အစိုဓာတ်များရင် ဖြစ်ပေါ်တတ်တဲ့ ကြက်သွန်နီဂျိုလိမ်ရောဂါ ကာကွယ်ကုသနည်း
မြန်မာနိုင်ငံမှာ ကြက်သွန်နီ ပျမ်းမျှ ဧက ၁.၇ သိန်း ကျော်စိုက်ပျိုးလေ့ရှိပြီး ကြက်သွန်တန်ချိန် ၁ သန်းကျော် ထုတ်လုပ်လျက်ရှိတယ်လို့ စီးပွားကူးသန်းဌာန အချက်အလက်များအရ သိရှိရပါတယ်။
ကမ္ဘာ တစ်ဝှမ်းမှာလည်း ကြက်သွန်သီးနှံဟာ စိုက်ဧက အများဆုံး သီးနှံထဲ ပါဝင်တယ်လိုဆိုပါတယ်။
ကျန်းမာရေးရှုထောင့်အရလည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ စားဖိုဆောင်သီးနှံထဲမှာ မရှိမဖြစ် သီးနှံဖြစ်နေပါတယ်။
ဒါကြောင့်လည်း ကမ္ဘာမှာ မီးဖိုချောင်၏ဘုရင်မ (Queen of the Kitchen) ဟု လူသိများစေတာဖြစ်ပါလိမ့်မယ်။
ယခင်က ကြက်သွန်ဖြူဂျိုလိမ်ရောဂါ အဖြစ်များသော်လည်း ယခုနှစ်အတွင်း ကြက်သွန်နီဂျိုလိမ်ရောဂါပါ အဖြစ်များလာတာတွေ့ရပါတယ်။
တောင်သူတွေ မှည့်ခေါ်ကြတဲ့အမည်ဖြစ်တဲ့ ကြက်သွန်နီဂျိုလိမ် ရောဂါဆိုတာ ရောဂါလား၊ ပိုးကြောင့်လား၊ အာဟာရကြောင့်လားသိရှိထားဖို့လိုပါတယ်။ ရောဂါကြောင့်ဆိုရင်လည်း မှိုလား၊ ဘက်တီးရီးယားလား၊ နီမတုပ်ကြောင့်လား အပြင် ဗိုင်းရပ်ရောဂါလား ..စသဖြင့် ဂဃနဏ သိထား စေရန်ရည်ရွယ်ပြီး ပညာရှင်များရဲ့ လက်တွေ့စမ်းသပ်ချက်များ၊ ကိုယ်တွေ့ အတွေ့အကြုံများ၊ ကြက်သွန်စိုက်တောင်သူများနဲ့ဆွေးနွေးမေးမြန်းချက်များအပေါ်အခြေခံပြီး ကောက်နုတ်တင်ပြပါရစေ။
- မြန်မာအမည် = ကြက်သွန်နီ ဂျိုလိမ်ရောဂါ
- အင်္ဂလိပ်အမည် = Onion twister disease/Anthracnose twister
- Causal organism = Collectotrichum spp.
India ပညာရှင်များရဲ့ ယူဆချက်အရ ကြက်သွန်နီ ဂျိုလမ်ရောဂါဟာ Anthracnose ခေါ်(Collectotrichum gloeosporioides) မှိုတစ်မျိုးတည်း ကျရောက်တာမဟုတ်ဘဲ Fusarium oxysporum လို့ခေါ်တဲ့ ဖျုဆေရိယန် ခါးရိရောဂါပါ ပူးတွဲကျရောက်တယ်လို့ ဆိုထားပါတယ်။
ရောဂါ လက္ခဏာ(Disease symptom)
ကြက်သွန်အရွက်များ ကောက်ကွေးခြင်း၊ လိမ်တွန့်ခြင်း၊ အစိမ်းရောင်ကလိုရိုဖီးများ ပျက်စီးကာ အဖြူ သို့မဟုတ် အဝါဖျော့ရောင် ရေစိုနာကွက်များ၊ ဘဲဥပုံသဏ္ဌာန် တွေ့ရပါတယ်။ အမြစ်များ လှီလာခြင်း၊ ကြက်သွန်ဥလည်ပင်းများ ပုံမှန်မဟုတ်သော ရှည်ထွက်ခြင်း ဖြစ်တတ်ပါတယ်။
အထူးသဖြင့် အမြစ်ထိပ်ဖျားများ ကြီးထွားလတ်ဆတ်ရာမှ မှိုစပိုးများပေါက်ပွားပြီး အမြစ်များမည်းပုပ်နေသည်ကို တွေ့ရပါသည်။ ရောဂါရ အပင်များမှာ ကွက်တိကွက်ကြားဖြစ်တတ်ပါတယ်။

ရောဂါ ကူးစက်ပျံ့နှံ့ပုံ (Disease spreads)
နေ့အပူချိန်.၂၂°-၃၀°စင်တီဂရိတ်အတွင်းက ရောဂါပျံ့နှံမှုကိုအားပေးပါတယ်။ မျိုးစေ့ဆောင်ရောဂါဖြစ်ပြီး တစ်ရာသီမှ တစ်ရာသီသို့ကူးပြောင်းချိန်တွင် ကျန်ခဲ့သည့် ရိုးပြတ်များမှ လည်းကောင်း၊ မျိုးရိုးတူ လက်ခံပင်မှလည်းကောင်း၊ မိုးရေ၊ လေနှင့် သွင်းရေများမှလည်းကောင်း ကူးစက်ပျံ့ပွားနိုင်ပါတယ်။ အထူးသဖြင့် မြေတွင်းအစိုဓာတ်များပြီး ရေဝပ်သော စိုက်ခင်းများတွင် ဖြစ်တတ်ပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ (Disease control methods)
