Green Way
"ကွမ်း" ဆီစွန်း၊ ရိုးမဲရောဂါ .. အဖြေရှာ

"ကွမ်း" ဆီစွန်း၊ ရိုးမဲရောဂါ .. အဖြေရှာ

မကြာခင်ရောက်လာတော့မယ့် မိုးတွင်းကာလမျိုးတွေမှာ ကွမ်းရွက်တွေဆီ အလည်လာလေ့ရှိတဲ့ ဆီစွန်း၊ ရိုးမဲရောဂါကို ကွမ်းစိုက်တောင်သူများအနေနဲ့ သတိထားရတော့မှာ ဖြစ်ပါတယ်။

ဒီရောဂါ ဝင်လာပြီဆိုရင်လည်း ပြန်ထွက်အောင်လုပ်ဖို့ ခဲယဥ်းပါတယ်။ မှိုသတ်ဆေးတွေ စုံအောင် နေ့စဥ်ဖျန်းပေမယ့်  ရောဂါက တုတ်တုတ်မျှမလှုပ်လို့ ခြံပြုတ်တဲ့သူတွေလည်း မနည်းတော့ဘူး။

ဆိုတော့ ဘာကြောင့် ဒီလောက်နှိမ်နင်းရခက်တာလဲ?

ဒီအတွက် ရောဂါအကြောင်းရင်းကို  အရင်သိထားဖို့လိုမယ်လို့ ယူဆပြီး ဒီစာစုလေးကို ရေးသားတင်ပြလိုက်ပါတယ်။

ဒီနေရာမှာ ကူးစက်မြန်တဲ့၊ ကုရခက်တဲ့ ဆီစွန်း၊ ရိုးမဲ၊ ဆစ်ပြုတ်ရောဂါအကြောင်းပဲ ဦးစားပေး ဆွေးနွေးသွားပါမယ်။ 

 

၁။ မှိုကြောင့်ဖြစ်သောရောဂါ

 ဒေါင်းမြီးကွက်၊ အရွက်ပုပ်ရောဂါ (Phytophthora palmivora) 

သာလိကာမျက်စေ့၊ မှည့်ပြောက်စွန်းရောဂါ (Colletotrichum capsici) 

ပင်ခြေပုပ်ရောဂါ (Sclerotium rolfsii)

အထက်ဖော်ပြပါ မှိုရောဂါ ၃ မျိုးထဲကမှ (phytopthora spp) ဖိုက်တော့သရာ မှိုရောဂါဟာ အာလူး၊ ခရမ်းချဥ်တွေမှာ လောင်မဲရောဂါဖြစ်စေတဲ့ (Oomycetes )အူးမိုက်ဆိ မှိုရောဂါအမျိုးအစားဖြစ်ပါတယ်။

အူးစပိုးတွေဟာ  ၇-၁၀ ရက်အတွင်း နည်းမျိုးစုံနဲ့ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ နောက်ပြီး မှိုအစစ်(true fungi)မဟုတ်လို့  မှိုသတ်ဆေးအတော်များများကို ခံနိုင်ရည်ရှိပါတယ်။

ဒီမှိုရောဂါဖြစ်ပြီဆိုရင် လက္ခဏာတွေအနေနဲ့ အရွက်ပေါ်မှာ အနက်စက်ကလေးကတဆင့် ရေစိုနာအကွက်ဖြစ်လာတယ်။ အဲ့ဒါက တရစ်ချင်းချဲ့လာပြီး ဒေါင်းမြီးကွက်သဏ္ဍာန်ဖြစ်လာပါတယ်။

ဒါတွေဖြစ်လာပြီဆိုရင် အဇိုဇိစထိုဘင်၊ မက်တလက်ဇီး၊ ဒိုင်မီသိုမော့အုပ်စု တမျိုးမျိုး ဖျန်းပေးနိုင်ပါတယ်။

ဆိုလိုတာက မှိုကြောင့်ဖြစ်တာဆိုရင် ဆီစွန်းလိုလို၊ ရိုးမဲလိုလို လက္ခဏာနဲ့ စလာတတ်ပေမယ့် မှိုသတ်ဆေးတွေနဲ့ ကုစားလို့ရနိုင်တယ်ဆိုတာပါ။

၂။ ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါ (Xanthomonas campestris pv)

 

ဆီစွန်း၊ ရိုးမဲ၊ဆစ်ပြုတ် ရောဂါရဲ့ အဓိကဇာတ်ဆောင်က ဇင်သိုမိုးနပ်စ် ဘက်တီးရီးယားပါ။

မှိုကြောင့်ဖြစ်တာမဟုတ်လို့ မှိုသတ်ဆေး ဖျန်းလို့မရပါ။ တကယ်တမ်း ပြောရရင် ကော့ပါးနဲ့ ကာဆူဂါမိုင်စင်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။

ဆိုတော့ ကြိုတင်ကာကွယ်ရုံသာ ကောင်းပါတယ်။

ဘက်တီးရီးယားတွေဟာ အပင်တစ်ရှူးထဲမှာ ရေကူးသလို ကူးစက်မြန်ပါတယ်။ အရွက်တရွက်မှာ မညီမညာ ဒေါင့်ကွက်ပုံ ရေစိုနာတွေ့တာနဲ့ ဆေးဖျန်းဖို့ ပြင်ပြီးသားဖြစ်ရပါမယ်။

