ပင်လယ်ထဲက မိုက်ခရိုပလတ်စတစ်များ
မိုက်ခရိုပလတ်စတစ်(Microplastics)ဆိုသည်မှာ ကျွန်ုပ်တို့၏ သမုဒ္ဒရာများတွင်ရှိပြီး အရွယ်အစား ၅ မီလီမီတာအောက်ရှိသော ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ ထိုမိုက်ခရိုပလတ်စတစ်များကြောင့် ပင်လယ်သမုဒ္ဒရာရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး အစာကွင်းဆက်ကိုလည်း ဆိုးရွားစွာအန္တရာယ်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း ၄င်းတို့ကို“ပင်လယ်ထဲက အသံတိတ်လူသတ်သမား”ဟု တင်စားခေါ် ဝေါ်ကြသည်။
စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုအားနည်းခြင်းသည် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ကို သတိပြုရမည်။ ထိုအမှိုက်များ ရေထုထဲသို့ ရောက်လာပုံရောက်လာနည်း ၃မျိုးရှိပါသည်။
- လူသားတို့၏ အမှိုက်များကို ရေထုထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မဆင်မခြင်စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ထိုအမှိုက်များ ရောက်ရှိလာရခြင်း၊
- သဘာဝဘေးအန္တရာယ်များကြောင့် ရေထုထဲသို့ ဝင်ရောက်လာခြင်း (ဥပမာအားဖြင့်-မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း) နှင့်
- လူသားများ အဝတ်လျှော်သည့်အခါ အထူးသဖြင့် စက်ဖြင့်အဝတ်လျှော်သည့်အခါ အဝတ်အထည်များ လျှော်ဖွပ်ခြင်းတို့ကြောင့် ပလတ်စတစ်ဖိုင်ဘာအမျှင်လေးများ (Plastic Fibers)ထွက်ရှိလာသည်။ ထိုအမျှင်များကို ရေဆိုးထုတ်ခြင်းမှတစ်ဆင့် မြောင်းသို့ရောက်ရှိကာ နောက်ဆုံးပင်လယ်သမုဒ္ဒရာ ထဲသို့ ရောက်သွားသည့်အချိန်တွင် မိုက်ခရိုပလတ်စတစ်များအဖြစ်သို့ ပြောင်းလဲသွားပါသည်။

၄င်းဖိုင်ဘာတို့သည် များသောအားဖြင့် Synthetic materials များဖြစ်သည့် ပိုလီအီစတာ(Polyester)နှင့် နိုင်လွန် (Nylon)များဖြင့် ပြုလုပ်ထားပြီး ရေဆိုးအဖြစ်စွန့်ထုတ်ခြင်းဖြင့် ပါဝင်သွားလေ့ရှိသည်။ ထိုမျှသာမက လူသားတို့ နေ့စဥ်အသုံးပြုနေကြသည့် တစ်ကိုယ်ရည်သုံးအလှကုန်ပစ္စည်းများ(Cosmetic Products)များဖြစ်သည့် သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးအစားများ(exfoliating scrubs)ထဲတွ င် plastic beads ဟုခေါ်သည့် သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများ ပါဝင်ပါသည်။ ထို plastic beads များသည် သန့်စင်ခြင်း၊ဆေးကြောခြင်းတို့အတွက် အထောက်အကူပြုသော်လည်း ၄င်းတို့ကို ရေနှင့်အတူ ဆေးကြောလိုက်သည့်အခါ မြောင်းရေများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များအပေါ် ဆိုးကျိုးများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။
