလွယ်ကူခြင်း
- ပိုးမွှားကျရောက်မှုနည်းစေမယ့် မျိုး၊ စိုက်စနစ်၊ IPMစနစ်၊ လုပ်ဆောင်နိုင်မှု အားနည်းခြင်း
စတဲ့.. ဖော်ပြပါအချက်တွေကြောင့်..
အထွက်လည်းမတိုး၊ ဖျက်ပိုးလည်းမနိုင်၊ ထိုင်,ခက် ထ ,ခက် နဲ့ပဲ ဆက်လက်ချီတက်နေရဦးမှာပါ။
တိုက်ဆိုင်စွာနဲ့ စာရေးသူတို့ ဒေတာကောက်ပြီးချိန်မှာ... တောင်သူကို ပညာပေးဖို့ တာဝန်ရှိသူ တစ်ဦး ရောက်လာပါတယ်။
သူက.. ကန်သင်းပေါ်ကနေပြီး လှမ်းမေးပါတယ်။
"ဘာအတွက်... ဒေတာကောက်နေကြတာလဲ."တဲ့။
စာရေးသူက..
" ဒီစပါးခင်းမှာ ဖြုတ်ကျရောက်မှု စစ်တမ်းကောက်တာပါဗျာ"လို့ ဖြေတော့.
" ဒီကနေကြည့်ရတာတော့ ဖြုတ်မကျလောက်ပါဘူးဗျ"..တဲ့။
ဩော်... အကွက်လိုက် ဝါနေမှ ဖြုတ်ကျတယ်လို့ စွဲနေကြတာကိုး..လို့ပဲ။
ကဲ..ဒီလောက်ဆိုရင်တော့...
ဖြုတ်ပိုးတွေကို ဘာကြောင့်မနိုင်ကြတာလဲ..? ... ဆိုတာ သဘောပေါက်သွားမယ်ထင်ပါတယ်။
ဒီဆောင်းပါးနဲ့ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာ၊ ပြောချင်တာတွေ ရှိကြမယ်ထင်ပါတယ်။
ဆိုရင်တော့... အောက်မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ဗျာ..။
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးဖြုတ်ပိုး
Applicable farm inputs (Ad)
ဇင်မင်းဦး
11 months agoဖြုတ်ပိုးကျလို့ဘယ်ဆေးပက်ရင်ကောင်လဲဆရာ
zizi
1 year agoဖြုတ်တွေအတွက် ဘာဆေးဖျန်းရင်ကောင်းသလဲဗျ
Myo Myint Aung
2 years agoအကိုဘာဆေတေသုံးရသလည်
ဦးထွန်းဇော်ဦး
2 years agoစပါးစိုက်တာ ၂လတ်ပြည့်တော့မယ် ခုချိန်ထိအပင်လဲမပွါးဘူးအရွက်ကဝါတယ် ဘာဆေးသုံးရမာလဲ ဆရာ
Nway Soe
3 years agoဖြုတ်ညိုအတွက် အသုံးသင့်ဆုံးအေအိုင်က ပိုင်မီထရိုဇင် အေအိုင်ပါ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all