ရိုးမဲလက္ခဏာကလည်း အစိုနာဖြစ်နေပါတယ်။ (မှိုရောဂါ/ကြိုးချည်နေရာ ရိုးမဲ ဆိုရင်တော့ ခြောက်ပြီးမဲတာမျိုးပါ)

ဘက်တီးရီးယားကို သတ်ပေးနိုင်တဲ့ antibiotics တွေကတော့ တက်ထြာဆိုက်ကလင်း၊ စထရက်တိုမိုင်စင်နဲ့ menadione တို့ ဖြစ်ပါတယ်။

(နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေး အကူအညီရယူသင့်ပါတယ်)

 

ကြိုတင်ကာကွယ်ခြင်းသည် ပထမ

ကွမ်း ဆီစွန်း၊ ရိုးမဲရောဂါ ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းကိုလည်း သိဖို့လိုပါတယ်။

ရေသွင်းများခြင်း။   ။ ကွမ်းပင်ဟာ ရေသောက်မြစ်မပါလို့ ရေအများကြီး သွင်းတာမကြိုက်ပါဘူး။ ပင်စည်တလျှောက်မှာ တွယ်ကပ်မြစ်တွေပါလို့ အပေါ်ဖျန်းရေကို ကြိုက်ပါတယ်။

မလိုအပ်ပဲ ရေညှိတက်အောင် ရေပေးခြင်းမျိုးတွေဟာ ရောဂါ အားပေးစေပါတယ်။

နိုက်ထြိုဂျင်များခြင်း။ ။ အရွက်စားသီးနှံမို့ နိုက်ထြိုဂျင်လိုအပ်ပါတယ်။ သို့ သော် အထွက်တိုးလိုဇောနဲ့ ယူရီးယားတွေ ၁၅ပတ်လည် ကျွေးခြင်းတွေဟာ ရောဂါနဲ့ ပိုးကိုဖိတ်ခေါ်ရာ ရောက်တတ်ပါတယ်။

ဒီတော့ ကွမ်းပင် သက်တမ်းရှည်ရှည်ထားချင်ရင် သဘာဝမြေဆွေးနဲ့ နုန်းမြေသာ ကျွေးသင့်ပါတယ်။ 

လေဝင် လေထွက်နည်းခြင်း။  ။ ပင်ကြား၊ တန်းကြားစိတ်ခြင်း၊ လေးဖက်အကာအရံ ပိတ် လှောင်ခြင်း၊ အမိုးထူလွန်းခြင်းတွေဟာ ရောဂါကူးစက်ပျံ့ပွားလွယ်စေပါတယ်။

ဒီတော့ ရာသီဥတုအခြေအနေအရ အဖွင့်အပိတ်၊ အထူအပါးကို လိုသလို ပြုပြင်ပေးသင့်ပါတယ်။

ပြုစုမှု အားနည်းခြင်း။  ။ စျေးနှုန်းမကောင်းလို့၊ အလုပ်မအားလို့ဆိုတဲ့ အကြောင်းများ ကြောင့် ကွမ်းခြံကို လနဲ့ချီပစ်ထားပြီး စျေးတက်လာမှ အားဆေး၊ မြေဆီကျွေး ပြုလုပ်ခြင်း ကလည်း ရောဂါမွေးရာ ရောက်ပါတယ်။

ဆရာတယောက် ပြောဖူးပါတယ်။

ကွမ်းခြံတည်တယ်ဆိုတာ မယားငယ်ယူရသလိုပဲ။ တစိမ့်စိမ့်ကြည့်ပြီး သူလိုအပ်တာလေး တွေ ပြုစုယုယပေးမှ သူကလည်း ကိုယ့်ကို ပြန်ချစ်ပါသတဲ့။

ကဲ..ဒီတော့ .. ကွမ်းဆရာများ...သူ့အချစ်ကိုလိုချင်ရင် ကိုယ့်အချစ်ကိုလည်း ပြန်ပေးဖို့ မ မေ့ကြနဲ့ဦးနော်..။ 

ကွမ်းစိုက်တောင်သူများ ကွမ်းစျေးကောင်းပြီး ကွမ်းထွက်ကောင်းကြပါစေ..။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Continue reading related topics, questions and articles.

Nainglinshwe

Nainglinshwe

10 months ago

ကွမ်အမြစ်ပုတ်ပြီးသေနေလို့ဘာဆေးဖျန်ရမလည်ဆရာ

zaw htet

zaw htet

1 year ago

အကိူအပေါ်ကရေးထားတ့ဲဆေးကဘယ်နုန်းထားလောက်သုံးရလဲအကို

ko paing

ko paing

2 years ago

ကျေးဇူးအထူးတင်ပါတယ်

paing

paing

3 years ago

hi

မအေးအေးခိုငိ

မအေးအေးခိုငိ

3 years ago

သုံးရန်ဆေး

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....