ထိုကဲ့သို့ တစ်နည်းနည်းဖြင့် ရေထုထဲသို့ ရောက်ရှိလာသော စွန့်ပစ်ပလတ်စတစ်အမှိုက်များတွင် ရေသန့်ဗူးခွံများ၊ ပလတ်စတစ်အိတ်များ၊ တစ်ခါသုံးကြွပ်ကြွပ်အိတ်များ၊ အစားအစာထုတ်ပိုးသည့် ပလတ်စတစ်များ၊ တစ်ခါသုံးခွက်၊ ပန်းကန်များ၊ ပလတ်စတစ်ဇွန်းခက်ရင်းများ၊ ပိုက်များနှင့် ဆေးလိပ်တို့ခွက်စသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှာ အများဆုံးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဥ် ပလတ်စတစ်အမှိုက်တန်ချိန် ၃၈၁ သန်းကို စွန့်ထုတ်နေပြီး ၂၀၃၄ ခုနှစ်တွင် နှစ်ဆတိုးမည်ဟု ခန့်မှန်းထားသည်။ ၄င်းစွန့်ပစ်ပစ္စည်းများသည် မြစ်ချောင်း၊ အင်းအိုင်မြောင်းတို့မှတစ်ဆင့် ပင်လယ်သမုဒ္ဒရာသို့ရောက်ရှိပြီး နေရောင်ခြည်၊ ပင်လယ်လေနှင့် ဆားငန်ရည်တို့ဖြင့် ထိတွေ့မှုအချိန်ကြာမြင့်သည့်အခါ သေးငယ်သော ပလတ်စတစ်အမှုန်အမွှားအဖြစ် ကွဲထွက်ပြီး”breakdown” ပြောင်းသွားပါသည်။၄င်းဖြစ်စဥ်ကို degradation သို့မဟုတ် fragmentation ဟု ခေါ်ပါသည်။
ယနေ့တွင် သမုဒ္ဒရာအတွင်းရှိ မိုက်ခရိုပလတ်စတစ် အရေအတွက်ကို အတိအကျခန့်မှန်းရန်ခက်ခဲသော်လည်း အချို့သောလေ့လာမှုများအရ မိုက်ခရိုပလတ်စတစ်များကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရပြီး သမုဒ္ဒရာအားလုံးတွင်ရှိနိုင်သည်ဟု လေ့လာမှုများက ဖော်ပြနေကြသည်။ သုတေသနလေ့လာမှုတစ်ခုအရ သမုဒ္ဒရာထဲတွင် မိုက်ခရို ပလတ်စတစ်အမှုန်များ ၁၅ ထရီလီယံမှ ၅၁ ထရီလီယံကြား ရှိပြီး စုစုပေါင်းအလေးချိန် ၉၃၀၀၀ မှ ၂၃၆၀၀၀ မက်ထရစ် တန်ရှိနိုင်ကြောင်းခန့်မှန်းထားသေးသည်။ ထိုထဲတွင် ၅၀ ရာခိုင်နှုန်းမှာ တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြစ်ပြီး ၄င်းတို့မှ ၉ ရာခိုင်နှုန်းကိုသာ ပြန်လည်တီထွင်အသုံးပြု(Recycle)နိုင်သေးသည်။ Condor ferries UK ၏ ထုတ်ပြန်ချက်အရ ယခုအခါ ကျွန်ုပ်တို့၏ သမုဒ္ဒရာထဲတွင် မက်ခရိုနှင့် မိုက်ခရိုပလတ်စတစ်အပိုင်းအစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် အပိုင်းအစ ၄၆၀၀၀ ရှိကာ တန်ချိန် ၂၆၉၀၀၀ အထိရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် နေ့စဥ် ပလတ်စတစ်အပိုင်းအစ ၈ သန်းခန့်သည်လည်း သမုဒ္ဒရာများထဲသို့ စိမ့်ဝင်လျက်ရှိပါသည်။
ပင်လယ်ထဲတွင် မျောပါနေသော The Great Pacific Garbage Patch ဟုခေါ်သည့်“ပလတ်စတစ်အမှိုက် ပင်လယ်လှိုင်း”ကြီးသည် စတုရန်းကီလိုမီတာ ၁ဒသမ ၆ မီလီယံအကျယ်ရှိပြီး အမေရိကန်နိုင်ငံ၏ တက္ကဆက်ပြည်နယ်ထက်ပိုမိုကြီးမားလျက်ရှိပါသည်။ ကိန်းဂဏန်းများကို ဆက်လက်လေ့လာရလျှင် ကမ္ဘာပေါ်တွင် တစ်မိနစ်ကို ပလတ်စတစ်အိတ် ၁ သန်းစွန့်ပစ်လျက်ရှိပြီး ၁ သန်းသောပင်လယ်ပျော်ငှက်များနှင့် ၁၀၀၀၀၀ သော ရေနေသတ္တဝါများသည် ထိုပင်လယ်ထဲရှိ ပလတ်စတစ်အမှိုက်များကြောင့် နှစ်စဥ်သေဆုံးလျက်ရှိနေသည်ဟု သိရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....