၁။ စိုက်ပျိုးရေးနည်းဖြင့်ကာကွယ်ခြင်း (Cultural control)
- ရိုးပြတ်များကို ချေမွပစ်ခြင်း၊ မြေမြှုပ်ပစ်ခြင်း၊ ဆွေးမြည့်စေခြင်းစသည့် တစ်ခုခုပြုလုပ်ပါ။
- မျိုးရိုးအုပ်စုမတူသော သီးနှံများ လှည့်စိုက်ပါ။
- ဘောင်စနစ်ဖြင့်ပြင်ဆင်ပြီး Drip irrigationနည်းဖြင့် ရေပေးပါ။
- ရောဂါဖြစ်နေချိန် မိုးတုရွာခြင်း (Over head irrigation)မလုပ်သင့်ပါ။
၂။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း (Biological management)
- ကြက်သွန်ခင်းအပါအဝင် ရေမြုပ်တတ်သော မည်သည့်စိုက်ခင်းမဆို အပင်များ ပြန်လည်ကောင်းမွန်လန်းဆန်းရန်အတွက် 1-aminocyclopropane-1-carboxylic acid (ACC) ပရိုတင်းမဟုတ်သော အမိုင်နိုအက်ဆစ်ကို အသုံးပြုပါ။ အပင်ဟော်မုန်း အီသလင်း၏တိုက်ရိုက်ရှေ့ပြေးအဖြစ် လုပ်ဆောင်သည့် အသီးအပွင့်နှင့် ကြီးထွားမှုဖြစ်စဉ်များစွာကို ထိန်းညှိပေးသည့် ACC (အီသလင်းဇီဝပေါင်းစပ်မှု၏ ဗဟိုမော်လီကျုး) လိုမျိုး အပင်ကြီးထွားမှုကို လှုံဆော်ပေးသည့် ဟိုမုန်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
- ထရိုင်ကိုဒါးမား+ဆူဒိုမိုးနပ်စ်(အကျိုးပြုဘက်တီးရီးယား)ကို မြေကြီးထဲထည့်ခြင်း၊ အပင်ဖျန်းခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
၃။ ဓာတုမှိုသတ်ဆေးဖြင့် ကာကွယ်ကုသခြင်း (Chemical control)
- သီရန်(thiran) သို့မဟုတ် ရိုဘရယ်(iprodione) ကို မျိုးစေ့ဆေး စိမ်ခြင်း၊ ပျိုးပင် ဆေးစိမ်ခြင်းပြုလုပ်စိုက်ပျိုးပါ။
- မိုးများပြီး ရေဝပ်ရာမှ ရောဂါဖြစ်တတ်သဖြင့် အမြစ်သစ်များထွက်နိုင်စေရန် ဟူးမစ်အက်ဆစ်အသုံးပြုခြင်း။
- ဟိုက်ဒြိုဂျင်ပါရောက်ဆိုက်ကို အသုံးပြုခြင်း။
- Triazoleဇိုးအုပ်စု(ပရိုပီကိုနာဇိုး/ဟက်ဇာကိုနာဇိုး....) မှိုသတ်ဆေး များကို အသုံးပြုခြင်းဖြင့် Anthracnose ရောဂါကို ကောင်းစွာ ထိန်းသိမ်းနိုင်ပါတယ်။
သို့သော် Fusariumရောဂါနဲ့ ဘက်တီးရီးရောဂါများပါ ပူးတွဲကျရောက်နိုင်သဖြင့် ထရိုင်ကိုဒါးမား/အဇိုဇီစထရိုဘင်+ဒိုင်ဖန်နိုကိုနာဇိုး ကို အသုံးပြုသင့်ပါတယ်။
အထူးသတိပြုစေရန်မှာ.. ကြက်သွန်နီဂျိုလိမ်ရောဂါက မှိုရောဂါတမျိုးတည်းကြောင့်မဟုတ်ဘဲ ရေဝပ်ခြင်းလိုမျိုး ရာသီဥတုနှင့် အပင်ဇီဝကမ္မ သဟဇာတ မညီမျှမှုတို့ ပူးတွဲ ကျရောက်ခြင်းဖြစ်သဖြင့် ဘက်ပေါင်းစုံကာကွယ်နည်းဖြင့် ဖြေရှင်းနိုင်ကြစေရန် ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါတယ်။
စေတနာများစွာဖြင့်...
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကြက်သွန်ဂျိုလိမ်ရောဂါ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all