Green Way
အထူးအဆန်းဖြစ်သွားအောင် ပြောင်းဖူးနဲ့ ဝိုင်လုပ်ကြည့်မလား?

အထူးအဆန်းဖြစ်သွားအောင် ပြောင်းဖူးနဲ့ ဝိုင်လုပ်ကြည့်မလား?

   သစ်သီးဝလံအများစုက ကျန်းမာရေးအတွက်ကောင်းမွန်သည့်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့်လည်း အနည်းဆုံးတော့ ဝိုင်ထုတ်လုပ်နိုင်ပါတယ်။ အခုမှာဆိုရင်လည်း အထူးအဆန်းလေးဖြစ်သွားအောင်  ပြောင်ဖူးဝိုင်လုပ်နည်းကိုလေ့လာကြည့်ကြရအောင်။

လိုအပ်သောပစ္စည်းများ

- ပြောင်း ၁ပိဿာ

- သကြား  ၁ ပိဿာ

- စပျစ်ခြောက် ၁ ပိဿာ

- သံပုရာသီး ၂ လုံး

- လိမ္မော်သီး ၂ လုံး

- ရေ တစ်ဂါလံ

- တစေး

ပြောင်းကိုအစေ့နွှင်ပြီး တစ်ညရေစိမ်ပေးပါ။ ရေစိမ်ပြီးနောက် အချဉ်ဖောက်မည့်အိုးထဲထည့်ပါ။ ပါးပါးလှီးထားသော သံပုရာသီး၊ လိမ္မော်ရည်နှင့် သကြားတို့ကိုလည်းထည့်ပေးပါ။ 

ပြီးလျှင် ရေပွက်ပွက်ဆူထဲလောင်းထည့်ပြီး သကြားများကြေအောင် နှံ့နှံ့စပ်စပ်မွှေပေးပြီး ဇကာထဲဖြန့်၍အအေးခံပေးပါ။

အအေးခံပြီးနောက် တစေးထည့်မွှေပြီး အဖုံးလုံအောင်ပိတ်ကာ အနွေးဓာတ်ရှိသောနေရာတွင် သုံးပတ်ထားပေးပါ။ 

ထို့နောက် ရေစစ်ဖြင့်အရည်များစစ်ထုတ်ပြီး ပုလင်း(သို့) အိုးထဲထည့်ကာ လေလုံအောင်အဖုံးပိတ်ထားပေးပါ။ 

နွေးသောနေရာတွင်ထားကာ အချဉ်ဖောက်ပေးပါ။ အချဉ်ဖောက်ခြင်း ပြီးဆုံးသွားသောအခါ သန့်စင်သောပုလင်းထဲသို့ ထည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ကြည်လင်ပြီး အရသာကောင်းတဲ့ ပြောင်းဝိုင်လေးကိုရရှိမှာဖြစ်ပါတယ်။

ကျော့နန္ဒာစိုး

ကိုးကားချက်- http://www.wine-making-guides.com/maize_wine.html

 

Continue reading related topics, questions and articles.

ဇွဲထွဋ်ခေါင်

ဇွဲထွဋ်ခေါင်

4 years ago

တစေးကိုဝယ်ရင်ဖန်တာစီတာရှိလာဆေးဆိုင်မှာရောပြေဝယ်လိုရလား

ဥိးစံကျော်

ဥိးစံကျော်

5 years ago

တဆေးကဘယ်လောက်အချိုန်ကျပ်သားထည့်ရမှာလဲအကြံပေးပါအုံးဆရာမရယ်

win htut

win htut

5 years ago

တစေးမတွေ့ဖူးသေးပါနမူနာလေးပြပေးပါ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....