မြစ်ကြီးနားထောပတ်သီး (သို့) တရုတ်ဈေးကွက်နဲ့နီးတဲ့ ဒေသထွက်ကုန်အမယ်သစ်တစ်ခု
တရုတ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ပိုက်တီးနဲ့ နေ့ချင်းပြန်သွားနိုင်တဲ့ အကွာအဝေးမှာရှိတဲ့ မြစ်ကြီးနားမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစလို့ ဒေသထွက်ကုန်အမယ်သစ်တစ်ခု စတင်စိုက်ပျိုးလာခဲ့ပါတယ်။
အဲ့ဒါကတော့ ဒေသတွင်းက ဥယျာဉ်ခြံတွေမှာ စိုက်ပျိုးလာတဲ့ ထောပတ်သီးပင်တွေပါပဲ။
၂၀၂၂ ထောပတ်ရာသီရဲ့ အခုလိုပန်းပွင့်ချိန်မှာတော့ သက်တမ်းအရ ထောပတ်အပင်တွေပိုပြီး ဖူးပွင့်လာကြပါပြီ။ ဆိုတော့ အသီးအထွက်နှုန်းတွေ ကောင်းမွန်လာနိုင်ဖို့ ထောပတ်သီးပင်စိုက်တောင်သူတွေ မျှော်လင့်လာကြပါပြီ။
ဒီလို မြစ်ကြီးနားမြို့နယ်ထဲ ထောပတ်သီး စီးပွားဖြစ် ထုတ်လုပ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး မြစ်ကြီး နားမြို့ မိုင် ၂၀ ဥယျာဉ်ခြံရှင်ဖြစ်သူ ဦးအောင်ရွှေက အခုလို ရှင်းပြပါတယ်။
“သီးတာကတော့ Hass ,Bucaneea ၂ မျိုးပဲ ကျွန်တော့်ဆီမှာ များပါတယ်။ ကြီးတာကတော့ မနှစ်ကတော့ ဘာကေးနီးယားကတော့ အလုံးလည်းကြီးတယ်။ Hass ကျတော့ သူက အလုံးလည်း နည်းနည်းသေးတယ်လေ။ အဲ့ဒါနဲ့ တစ်ဝက်စီလောက်တော့ သီးတယ်။ သီးတာကတော့ မနှစ်က ၁၀ ပင်လောက်ပဲ သီးတာ။ မနှစ်ကမှ ကောင်းကောင်း အလုံး တစ်ထောင်၊ နှစ်ထောင်လောက်သီးပါတယ်။ မနှစ်က နည်းနည်းတော့ စားရတာပေါ့။ ဒီနှစ်က အပင်တွေ တော်တော်များများ ပန်းပွင့်တာကိုတွေ့ရပါတယ်။ ဒီနှစ်တော့နည်းနည်းပိုရမယ်လို့ ထင်ပါတယ်”
မြစ်ကြီးနားမြို့နယ်အတွင်း တရုတ်နိုင်ငံဈေးကွက်ကိုတင်ပို့နိုင်ဖို့ နှစ်ရှည်သီးနှံအပင်တွေကို အများအပြား စိုက်ပျိုး လာကြတာပါ။
ဒီလိုစိုက်ပျိုးထုတ်လုပ်ရာမှာ ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်များရရှိနိုင်ရန်နဲ့ လယ်ယာဘေးထွက်ပစ္စည်းများမှ သဘာဝ မြေသြဇာများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ အသုံးပြုနိုင်ဖို့တွေကိုတော့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။
မြစ်ကြီးနားမြို့နယ်အနီးတဝိုက်ရှိ ထောပတ်ခြံများကို မိုင်နှစ်ဆယ်၊ ပလန၊ နန်မ်ကျင်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တွေ့ရမှာဖြစ်ပြီး Buccaneer, Lamb Hass, Hass, Reed, Boot – 7, Peterson, Zutano, Bacon, Fuerte, Gem, 034 စတဲ့ ပြည်ပမှ တင်သွင်းလာတဲ့ မျိုးများကို ကိုင်းကူးကိုင်းဆက်နည်းဖြင့် ရွေးချယ်စိုက်ပျိုးထားတာကို တွေ့ရ ပါတယ်။
ဒေသအတွင်းရှိ ထောပတ်ခြံသစ်များမှာ ထောပတ်အပင်ရေ ၃၀၀၀ ကျော် စိုက်ပျိုးထားပြီး ၂၀၂၁ ခုနှစ်အတွင်း ကတော့ သက်တမ်းငါးနှစ်ရှိလာပြီဖြစ်တဲ့ ထောပတ်ပင်များမှ အလုံးရေ နှစ်ထောင်ခန့်ကို မြစ်ကြီးနား ဈေးကွက် တင်ပဲ ဖြန့်ဖြူးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
အရင်က ထောပတ်သီးဆိုရင် ရှမ်းပြည်နယ်ကသာအထွက်များတဲ့ ထွက်ကုန်တစ်ခုလို့ အများစုက သိထားကြတာ ဖြစ်ပြီး အခုတော့ ကချင်ပြည်နယ်ရဲ့ထွက်ကုန်အမယ်သစ်တစ်ခုအနေနဲ့ပါ ပေါ်ထွက်လာပြီဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Khun Htun Naung
4 years agoဈေးနှုန်းလေးသိပါရစေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဂျာနူး
See all
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023